အိမ်ခြံမြေလုပ်ငန်များပြန်လည်ကောင်းမွန်လာစေရန် ၀ယ်ယူသူတွေအတွက် မက်လုံးဖြစ်စေမယ့် အခွန်အခများ သတ်မှတ်ရန်လိုအပ် - Property News in Myanmar from iMyanmarHouse.com
1196 Views

အိမ်ခြံမြေလုပ်ငန်များပြန်လည်ကောင်းမွန်လာစေရန် ၀ယ်ယူသူတွေအတွက် မက်လုံးဖြစ်စေမယ့် အခွန်အခများ သတ်မှတ်ရန်လိုအပ်

မြန်မာနိုင်ငံအတွင်းရှိအိမ်ခြံမြေလုပ်ငန်းများပြန်လည်ဦးမော့လာနိုင်ရန်အတွက် အစိုးရအနေဖြင့်ဝယ်ယူသူများမျက်စိကျနိုင်မည့်အခံန်အခများသတ်မှတ်ပေးရန်လိုအပ်ကြောင်း မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်း မှ ဥက္ကဌဦးရှိန်ဝင်းက ပြောသည်။

'' ဆောက်လုပ်ရေးလောကသားတွေ တောင်းဆိုနေတာက ကျွန်တော်တို့ကို အခွန်လျှော့ပေးဖို့ မဟုတ်ပါဘူး ၊ နိုင်ငံခြားသားအပါအ၀င် နိုင်ငံသားဝယ်ယူသူတွေ အားလုံး ကွန်ဒိုတွေကို ၀ယ်ယူနိုင်ဖို့အတွက် အရေးကြီးဆုံးအချိန်ရောက်နေပါတယ် ၊ ကွန်ဒိုဥပဒေ သာထွတ်ပြီး ကွန်ဒိုနာမည်တစ်ခုသာ ကျန်ခဲ့မယ့် အဖြစ်ဆိုးနဲ့ ကျန်ခဲ့မှာလည်း စိုးရိမ်ပါတယ် ၊ ၀ယ်ယူသူတွေအတွက် မက်လုံးဖြစ်စေမယ့် အခွန်အခတွေကို သတ်မှတ်ပေးဖို့လိုပါတယ်''ဟုပြောသည်။

နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာရရှိရန် ၊ နိုင်ငံသားများ အလုပ်အကိုင်အခွင့်အလမ်း ဆုံးရှုံးမှုမရှိရန် ၊ နိုင်ငံတကာနှင့်အညီ မြို့ပြအဆောက်အအုံများ ထိုက်ထိုက်တန်တန် ပေါ်ထွတ်လာစေရန် ဆောက်လုပ်ရေးအသင်းမှ တင်ပြခဲ့ခြင်းဖြစ်သည်။

ဒါ့အပြင် ကျဆင်းလျက်ရှိသည့် ဆောက်လုပ်ရေးလုပ်ငန်းများ ပြန်လည် တိုးတက်လာစေရန် အတွက် မကြာမီ ပြဋ္ဌာန်းခဲ့သည့် ကွန်ဒိုဥပဒေကို လမ်းဖွင့်ပေးနိုင်မည်ဖြစ်သလို ပြည်ပပို့ကုန်ကျဆင်းလျက်ရှိပြီး နိုင်ငံအတွင်း ဒေါ်လာရှားပါးသည့် ပြဿနာများကိုလည်း တစ်စိတ်တပိုင်းဖြေရှင်းပေးနိုင်မည်ဖြစ်သည်။

ယင်း ဥပဒေအရ ကွန်ဒိုမီနီယံတစ်ခုတွင် နိုင်ငံခြားသား ၀ယ်ယူပိုင်ဆိုင်မှုကို ၄၀ ရာခိုင်နှုန်း ခွင့်ပြုထားပြီးဖြစ်သည့် အတွက် ယင်းဥပဒေ အဆင်ပြေပြေဖြင့် အသက်ဝင်လာနိုင်ပါက ပြည်တွင်းသို့ ဒေါ်လာငွေများ အလုံးအရင်းဖြင့် စီးဝင်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ

Upcoming Property Events

Magical World
The Rich Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service