မိသားစုစီမံမႈ - Property Knowledge in Myanmar from iMyanmarHouse.com
2139 Views

မိသားစုစီမံမႈ

Knowledge | Posted by Shwe Zin Win

ပစ္စည်းရှင် မသေဆုံးမီ ပစ္စည်းရှင်နှင့် မိသားစုဝင်တို့၏ သဘောတူညီမှုဖြင့် ပစ္စည်းရှင်သေဆုံး သည့်အခါ အမွေပစ္စည်းများကို မည်ကဲ့သို့ ခွဲဝေယူကြမည်ဆိုသည့် စီမံမှု ၊ သို့မဟုတ် ပစ္စည်းရှင် ကွယ်လွန်ပြီးနောက်အမွေပစ္စည်းများကို မည်ကဲ့သို့ခွဲဝေယူကြမည်ဆိုသော မိသားတစ်စု၏ သဘောတူစီမံမှုကို မိသားစုစိမံမှု ဟူ၍ ခေါ်ဆိုသည်။

“ မိသားစုစီမံမှု” ကိုနူတ်ဖြင့် စီမံခန့်ခွဲနိုင်ကြောင်း စီရင်ထုံးမျာတွင် အညီအညွတ် ပြဆိုထားသည်။ စာဖြင့်ရေးသားပြီး မရွှေ့မပြောင်းနိုင်သောပစ္စည်းများပါဝင်လျှင် မှတ်ပုံတင်ဥပဒေအရ မှတ်ပုံတင်ရမည်။

“ မိသားစုစီမံမှု ” တွင်ပါဝင်သူများသည် အမွေပစ္စည်း၌ “ အခွင့်အရေးရှိသူများ ” ဖြစ်ရမည်။ ၄င်းပြင် ထိုသူများသည် စီမံမှုတွင် တာဝန်ရှိစေရန်အတွက် အချင်းချင်း သဘောတူညီမှုရှိရန် လိုအပ်ပေသည်။အမွေဆက်ခံခွင့်မရှိသူများ ပါဝင်ချုပ်ဆိုထားရာ အဆိုပါစာချုပ်သည် မိသားစုသဘောတူ အမွေခွဲဝေသည့် စာချုပ်မဖြစ်နိုင်ချေ။

ဤကဲ့သို့ စီမံမှုကို အကြောင်းပြု၍ အမွေခံ အမွေစားများသည် ပစ္စည်းရှင် ဖြစ်သူ မိဘမသေမီ ပစ္စည်းရရန် တရားစွဲဆိုခွင့် မရှိကြောင်း မသစ်နှင့် မမောင်တိုးအောင် စီရင်ထုံးတွင် တွေ့နိုင်သည်။

“ မိသားစုစီမံမှု” ကို အမွေခံတို့၏ သဘောတူညီချက်ဖြင့်ပြုလုပ်၍ ထိုစီမံမှုအတိုင်း ပစ္စည်းများ ခွဲဝေပြီးဖြစ်ပါက အဆိုပါ စီမံမှုကို ဖောက်ဖျက်ခွင့်မရှိပေ။ ထိုပြင် အဆိုပါစီမံမှုသည် တရားဥပဒေအရ တည်မြဲခိုင်မာခြင်း မရှိဟူ၍ လည်းငြင်းဆိုခွင့်မရှိပေ။ သို့ရာတွင်မိသားစုတစ်စု၏ စီမံမှုတွင် ပါဝင်သူ တစ်ဦးသည် သဘောတူညီမှုကို လွတ်လပ်စွာ ပေးခဲ့ခြင်း မဟုတ်သည့်ပြင်ပဋိညာဉ် မှာလည်း မျှတမှုလုံးဝ မရှိပါက လိမ်လည်ခြင်း သို့မဟုတ် မတရားသြဇာခံရခြင်းတို့ ရှိစေကာမှု အဆိုပါ “ မိသားစုစီမံမှု ” ကိုတရားရုံးမှ ပယ်ဖျက်ခွင့်ရှိသည်။ဆိုခဲ့ပြီးသော အမှုမျိုးတွင် မိသားစုဝင် တစ်ဦးက ပေးသမျှ ယူခဲ့ပြီး ၄င်း၏ ရသင့်ရထိုက်သော အစုကို စွန့်လွှတ်ရန်နူတ်ဖြင့် သဘောတူညီခဲ့စေကာမှု စီမံမှုသည် တည်မြဲခိုင်မာခြင်း မရှိပေ။

မိသားစု စီမံမှုဖြင့် အမွေခွဲဝေကြပြီးဖြစ်လျှင် အမွေမှုဆိုရန် မပေါ်ပေါက်တော့ချေ။ အမွေပုံကို မိသားစုစီင်္မံမှုအရညှိနိုင်းခွဲဝေယူကြရာတွင် အမွေဆိုင်အချင်းချင်း သဘောတူညီညွတ်မှုက အဓိကဖြစ် သည်။

အမွေဆိုင်များသည် တစ်ရပ်တစ်ကျေးစီတွင်သီးခြား နေထိုင်ကြရာဝယ် တစ်နေရာတည်းတွင်း စုစည်းဆုံတွေ့ကြရန်လွယ်ကူမည်မဟုတ်ပေ။ ထိုသို့တညီတညွတ်တည်း စုစည်းဆုံတွေ့မှသာ မိသားစု စီမံမှု အထမြောက်မည်ဆိုလျှင် အထမြောက်သည့် မိသားစုစီမံမှုတစ်ခုဖြစ်ရန်ခဲ့ယဉ်းပေလိမ့်မည်။ သို့ဖြစ် ၍ အမွေဆိုင် အစုံအလင် ပါဝင်ရမည် ဆိုရာတွင် ၄င်းတို့အားလုံး၏ ဆန္ဒ သဘောထားများ ပါဝင်ရမည် ကိုဆိုလိုခြင်း ဖြစ်သည်ဟု ကောက်ယူသင့်သည်။

သို့ဖြစ်ရာ ထိုသို့အမွေပုံ ကိုညှိနိုင်းခွဲဝေကြစဉ်က အကြောင်းကြောင်းကြောင့် ပါဝင်နိုင်ခြင်း မရှိသူကလည်း ထိုကဲ့သို့ခွဲဝေမှုကို သဘောတူကျေနပ်သည်ဟုဆိုလျှင် အမွေဆိုင်မစုံလင်သည်ကို အကြောင်းပြု၍ မိသားစုစီမံမှုသည် ပျက်ပြယ်ရန် အကြောင်းမမြင်ပေ။

Credit: ဥပဒေအကျိုးဆောင် LL.B Group Myanmar

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ

Upcoming Property Events

From 03 May To 04 May

Aung Theikdi Villa

From 03 May To 04 May

Shwe Wutt Hmone Housing

From 25 Apr To 09 May

Mingalardon Garden City

imyanmarmarket
Aung Theikdi Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service