မင်္ဂလာဈေးအား အချက်အချာကျတဲ့ အရောင်းစင်တာကြီးတစ်ခု ဖြစ်လာအောင် တည်ဆောက်နေ - Property News in Myanmar from iMyanmarHouse.com
2045 Views

မင်္ဂလာဈေးအား အချက်အချာကျတဲ့ အရောင်းစင်တာကြီးတစ်ခု ဖြစ်လာအောင် တည်ဆောက်နေ

မင်္ဂလာဈေး အဆောက်အအုံသစ်အား လူဦးရေ လေးသောင်းနီးပါး အသုံးပြုနိုင်သော နိုင်ငံတကာအဆင့်မီ ဈေးသစ်ကြီးအဖြစ် ၂ဝ၂ဝ ပြည့်နှစ် နှစ်ကုန်ပိုင်းခန့်တွင် အပြီးတည်ဆောက်သွားရန်ခန့်မှန်းထားကြောင်း ဈေးဆောက်လုပ်လျက်ရှိသည့် Sun Myat Htun ဆောက်လုပ်ရေးလုပ်ငန်းထံမှ သိရသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီထံမှ တင်ဒါအောင်မြင်ပြီးနောက် ၂ဝ၁၈ ခုနှစ် မေလမှစတင်၍ မြေပြင်အကြို လုပ်ငန်းများ စတင်ခဲ့သည်။

လက်ရှိတွင် အောက်ခံ ဖောင်ဒေးရှင်း အတွက် ဘိုးပိုင်တူးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုလုံးအတွက် ၆ ရာခိုင်နှုန်း ခန့်ပြီးစီးနေပြီဖြစ်ကြောင်းသိရသည်။ဆောက်လုပ်ရေးလုပ်ငန်းများအား တတိယ အဖွဲ့အစည်းတစ်ခုဖြစ်သည့် နိုင်ငံခြားကုမ္ပဏီတစ်ခု၏ ကြီးကြပ်မှုဖြင့် ဆောက်လုပ်လျက်ရှိသည့်အပြင် တည်ဆောက်ရေးကာလအတွင်း စံချိန်စံညွှန်းမီ ဆောက်လုပ်နိုင်ရေးအတွက် ကျွမ်းကျင်ပညာရှင်များ ဖြင့် ကြီးကြပ်ဆောက်လုပ်လျက်ရှိကြောင်း သိရသည်။

“ လက်ရှိ မင်္ဂလာဈေးသည် ရန်ကုန်မြို့၏ အကြီးဆုံးလက်ကားဈေးကြီးဖြစ်သည်။ထို လက်ကားဈေးကြီးကို ထပ်ပြီး အဆင့်မြင့် အောင် ပိုပြီး ကြီးမားလာအောင် အတွေ့အကြုံများ နိုင်ငံတကာ စီမံခန့်ခွဲ မှုနည်းပညာများနှင့်ပေါင်းပြီး အမြဲတမ်းသစ်လွင်နေပြီး စီးပွားရေးမောင်းနှင်မှု အားကောင်းသည့် အချက်အချာကျတဲ့ အရောင်းစင်တာကြီးတစ်ခုဖြစ်လာအောင် တည်ဆောက်နေတာဖြစ်သည်"
ဟု ဆန်းမြတ်ထွန်းကုမ္ပဏီမှ မန်းနေဂျင်းဒါရိုက်တာ မှ ပြောကြားခဲ့သည်။

ယခင် မီးသင့်လောင်ခဲ့သော မင်္ဂလာဈေတးဟောင်းတွင် ရောင်းချနေသော ဈေးသူဈေးသား ၄ဝဝဝခန့်မှာ လက်ရှိအချိန် အပြင်တွင် ဆိုင်ခန်းများငှားရမ်းရောင်းချနေရပြီး ဈေးသစ်တည်ဆောက်ပြီးပါက မြေညီထပ်မှ ငါးလွှာအထိ အဆိုပါ ဈေးသူဈေးသားများအား ပြန်လည်နေရာချထားပေးမည်ဖြစ်ကြောင်းသိရသည်။ထို့ပြင် အသစ်ဆောက်လုပ်လျက်ရှိသော ဈေးသစ်ကြီးတွင် နောက်ထပ် ဆိုင်ခန်းပေါင်း တစ်ထောင်ကျော် ထပ်မံပါဝင်မည်ဖြစ်ပြီးဆေးနှင့် အခြားပစ္စည်းများ စနစ်တကျသိုလှောင်နိုင်ရန် အပူချိန်ထိန်းညှိ ပေးထားသော သိုလှောင်ရုံငယ်များပါ ပါဝင်မည်ဟု သိရသည်။

ဈေးသစ်၏အောက်ဆုံးထပ်တွင် စားသောက်ဆိုင်များ၊စူပါမားကတ်များပါ ထည့်သွင်းတည်ဆောက်နေကြောင်းသိရသည်။လပေါင်း ၃ဝ ခန့်အချိန်ယူတည်ဆောက်မည့် အဆိုပါ ဈေးသစ်ကြီးတွင် လူနေအိပ်ခန်းများ ပါဝင်မည်မဟုတ်ပဲ ဈေးဆိုင်ခန်းများ၊ရုံးခန်းများ၊သိုလှောင်ရုံငယ်များ ပါဝင်ကာ ဈေးအတွင်းရှိ ရောင်းကုန်များအား အလွယ်တကူသယ်ယူဖြန့်ဖြူးနိုင်ရန် အစီအမံများ ထည့်သွင်းထားကြောင်းသိရသည်။ယခင် မင်္ဂလာဈေးဟောင်းသည် ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလ အတွင်းက မီးလောင်ဆုံးရှုံးခဲ့ခြင်းဖြစ်သည်။

Credit : Myanmar Alinn

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service