ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်များသို့ ယနေ့ ဒေါ်လာစတင်ထုတ်ချေးမည် - Property News in Myanmar from iMyanmarHouse.com
1921 Views

ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်များသို့ ယနေ့ ဒေါ်လာစတင်ထုတ်ချေးမည်

မြန်မာနိုင်ငံ ဗဟိုဘဏ် ကပုဂ္ဂလိကဘဏ်များသို့ ကန် ဒေါ်လာယနေ့စတင်ထုတ်ချေး မည်ဖြစ်ကြောင်း ဗဟိုဘဏ်တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဒေါ်လာသန်း ၂၀၀ ကို ပုဂ္ဂလိကဘဏ်များသို့ ကျပ်ငွေ အပေါင်ထားသောစနစ်ဖြင့် ထုတ်ချေးရန် စီစဉ်ထားပြီးငွေချေးလို သည့်ပုဂ္ဂလိကဘဏ်များက ဦးစွာ အဆိုပြုလွှာ တင်ပြရမည်ဖြစ် သည်။ ပုဂ္ဂလိကဘဏ်များက ချေးယူလိုသောဒေါ်လာပမာဏ ကို ဦးစွာအဆိုပြုရမည်ဖြစ်သည်။

‘‘ပထမအဆင့်အနေနဲ့ဘဏ်က ငွေပမာဏ ဘယ်လောက်ယူချင်တယ်ဆိုတာကို အဆိုပြုရမယ်။ ကိုယ်ယူချင်တဲ့ ပမာဏအကန့်အသတ်ကို လက်မှတ်ထိုးပြီး တင်ပြရမယ်။ ဒါကို ဗဟိုဘဏ်က စစ်ဆေးပြီးတဲ့နောက် နောက်ထပ်တစ်ဆင့် လောလောဆယ်ယူလိုတဲ့ ပမာဏကို တောင်းခံလွှာဖြည့်ပြီး ဘဏ်တွေကတင်ပြရမယ်’’ဟု ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

‘‘ကာလတိုချေးပေးတဲ့ အစီ အစဉ်က ကောင်းပါတယ်။ ဈေးကွက်ထဲကို အလျင်အမြန်ဖြန့်နိုင် တာပေါ့’’ဟု အငြိမ်းစားဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ၊ ကမ္ဘောဇဘဏ်အ ကြီးတန်းအကြံပေးပုဂ္ဂိုလ် ဦးသန်းလွင်က ပြောသည်။

ဗဟိုဘဏ်မှ ချေးငွေရယူ မည်ဆိုပါက ကာလတစ်ခုအတွင်း ပြန်လည်ပေးဆပ်ရမည်ဖြစ်သော ကြောင့် ပုဂ္ဂလိကဘဏ်များအနေ ဖြင့် လိုအပ်သည့် ပမာဏကိုသာ ချေးယူသင့်ကြောင်း ၎င်းက အကြံပြုသည်။

ဗဟိုဘဏ်က ပြည်တွင်းငွေ ကြေးဈေးကွက်တွင် ဒေါ်လာတန် ဖိုးမြင့်တက်ပြီး ကျပ်ငွေတန်ဖိုးကျ ဆင်းခြင်းကိုကုစားရန် ဒေါ်လာ ကို ပုဂ္ဂလိကဘဏ်များမှတစ်ဆင့် ငွေကြေးဈေးကွက်အတွင်းသို့ ထည့်သွင်းပေးရန် စီစဉ်နေခြင်း ဖြစ်သည်။

ယခုအခါ ဗဟိုဘဏ်က ပုဂ္ဂ လိကဘဏ်များသို့ နေ့စဉ်ဒေါ် လာရောင်းချပေးနေပြီး ဩဂုတ် ၂၃ ရက်တွင် ဒေါ်လာခုနစ်သိန်း ရောင်းချပေးခဲ့သည်။ ဗဟိုဘဏ် ကပုဂ္ဂလိကဘဏ်များအား ဒေါ် လာရောင်းချရာ၌ ရည်ညွှန်းငွေ လဲနှုန်းဖြင့် ရောင်းချခြင်းဖြစ်ပြီး ဩဂုတ် ၂၃ ရက်ရည်ညွှန်းငွေလဲ နှုန်းသည် တစ်ဒေါ်လာလျှင် ၁,၄၉၅ ကျပ်ဖြစ်သည်။

ဗဟိုဘဏ်က ပုဂ္ဂလိက ဘဏ်များအား ဒေါ်လာရောင်း ပေးနေသော်လည်း ဩဂုတ် ၂၃ ရက်ညနေဈေးပိတ်ချိန်တွင် တစ် ဒေါ်လာ ကျပ် ၁၅၂၀ သို့ပြန်တက် လာသည်။ နံနက်ဈေးဖွင့်ချိန်က ၁၅၀၅ ကျပ်ဈေးရှိသော်လည်း တစ်ရက်အတွင်းတစ်ဒေါ်လာ ၁၅ ကျပ်မြင့်တက်ခြင်းဖြစ်သည်။

ဗဟိုဘဏ်မှ ပမာဏများ သော ဒေါ်လာဈေးကွက်အတွင်း အမှန်တကယ်ရောက်ရှိလာပါက ဈေးကစားလိုသူများ လျော့နည်း ပြီး ဈေးကွက်ထိတ်လန့်မှုလည်း လျော့နည်းနိုင်ကြောင်း စီးပွားရေး လုပ်ငန်းရှင်အချို့က ပြောသည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ

Upcoming Property Events

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service