ကမ်းနားလမ်းအငှားအိမ်ရာ မန်းစည်ပင်ကြပ်မတ်မည် - Property News in Myanmar from iMyanmarHouse.com
1068 Views

ကမ်းနားလမ်းအငှားအိမ်ရာ မန်းစည်ပင်ကြပ်မတ်မည်

မန္တလေးမြို့ အနောက်ဘက် ကမ်းနားလမ်းတွင် ကျူးကျော်နေထိုင်သည့် အိမ်ထောင်စုများအတွက် မြို့တော်စည်ပင်သာယာရေး ကော်မတီက တည်ဆောက်ပေးသော အငှားအိမ်ရာများကို ပြန်လည်ငှားရမ်း၊ ရောင်းချကြောင်း စစ်ဆေးတွေ့ရှိရပါက ပြန်လည်သိမ်းဆည်းမည်ဟု စည်ပင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းသို့ ပြန်လည် သိမ်းဆည်းနိုင်ရန်အငှား အိမ်ရာများတွင် နေထိုင်သူများ၏ အမည်စာရင်းကို ကောက်ယူနေကြောင်း၊ ယင်းအိမ်ရာအတွင်းရှိ ကျူးကျော်နေအိမ်များကို စတင်ရှင်းလင်းနေပြီ ဖြစ်ကြောင်း မြို့တော်စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဆန်းမြင့်က ယခုသီတင်းပတ်တွင် မြန်မာတိုင်း(မ်)ကို ပြောသည်။

''ပြန်ရောင်းထားတဲ့ အခန်းတွေဆိုတာ ပေါ်လွင်ရင် ပြန်သိမ်းမယ်၊ အခုတော့ အဲဒီနေရာက ကျူးကျော်တွေကို အရင်ဆုံး စတင်ရှင်းလင်းနေတယ်''ဟု ဦးကျော်ဆန်းမြင့် ကပြောသည်။မြို့တော်စည်ပင်သာယာရေး ကော်မတီက ဧရာဝတီမြစ်ကမ်းဘေးတွင် ယာယီတဲငယ်များဖြင့် အခြေချ နေထိုင်သူများအတွက် ၂ဝ၁၅ ခုနှစ်အတွင်းက စတင်ပြီး ၁၂ ခန်းတွဲခြောက်ထပ်ပါ တိုက်အလုံးပေါင်း ၂၂ လုံး၊ တိုက်ခန်း စုစုပေါင်း ၁,၆ဝဝ နီးပါးကို တည်ဆောက်ပေးခဲ့သည်။

''စာရင်းကတော့ ကောက်နေတုန်းပဲရှိသေးတာပေါ့။ တစ်အိမ်တက်ဆင်း ကောက်တယ် သူနေရာနဲ့သူ နေထိုင်ရေး အဆင်ပြေအောင် ချထားပေးတာကို တစ်ဆင့်လွှဲပြောင်းတာမျိုး ရောင်းချထားတာမျိုးရှိခဲ့မယ်ဆိုရင် ဖယ်ရှားသွားမှာပါ''ဟု ဦးကျော်ဆန်းမြင့်က ပြောသည်။ကမ်းနားရှိ အငှားအိမ်ရာများသည် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသည်သာမက၊ သုံးစွဲသည့် နေရာများအဖြစ်ပါ သတင်းကျော်စာသည့် နေရာတစ်ခုဖြစ်လာသည်။ သြဂုတ်လ ၂ဝ ရက်က အဆိုပါ နေရာတစ်ဝိုက်ကို ရဲတပ်ဖွဲ့ဝင် အများအပြားဖြင့် အာဏာပိုင်များက ဝင်ရောက်စစ်ဆေး ရှာဖွေခဲ့ပြီး၊ မူးယစ်ဆေး သုံးစွဲနေသူအချို့ကို ဖမ်းဆီးခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က နိုင်ငံ့အကြီးအကဲ ဖြစ်လာပြီးနောက် တစ်နိုင်ငံလုံးကို ထိခိုက်စေသည့် မူးယစ်ဆေးဝါးကို ထိထိရောက်ရောက် ကိုင်တွယ်နှိမ်နင်းမည်ဟု ကြေညာခဲ့သည်။ သမ္မတရုံးသို့ တိုက်ရိုက် တိုင်ကြားနိုင်သည့် ဌာနတစ်ခုကို ဖွင့်လှစ်ခဲ့ပြီး၊ တိုင်ကြားမှုအလိုက် ဖမ်းဆီးမှုများကို ခပ်စိတ်စိတ် ပြုလုပ်လာသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းတွင်လည်း မူးယစ်ဆေးဝါးနှိမ်နင်းရေး စီမံချက်များ ဖိဖိစီးစီး ဆောင်ရွက်လာသည်။ကမ်းနားလမ်းအငှားအိမ်ရာများသို့ စီးနင်းရှာဖွေမှုပြုလုပ်ပြီးနောက်ပိုင်း စည်ပင်သာယာရေး ကော်မတီကအိမ်ရာများကို ငှားရမ်းထားသည့် ယခင်ကျူးကျော် မိသားစုများ အမှန်တကယ် နေထိုင်ခြင်း ရှိ၊ မရှိ စိစစ်ရန် လုပ်ဆောင်လာခြင်းဖြစ်သည်။

ကမ်းနားတစ်လျှောက်ရှိ ဆိပ်ကမ်း၊ အစိုးရမြေ၊ စည်ပင်သာယာရေးကော်မတီက စီမံခန့်ခွဲပိုင်ခွင့်ရှိသည့် မြေနေရာများတွင် ယာယီတဲဖြင့် နေထိုင်ပြီး၊ သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးများတွင် ဧည့်စာရင်း တိုင်ကြားထားသည့် အိမ်ထောင်စုဇယားနှင့် အမျိုးသားမှတ်ပုံတင် ရှိသူများကို မဲစနစ်ဖြင့် ၂ဝ၁၆ ခုနှစ်အတွင်းက တစ်လလျှင် ကျပ်သုံးသောင်းနှုန်းဖြင့် အငှားချထားပေးခဲ့ခြင်း ဖြစ်သည်။

ငှားရမ်းစဉ်က ပြန်လည်ရောင်းချခြင်း၊ ပြန်လည်ငှားရမ်းခြင်းမပြုရန် တားမြစ်ထားသည်။ယင်းအငှားတိုက်ခန်းများတွင် အမှန်တကယ် နေထိုင်သူများ ရှိသကဲ့သို့ မူးယစ်ဆေးဝါး သုံးစွဲသူများကို တစ်လလျှင် တိုက်ခန်းငှားခ ကျပ်ငါးသောင်းမှ ကျပ်ရှစ်သောင်းဝန်းကျင်ခန့်အထိ ငှားရမ်းပေးသူများလည်း ရှိကြောင်း ယင်းတိုက်ခန်းတွင် နေထိုင်ပြီး၊ အမည်မဖော်ရန် မေတ္တာရပ်ခံထားသည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

စည်ပင်သာယာရေးကော်မတီက အငှားအိမ်ရာကို ၂ဝ၁၇ အတွင်း စစ်ဆေးခဲ့ပြီး၊ မြို့တော်ဝန်ဒေါက်တာ ရဲလွင်က တွေ့ရှိချက်များကို လွှတ်တော်သို့ ဖြေကြားခဲ့သည်။စစ်ဆေးသည့် ရလဒ်များအရ ယခင်ကျူးကျော်မိသားစုဖြစ်ခဲ့ပြီး၊ အခန်းမဲပေါက်ကာ ကိုယ်တိုင်နေထိုင်သည့်အခန်း ၉၂ဝ ခန့်ရှိသည်။ လူနေထိုင်ခြင်းမရှိဘဲ သော့ခတ်ထားသည့် အခန်း ၈၁ ခန်းနှင့် ပြန်လည် ရောင်းချထားသည့် အခန်း ၅၉ ခန်းရှိခဲ့သည်။ဥပဒေနှင့် အညီနေထိုင်ခြင်းမရှိသူများကို ဖယ်ရှားဆောင်ရွက်မည်ဆိုပါကာ နစ်နာသူများရှိလာနိုင်သည့် အတွက် ယင်းတိုက်ခန်းတွင် နေထိုင်သူများကို အသိပညာပေးမှုများ ကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်ရန် အဖွဲ့အစည်း ပေါင်းစုံ ပူးပေါင်းဆောင်ရွက်စေသင့်ကြောင်း အောင်မြေသာစံမြို့နယ်ကိုယ်စားပြု၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဦးက ပြောသည်။

''အဲဒီမှာနေတဲ့ လူတွေရဲ့ ပုံစံမျိုးစုံကို နားလည်မှစည်ပင်ရဲ့ဆောင်ရွက်ချက်တွေကို လူတွေနားလည်နိုင်မယ်။ အဲဒီမှာရှိတဲ့ Society (လူမှုအသိုင်းအဝိုင်း) ကလည်းနည်းနည်း ရှုပ်ထွေတဲ့ပုံစံဖြစ်တယ်။ နဂိုကတည်းက ဒုစရိုက်နယ်မြေဖြစ်တယ်။ အဲဒါကြောင့်လည်း တရားဥပဒေနဲ့ အညီမလုပ်နိုင်တာပေါ့''ဟု သူက ပြောသည်။ဥပဒေနှင့်အညီ ကြပ်မတ်ကိုင်တွယ်ပါက ဒုက္ခရောက်မည့်သူများရှိနေသဖြင့် ယခုကိစ္စကို အလေးအနက်ထား ကိုင်တွယ်သင့်သည်ဟု ၎င်းက ပြောသည်။

''ဥပဒေနဲ့ အညီလုပ်ရင် နစ်နာမယ့်လူတွေ ရှိနိုင်တယ်။တကယ် စစ်ဆေးတဲ့ အချိန်မှာလည်း သူတို့ကိုယ်တိုင်ကဥပဒေနဲ့အညီ မနေထိုင်တဲ့လူတွေ ဖြစ်နေတယ်။ အဲဒီတော့ ကျွန်တော်တို့ ကျတော့ ပြည်သူဘက်က ရပ်တည်ရမလား တရားဥပဒေဘက်က ရပ်တည်ရမလားဆိုတာ ဖြစ်လာတယ်။ ဘာပဲဖြစ်ဖြစ် ဥပဒေနဲ့အညီပဲဖြစ်စေချင်တယ်''ဟု ဒေါက်တာ ကျော်ဦးကပြောသည်။

 

Credit: The Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
Twilight ဇာတ်လမ်းတွဲများဖြင့် ကမ္ဘာကျော်ခဲ့သော ရုပ်ရှင်မင်းသမီး ခရစ္စတင်း စတီးဝပ်က သူ၏ လော့စ်အိန်ဂျလိမှ ဒေါ်လာ ၃ ဒသမ ၇ သ
Twilight ဇာတ်လမ်းတွဲများဖြင့် ကမ္ဘာကျော်ခဲ့သော ရုပ်ရှင်မင်းသမီး ခရစ္စတင်း စတီးဝပ်က သူ၏ လော့စ်အိန်ဂျလိမှ ဒေါ်လာ ၃ ဒသမ ၇ သ
မလေးရှားတွင် အမျိုးသမီးတစ်ဦးက ဘွဲ့ရပညာတတ်များမှာ အထက်တန်းကျောင်းသာ တက်ခဲ့ဖူးသူများထက် ပိုမိုယဉ်ကျေးသိမ်မွေ့မှုရှိကြောင်း
မလေးရှားတွင် အမျိုးသမီးတစ်ဦးက ဘွဲ့ရပညာတတ်များမှာ အထက်တန်းကျောင်းသာ တက်ခဲ့ဖူးသူများထက် ပိုမိုယဉ်ကျေးသိမ်မွေ့မှုရှိကြောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ

Upcoming Property Events

Innwa Pyae Sone Residence
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service