အိမ်ခြံမြေကဏ္ဍသည် သုံးလအတွင်းအများဆုံးရင်းနှီးမြှုပ်နှံထားသည့် ကဏ္ဍဖြစ်နေ - Property News in Myanmar from iMyanmarHouse.com
1766 Views

အိမ်ခြံမြေကဏ္ဍသည် သုံးလအတွင်းအများဆုံးရင်းနှီးမြှုပ်နှံထားသည့် ကဏ္ဍဖြစ်နေ

မြန်မာနိုင်ငံ၏ အိမ်ခြံမြေကဏ္ဍတွင် သုံးလအတွင်း နိုင်ငံသားများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁၂၄၄ ဒသမ ၈၁၉ သန်းအပါအဝင် ကျပ် ၄၁၆၂ ဘီလီယံကျော် အထိရှိနေပြီး နိုင်ငံသားရင်းနှီးမြှုပ်နှံမှု စုစုပေါင်း၏ ၂၃ ရာခိုင်နှုန်းကျော်ဖြင့် အများဆုံးဝင်ရောက်မြှုပ်နှံထားသည့် ကဏ္ဍဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန မှသိရသည်။

၂ဝ၁၈ ခုနှစ် ဧပြီ၊မေ နှင့် ဇွန်သုံးလအတွင်းနိုင်ငံသားများ၏ ရင်းနှီးမြှုပ်နှံထားမှုအခြေအနေ ကိုလေ့လာကြည့်ပါက ကုန်ထုတ်လုပ်မှုလုပ်ငန်းများတွင် ဒေါ်လာ ၂၆၁၂ ဒသမ ၆၂၈ သန်းအပါအဝင် ကျပ် ၃ဝ၁၆ ဘီလျံကျော်အထိ မြှုပ်နှံကာ စုစုပေါင်း နိုင်ငံသားရင်းနှီးမြှုပ်နှံမှု၏ ၁၇ ရာခိုင်နှုန်းကျော်အထိရှိကာ ဒုတိယ အများဆုံးမြှုပ်နှံထားသည့် ကဏ္ဍဖြစ်သည်။သယ်ယူပို့ဆောင်ရေးကဏ္ဍတွင်မူ ဒေါ်လာ ၂၂၅၄ ဒသမ ဝ၂၃ သန်းအပါအဝင် ကျပ် ၂၈၄၆ ဘီလျံကျော်အထိ မြှုပ်နှံထားကာ စုစုပေါင်းနိုင်ငံသားရင်းနှီးမြှုပ်နှံမှု၏ ၁၆ ဒသမ ၂၅ရာခိုင်နှုန်း အထိရှိကာ တတိယအများဆုံးမြှုပ်နှံထားသည့်ကဏ္ဍဖြစ်သည်။ဘဏ္ဍာနှစ် ကြားကာလ လေးလအတွင်းမြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC)အနေဖြင့် နိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၆၅ ခုအထိခွင့်ပြု/အတည်ပြုပေးထားမှုမှ ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၈၁၃ ဘီလျံကျော်အထိရှိကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရသည်။

"၂ဝ၁၈ ခုနှစ်ဧပြီလမှ ဇူလိုင်လအထိ ခွင့်ပြု/အတည်ပြုပေးခဲ့သည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၆၅၊ ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၁၆၇ ဒသမ ၃ဝဝ သန်းအပါအဝင် ကျပ် ၇၈၃ ဒသမ ၁၄၂ ဘီလျံကျော်ဖြစ်ပါတယ်။ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအဝင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ပမာဏ ကန်ဒေါ်လာ ၁၆၈ဒသမ ၄၄၈ သန်း အပါအဝင် ကျပ် ၈၁၃ ဒသမ ၁၈၃ ဘီလျံအထိ ခွင့်ပြုထားပြီးဖြစ်ပါတယ်"ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ဒုညွှန်ကြားရေးမှူးချုပ်မှ ပြောကြားသည်။

အဆိုပါခွင့်ပြု/အတည်ပြုလုပ်ငန်း ၁၅ ခုမှာ စက်မှုကဏ္ဍ ၃ခု၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ ၃ခု၊ဟိုတယ်ကဏ္ဍတွင် ၄ခု၊လယ်ယာကဏ္ဍတွင် တစ်ခုနှင့် အခြားကဏ္ဍ ၄ခု စသည်ဖြင့် အသီးသီး ခွင့်ပြုပေးခဲ့ပြီးဖြစ်ကြောင်းသိရသည်။ယင်းကဲ့သို့ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၁၅ခုကို ခွင့်ပြု/အတည်ပြုပေးခဲ့ခြင်းကြောင့် အလုပ်အကိုင်အခွင့်အလမ်း ပေါင်း ၁၃ဝဝကျော် အထိ ဖန်တီးပေးနိုင်ခဲ့ကြောင်းသိရသည်။ဘဏ္ဍာနှစ်ကြားကာလ ခြောက်လအဖြစ် ဧပြီ ၁ရက်မှ စက်တင်ဘာ ၃ဝရက်အထိ သတ်မှတ်ထားသည်။ယခုခွင့်ပြုထားသည့် ရင်းနှီးမြှုပ်နှံမှုသည် ဘဏ္ဍာနှစ်ကြားကာလ ခြောက်လ၏လေးလအတွင်း ခွင့်ပြုပေးထားသည့် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုပမာဏဖြစ်ကြောင်းသိရသည်။

Credit :Daily Eleven

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း

Upcoming Property Events

From 07 Jun To 08 Jun

The Vista

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

The Vista Luxury Residance
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service