နေ့စဉ် ကုမ္ပဏီအသစ် ၁၀၀ ကျော် မှတ်ပုံတင်နေဟုဆို - Property News in Myanmar from iMyanmarHouse.com
1281 Views

နေ့စဉ် ကုမ္ပဏီအသစ် ၁၀၀ ကျော် မှတ်ပုံတင်နေဟုဆို

ကုမ္ပဏီဥပဒေသစ်အရ အွန်လိုင်းမှတ်ပုံတင်စနစ်ဖြင့် နေ့စဉ်ကုမ္ပဏီသစ် ၁ဝ၀ ကျော်မှတ်ပုံ တင်နေပြီး တစ်လအတွင်း ကုမ္ပဏီအသစ် ၁,၅၆၀ ကျော်ရှိလာသည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန် ကြားရေးမှူး ဦးမျိုးမင်းက ပြောကြားသည်။

အွန်လိုင်းစနစ်သုံး ကုမ္ပဏီ မှတ်ပုံတင်စနစ် (MyCo) ကို သြဂုတ် ၁ ရက်တွင် စတင်ကျင့် သုံးခဲ့သည်။ ထိုစနစ်အရကုမ္ပဏီများ ပြန်လည်မှတ်ပုံတင်ရပြီး အသစ်လျှောက်သူများသည်လည်း အွန်လိုင်းမှ တိုက်ရိုက်လျှောက်ထားရသည်။

‘‘ကုမ္ပဏီအသစ်ထောင်တဲ့ သဘာဝက လုပ်ငန်းထူထောင်လို တဲ့ဆန္ဒရှိတာ ဖော်ပြတာ။ နိုင်ငံ တိုင်းက ကုမ္ပဏီအသစ်ထောင် တာကို စောင့်ကြည့်ကြတယ်။ ကုမ္ပဏီအသစ်ထောင်တာ အရေအတွက် ကျသွားတယ်ဆိုတာ နိုင်ငံ့စီးပွားရေးကျတာပဲ။ အခုက ပုံမှန် ၁၀၀ ကျော်လောက်လျှောက် နေကြတယ်’’ ဟု ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီး ဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်က ပြောကြားသည်။

လက်ရှိတွင် ကုမ္ပဏီ ၆၀,၀၀၀ ကျော်ရှိပြီးဥပဒေသစ် အရ ပြန်လည်မှတ်ပုံတင်ရာတွင် လည်း ၅,၀၀၀ ကျော်လက်ခံပြီး ဖြစ်သည်ဟု ဆိုသည်။

ထို့ကြောင့် ဦးစီးဌာနတွင် ကုမ္ပဏီဥပဒေသစ်အရ မှတ်ပုံတင်ထားသည့် ကုမ္ပဏီ၇,၀၀၀ ကျော်ရှိနေသည်ဟု ဦးမျိုးမင်းက ပြောသည်။

ဥပဒေအသစ်တွင် ကုမ္ပဏီ၏ စီးပွားရေး ရည်မှန်းချက်ကို ထည့်သွင်းရန်မလိုခြင်း၊ ပြည်တွင်း၊ ပြည်ပကုမ္ပဏီဟူ၍ မခွဲခြားခြင်းတို့ကြောင့် ကုမ္ပဏီက လုပ်ငန်းအစီရင်ခံစာတင်ပြမှသာ စီးပွားရေးလုပ်ငန်းကို ခွဲခြားနိုင်မည် ဟု ဦးမျိုးမင်းကပြောသည်။

နှစ် ၁၀၀ ကျော်ကြာမြင့်နေသည့် ကုမ္ပဏီဥပဒေအသစ်ကို ၂၀၁၄ တွင် ပြင်ဆင်ရေးဆွဲပြီး ၂၀၁၇ တွင် အတည်ပြုပြဋ္ဌာန်းနိုင် ခဲ့သည်။ ထိုဥပဒေတွင် စီးပွားရေးလုပ်သာကိုင်သာရှိရေး ဖြေလျှော့မှု အများအပြား ပြုလုပ်ထားကြောင်း ဌာနကဆိုထားသည်။

 

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service