Construction Industry Development Board ဥပဒေရေးဆွဲနေ - Property News in Myanmar from iMyanmarHouse.com
2121 Views

Construction Industry Development Board ဥပဒေရေးဆွဲနေ

တစ်နိုင်ငံလုံး တွင် ဆောက်လုပ်ရေးဆိုင်ရာစံ ချိန်စံညွှန်းများတစ်ပြေးညီဖြစ်စေရန်နှင့် လုပ်ငန်းဆောင်ရွက်ခွင့် များအတွက်ပွင့်လင်းမြင်သာမှုရှိ သော သတ်မှတ်ချက်များပါဝင်သည့် ဥပဒေရေးဆွဲနေကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာနဒုတိယ၀န်ကြီး ဦးကျော်လင်းက ပြောသည်။

အဆိုပါ ဥပဒေကို စင်ကာပူ နိုင်ငံ Building and Construc-tion Authority (BCA) နှင့် မလေးရှားနိုင်ငံ Construction Industry Development Board (CIDB) တို့ အကူအညီဖြင့် ရေးဆွဲနေသည်။ ဥပဒေပြဋ္ဌာန်းပြီးပါက ဆောက်လုပ်ရေးလုပ်ငန်း များနှင့် ပတ်သက်၍လက်ရှိကြုံ တွေ့နေရသည့် အားနည်းချက် နှင့် အခက်အခဲများကို ဖြေရှင်း နိုင်မည်ဖြစ်ကြောင်း ၄င်းကဆိုသည်။

ယခု ရေးဆွဲနေသည့် Construction Industry Deve-lopment Board Myanmar Law တွင် ဆောက်လုပ်ရေးလုပ်ငန်းများအတွက် ဘေးအန္တရာယ်ကင်းရှင်းမှု၊ ကျန်းမာရေး၊သဘာဝပတ်ဝန်းကျင်၊ ဆောက်လုပ်ရေးလုပ်ငန်း စီမံခန့်ခွဲမှုဆိုင်ရာ သတ်မှတ်ချက်နှင့် ကိုက်ညီစေမည့် စံချိန်စံညွှန်းများကို တစ်နိုင်ငံလုံးတစ်ပြေးညီဖြစ်စေရန် စီစဉ်ထားကြောင်း ဒုဝန်ကြီးကပြောသည်။

အဆိုပါ ဥပဒေအရဆောက် လုပ်ရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာ ဘုတ်အဖွဲ့များကို တိုင်းနှင့် ပြည်နယ်ပညာရှင်များ၊ အစိုးရအဖွဲ့ဝင်များနှင့်ဖွဲ့စည်းရ မည်ဖြစ်သည်။

ယင်းဥပဒေသည် အစိုးရဌာ နများသာမက ပုဂ္ဂလိက ကဏ္ဍ များပါဝင်သောဆောက်လုပ်ရေး လုပ်ငန်းတစ်ခုလုံးကိုခြုံငုံသည့် ဥပဒေဖြစ်ပြီး အတည်ပြုပြဋ္ဌာန်း ပြီးပါက စည်းမျဉ်းသတ်မှတ်ချက်များကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ထားရမည်ဖြစ်ကြောင်း ဒုဝန်ကြီးက ပြောသည်။

‘‘CIDB ပေါ်ပေါက်လာရင် ဘတ်ဂျက်နည်းလို့ စံချိန်လျှော့ပြီး တည်ဆောက်တာမျိုးကို ခွင့်ပြုမှာ မဟုတ်တော့ပါဘူး။ နည်းနည်း လေးနဲ့ရသလောက်ဆောက်မယ် ဆိုတဲ့အခြေအနေတွေမဖြစ်နိုင် တော့ပါဘူး။ အားလုံးဟာ စံချိန်စံ ညွှန်းမမီနိုင်ဘူးဆိုရင် ဆောက်ခွင့် ရမှာမဟုတ်တော့ပါဘူး’’ ဟု ၎င်း ကဆိုသည်။

ထို့အပြင် ယင်းဥပဒေတွင် ၀ါရင့်ဆောက်လုပ်ရေး ကုမ္ပဏီ ကြီးများနှင့် ကုမ္ပဏီငယ်များအ ကြားလုပ်ငန်းဆောင်ရွက်ခွင့်မျှ တစေမည့် ပြဋ္ဌာန်းချက်များပါဝင် မည်ဖြစ်ကြောင်း ပြောသည်။

ဥပဒေများကို ကောင်းမွန်သည့် ရည်ရွယ်ချက်ဖြင့် ရေးဆွဲပြဋ္ဌာန်း သည်ဆိုသော်လည်း လက်တွေ့ လိုက်နာဆောင်ရွက်နိုင်ရန် လို ကြောင်း မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်း အထွေထွေအတွင်းရေးမှူးဦးမျိုးမြင့်က မှတ်ချက်ပြုသည်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
Twilight ဇာတ်လမ်းတွဲများဖြင့် ကမ္ဘာကျော်ခဲ့သော ရုပ်ရှင်မင်းသမီး ခရစ္စတင်း စတီးဝပ်က သူ၏ လော့စ်အိန်ဂျလိမှ ဒေါ်လာ ၃ ဒသမ ၇ သ
Twilight ဇာတ်လမ်းတွဲများဖြင့် ကမ္ဘာကျော်ခဲ့သော ရုပ်ရှင်မင်းသမီး ခရစ္စတင်း စတီးဝပ်က သူ၏ လော့စ်အိန်ဂျလိမှ ဒေါ်လာ ၃ ဒသမ ၇ သ
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်

Upcoming Property Events

The Rich Villa
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service