ဒေါ်လာဈေးသတ်မှတ်ရောင်းချခွင့်ပေးလိုက်ခြင်းကို အချိန်ပေးစောင့်ကြည့်ရန်လိုဟုဆို - Property News in Myanmar from iMyanmarHouse.com
2366 Views

ဒေါ်လာဈေးသတ်မှတ်ရောင်းချခွင့်ပေးလိုက်ခြင်းကို အချိန်ပေးစောင့်ကြည့်ရန်လိုဟုဆို

ဗဟိုဘဏ်က ဒေါ်လာကို လွတ်လပ်စွာဈေးသတ်မှတ်ရောင်းချခွင့်ပေးလိုက်ခြင်းအား အချိန်ပေးစောင့်ကြည့်ရန်လိုအပ်ကြောင်း ကျွမ်းကျင်သူများကပြောသည်။

မြန်မာပြည်၏ မရင့်ကျတ်သေးသည့်ငွေကြေးဈေးကွက်ကို စိုးရိမ်မိသော်လည်း လတ်တလောမှာ စောင့်ကြည့်ပြီးမှသာ ဗဟိုဘဏ်၏ ဆုံးဖြတ်ချက်မှန်ကန်မှုရှိမရှိကို ပြော၍ရနိုင်မယ်လို့  ဗဟိုဘဏ်ရဲ့ဥက္ကဌဟောင်းလည်းဖြစ်သူ ကမ္ဘောဇဘဏ်ရဲ့ အကြီးတန်း အကြံပေး ဦးသန်းလွင်က ပြောသည်။

“ ရည်ရွယ်တော့ကောင်းပါတယ် ထိရောက်မှုရှိမရှိကို စောင့်ကြည့်ရဦးမယ် သူ့ ဘာသာသူထိန်းကျောင်းမယ်ဆို သီအိုရီ အရတော့မှန်တာပေါ့ဗျာ လက်တွေ့ မှာက မြန်မာဈေးကွက် မရင့်ကျတ်သေးဘူး ဒီလိုပဲထိန်းကြောင်းသွားမယ်ဆိုတဲ့ အခါဒါကြီးက မေးခွန်းထုတ်စရာရှိတယ်လေ တကယ်တန်းဈေးကွက်အနေနဲ့ အဆင်ပြေဖြစ်မဖြစ်ဆိုတာ ပြောရတော့ခက်တယ် အန်ကယ်တို့ လည်းစောင့်ကြည့်တဲ့ အနေအထားပဲရှိတယ် “ဟု၎င်းကဆိုသည်။

ဗဟိုဘဏ်သည် သြဂုတ်၁၃ရက်က ပုဂ္ဂလိကဘဏ်များနှင့်ငွေလဲကောင်တာများအနေဖြင့် ဗဟိုဘဏ်၏ရည်ညွန်းဈေးအတိုင်းရောင်းဝယ်စွာမလိုတော့ဘဲ လွတ်လပ်စွာရောင်းချခွင့်ကိုပြုခဲ့သည်။

ယင်းနောက် ဒေါ်လာဈေးမှာ ဆက်တိုက်မြင့်တက်လာပြီး အမေရိကန်တစ်ဒေါ်လာလျှင် ၁၄၈၀ကျော်အထိ မြင့်တက်လာပြီး ထပ်မံမြင့်တက်လာခြင်းရှိမရှိကိုအများစုကစောင့်ကြည့်လျှက်ရှိသည်။

“ ကြိုက်တဲ့ဈေးနဲ့ ဝယ်နိုင်တယ်ရောင်းနိုင်တယ်ဆိုတာက ဈေးကွက်စီးပွားရေးသဘောတရားအရတော့ အမှန်ပဲ မားကတ်မှာ တရားမဝင်ဈေးကွက်ကြီးကလဲရှိနေတော့ အန်ကယ်စိုးရိမ်တာက ဒါကြီးဟာ အောင်မြင်ပါ့မလားဆိုပြီးလဲစိုးရိမ်တယ်လေ မားကတ်ကြီးကဗရမ်းဗတာဖြစ်သွားမှာလည်းစိုးရိမ်တယ် " ဟု ဦးသန်းလွင်ကဆက်လက်ပြောကြားသည်။

အခုလိုဈေးကွက်ကို ဖွင့်ပေးလိုက်ခြင်းဖြင့် လက်ရှိ ဈေးကွက် အခြေအနေမှန်ကိုသိရှိနိုင်ပြိး ဒေါ်လာဈေးတင်မဟုတ်ဘဲ အိမ်ခြံမြေ၊ကား၊ရွှေ ဈေးများမှာလည်းမြင့်တက်နေသောကြောင့် ပုံမှန်အတိုင်းလည်ပတ်သွားနိုင်ကြောင်း စီးပွားရေးပညာရှင် ဒေါ်ရီရီမြင့်ကလဲဆိုသည်။


နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ

Upcoming Property Events

Innwa Pyae Sone Residence
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service