တန်ဖိုးသင့်အိမ်ခန်းတွေကိုတစ်ကြိမ်တည်း ငွေအကျေပေးသွင်းပါက အိမ်ခန်းတန်ဖိုးရဲ့ (၃)ရာခိုင်နှုန်းလျှော့ပေးမည် - Property News in Myanmar from iMyanmarHouse.com
3079 Views

တန်ဖိုးသင့်အိမ်ခန်းတွေကိုတစ်ကြိမ်တည်း ငွေအကျေပေးသွင်းပါက အိမ်ခန်းတန်ဖိုးရဲ့ (၃)ရာခိုင်နှုန်းလျှော့ပေးမည်

ရန်ကုန်တိုင်းဒေသကြီး အိမ်ရာစီမံကိန်း ရောင်းချရေး ကြီးကြပ်မှုကော်မတီက ရောင်းချတဲ့ အိမ်ရာဝယ်ယူခွင့် ရရှိသူတွေအနေနဲ့ ဒုတိယအုပ်စု ဝယ်ယူခွင့်ရရှိထားတဲ့ တန်ဖိုးသင့်အိမ်ခန်းတွေကို တစ်ကြိမ်တည်း ငွေအကျေပေးသွင်းပါက အိမ်ခန်းတန်ဖိုးရဲ့ (၃)ရာခိုင်နှုန်း လျှော့ပေးမှာဖြစ်ကြောင်း အိမ်ရာစီမံကန်း ရောင်းချကြီးကြပ်ရေးကော်မတီက သိရပါတယ်။

တိုက်ခန်းတွေကို ရှေးဦးစွာ စစ်ဆေးပြီး တိုက်ခန်းရယူမယ်ဆိုပါက မှတ်ပုံတင်မူရင်းနဲ့အတူ လူကိုယ်တိုင် အိမ်ခန်းဝယ်ယူငွေပေးသွင်းမှာဖြစ်ကြောင်း ဝန်ခံကတိပြုလွှာမှာလက်မှတ်ရေးထိုးရမှာ ဖြစ်ပါတယ်။ ဝယ်ယူခွင့်ရရှိသူတွေဟာ မြို့ပြနဲ့အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနကိုလာရောက်ဆက်သွယ်ပြီး ငွေပေးသွင်းမဲ့စနစ်ကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။

ဝယ်ယူတဲ့အခါမှာ ငွေအကျေပေးသွင်းနိုင်သလို ဒါမှမဟုတ် ဘဏ်ချေးငွေနဲ့ ချိတ်ဆက်ဝယ်ယူနိုင်ပါတယ်။ ငွေအကျေပေးသွင်မယ့်သူတွေက အိမ်ရာဖွံ့ဖြိုးရေးဌာနခွဲကို ဆက်သွယ်ပြီး ငွေသွင်းချလန်ထုတ်ယူပြီး မြန်မာ့စီးပွားရေးဘဏ်ခွဲ အမှတ်(၁)မှာ ငွေသွားရောက်ပေးသွင်းရမှာ ဖြစ်ပါတယ်။ အိမ်ခန်းတန်ဖိုးငွေအကျေပေးသွင်းပြီးပါက အိမ်ရာဖွံ့ဖြိုးရေးဌာနခွဲက အိမ်ပေါ်တက်ရောက်နေထိုင်ခွင့် အကြောင်းကြားစာ ထုတ်ပေးမှာ ဖြစ်ပါတယ်။ ရရှိပါက သက်ဆိုင်ရာ အိမ်ခန်းသော့တွေကို အိမ်ရာဖွံ့ဖြိုးရေးဌာနခွဲက ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။ဘဏ်ချေးငွေနဲ့ချိတ်ဆက်ဝယ်ယူမယ့်သူတွေက ပူးတွဲဆောက်လုပ်ရေး၊ အိမ်ရာနဲ့ အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ်ရဲ့ အိမ်ရာချေးငွေ လျှောက်ထားရေးလုပ်ငန်းစဉ်နဲ့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

အိမ်ခန်းဝယ်ယူခွင့်ရရှိသူက ကိုယ်တိုင်နေထိုင်ရမှာဖြစ်ပြီး (၅)နှစ်အတွင်း ချေးငွေနဲ့ဆောင်ရွက်တဲ့ အခန်းဖြစ်ရင် ငွေမကျေမချင်း တစ်ဆင့်ငှား၊ လွှဲပြောင်းရောင်းချခြင်းတွေ မပြုလုပ်ဖို့၊ ဝယ်ယူသူတွေဟာ အိမ်ခန်းဝယ်ယူတဲ့နေ့ကစပြီး သက်ဆိုင်ရာ အိမ်ရာစီမံခန့်ခွဲရေးကော်မတီက သတ်မှတ်ထားတဲ့ ရန်ပုံငွေနဲ့ အခွန်အခတွေကို ပေသွင်းရမှာ ဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ စည်းကမ်းတစ်ခုခုကို ဖောက်ဖျက်ရင် အိမ်ခန်းကို ပြန်သိမ်းယူမှာဖြစ်ပြီး အမည်ပျက်စာရင်း (black list) သတ်မှတ်ကာ အိမ်ခန်းတန်ဖိုး (၁ဝ)ရာခိုင်နှုန်းကို ဒဏ်ကြေးခုနှိမ်ပြီး ကျန်ငွေကို ထုတ်ပေးမှာဖြစ်ပါသည်။ အမည်ပျက်စာရင်း black list သတ်မှတ်ခံရရင် ထပ်ပြီး အိမ်ခန်းလျှောက်ထားခြင်းကို လက်ခံမှာ မဟုတ်ကြောင်း အိမ်ရာစီမံကိန်းရောင်းချရေးကြီးကြပ်မှုကော်မတီက သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အိမ်ရာစီမံကိန်းရောင်းချရေးကြီးကြပ်မှုကော်မတီက ဝယ်ယူခွင့်ရရှိသူတွေအနေနဲ့ တိုက်ခန်းငွေ ပေးသွင်းနိုင်ရေးနဲ့ အချက်အလက်တွေကို စိစစ်ဆောင်ရွက်ရန်အတွက် (၂၁-၈-၂၀၁၈)ရက်နေ့အထိ ရုံးချိန်အတွင်း မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး ဒုတိယထပ်ခန်းမကို အထောက်အထား စာရွက်စာတမ်းမူရင်းတွေနဲ့ လာရောက်ဆက်သွယ်ဖို့ အသိပေးထားပါတယ်။သတ်မှတ်ရက်အတွင်း လာရောက်ခြင်း မရှိသူတွေကို တိုက်ခန်းဝယ်ယူခွင့်စာရင်းက ပယ်ဖျက်သွားမှာဖြစ်ကြောင်း သိရပါတယ်။

 

Credit : The Kumudra

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
Twilight ဇာတ်လမ်းတွဲများဖြင့် ကမ္ဘာကျော်ခဲ့သော ရုပ်ရှင်မင်းသမီး ခရစ္စတင်း စတီးဝပ်က သူ၏ လော့စ်အိန်ဂျလိမှ ဒေါ်လာ ၃ ဒသမ ၇ သ
Twilight ဇာတ်လမ်းတွဲများဖြင့် ကမ္ဘာကျော်ခဲ့သော ရုပ်ရှင်မင်းသမီး ခရစ္စတင်း စတီးဝပ်က သူ၏ လော့စ်အိန်ဂျလိမှ ဒေါ်လာ ၃ ဒသမ ၇ သ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ

Upcoming Property Events

Magical World
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service