ရာဖြတ်အခွန်နှုန်းမြင့်မားမှုကြောင့် မန္တလေးအိမ်ခြံမြေဈေးကွက် ၂၀၁၃ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံးအခြေအနေသို့ ရောက်ရှိနေ - Property News in Myanmar from iMyanmarHouse.com
1880 Views

ရာဖြတ်အခွန်နှုန်းမြင့်မားမှုကြောင့် မန္တလေးအိမ်ခြံမြေဈေးကွက် ၂၀၁၃ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံးအခြေအနေသို့ ရောက်ရှိနေ

အိမ်ခြံမြေအရောင်းအ၀ယ် ရာဖြတ်ဈေးနှုန်းများမြင့်မားနေသည့်အတွက် မန္တလေးအိမ်ခြံမြေဈေးကွက်မှာ ၂၀၁၃ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံး အခြေအနေသို့ရောက်ရှိနေပြီး နိုင်ငံတော်အစိုးရအနေဖြင့် အခွန်အခရရှိမှုနည်းပါး နေကြောင်း လွှတ်တော်ကိုယ်စားလှယ်များ အိမ်ခြံမြေအရောင်းသမားများထံမှ သိရသည်။

အိမ်ခြံမြေအရောင်းအ၀ယ်ပြုလုပ်ပြီး နာမည်ပေါက်လျှောက်ထားမှုများပြု လုပ်ရာတွင် သတ်မှတ်ထားသည့် အခွန်နှုန်းထားများပြားနေသည့် အတွက် အခွန်ဆောင်လိုသူလည်းနည်းပါးနေပြီး အရောင်းအ၀ယ်ဖြစ်ပွားမှုပါ လျော့ကျနေကြောင်း မြန်မာနိုင်ငံအိမ်ခြံမြေ လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်းဥက္ကဋ္ဌ ဦးတင်မောင်က ပြောသည်။

''မန္တလေးအိမ်ခြံမြေဈေးကွက်က အကျဆုံးအပိုင်းကိုရောက်နေတယ်။ ၂၀၁၃ ခုနှစ်က ဈေးနှုန်းနဲ့ဆိုရင် အများ ကြီးကျသွားတယ်။ နေရာမတူတဲ့ အခြေအနေတွေအရ ၃၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းထိ ကျသွားတယ်။ ကျွန်တော်တို့ကတော့ အခွန်နှုန်းထားမှန်ကန်စွာရှိဖို့ တင်ပြတာတွေလုပ်ရမှာပဲ။ ကျွန်တော်တို့တင်ပြခြင်းသည် နိုင်ငံတော်အစိုးရအဖွဲ့အခွန်ရရှိခြင်းကို ပိုနစ်နာစေမှာမဟုတ်ဘဲ
အခွန်ကိုပိုတိုးပြီးတော့ရစေဖို့ပါ''ဟု ဦးတင်မောင်က ပြောသည်။

အိမ်ခြံမြေများ အရောင်းအ၀ယ်ပြုလုပ်ရာတွင် နာမည်ပေါက်လျှောက် ထားမှုများ၊ စာချုပ်စာတမ်းကိစ္စများ၊ လွယ်ကူစွာလုပ်ဆောင်နိုင် ရန်လိုအပ်ကြောင်း၊ ၎င်းကိစ္စရပ်များလွယ်ကူမှခိုင်မာသည့် စာချုပ်စာ တမ်းများရရှိခြင်း၊ နိုင်ငံတော်
တွင်လည်း အခွန်ရရှိမှုများပြားစေခြင်း များဖြစ်စေနိုင်ပြီး လက်ရှိအခွန်နှုန်းထားသည် ပြည်သူများ အတွက် အခွန်ဆောင်ရန်ဝန်ထုပ်ဝန်ပိုးတခုကဲ့သို့ ဖြစ်ပေါ်နေသည်ဟုလည်း ၎င်းကဆိုသည်။

''ရာဖြတ်ဈေးနှုန်းလျှော့မှပဲ အိမ်ပိုင်ရှင်တွေအခွန်လာဆောင်တဲ့အခါမှာ နိုင်ငံတော်လည်း အခွန်အခကို အမှန်တကယ်ရမယ်။ ပိုင်ဆိုင်မှုလည်း သူ့အတွက် အမှန်တကယ်ရသွားပြီဆိုမှ ဒီမြေကွက်ပေါ်မှာရောင်းတာပဲ လုပ်လုပ်၊ လုပ်ငန်းပဲလုပ်လုပ်၊ ဘဏ်နဲ့ချိတ်ဆက်တာပဲလုပ်လုပ် အဆင်ပြေသွားမှာ။ ခုဈေးနှုန်းတွေက မြင့်နေတော့ ပြည်သူတွေက ဒီလောက်အမြင့်ကြီးဆောင်ဖို့ကျ အခက်အခဲရှိနေတယ်။ နောက်တခုက ရာဖြတ်နှုန်းထားကလည်းအပြင် ပေါက်ဈေးနဲ့ ရာဖြတ်ကဖြတ် တဲ့ဈေးနှုန်းကလည်း ဟနေတယ်။ အပြင်မှာသိန်း တထောင်လောက်ပေါက်ရင် ရာဖြတ်ကသိန်း ၁၄၀၀၊ ၁၅၀၀ လောက်ပေါက်ချင် ပေါက်တာတွေရှိနေတယ်''ဟု ချမ်းမြသာစည်မြို့နယ် အမှတ်(၂)မဲဆန္ဒနယ် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုးက ပြောသည်။

''အခွန်စနစ်ကတော့ ကိုယ်စားလှယ်တယောက်အနေနဲ့ပြောရမယ်ဆိုရင် ကိုယ်စားလှယ်ဆိုတာလည်း ပြည်သူပါပဲ။ ပြည်သူတွေကလိုလိုလားလားနဲ့ အစိုးရကလိုက်ကောက်စရာမလိုအောင် သူ့အချိန်နဲ့ သူ လာဆောင်တဲ့ စနစ်သစ်ဖြစ်စေချင်တယ်ဆိုရင် ပြည်သူတွေ အခွန်ဆောင်ချင်စိတ်ဖြစ်လာအောင် လုပ်ပေးသင့်တယ်။ ဈေးနှုန်းတွေလည်း စနစ်တကျခေတ်နဲ့လျော်ညီစွာ လုပ်ပေးသင့်တယ်။ သူများတိုင်းနဲ့ ပြည်နယ်တွေက ဘယ်လိုလုပ်လို့ ကိုယ်လိုက်လုပ်မယ်ဆိုတာမျိုးထက် ကိုယ့်တိုင်းဒေသကြီးအတွင်းမှာ ဘယ်လိုပုံစံမျိုး စံမျိုးနဲ့အဆင်ပြေမယ်ဆိုတာလုပ်ထားရမယ်''ဟု ၎င်းက ဆက်ပြောသည်။

ယခင်က သိန်းတထောင်တန်ဖိုးရှိ မြေကွက်မှာ အခွန် ၃ ရာခိုင်နှုန်း၊ သိန်းငါးထောင်တန်ဖိုးရှိ မြေကွက်မှာ အခွန် ၅ ရာခိုင်နှုန်း၊ သိန်းတသောင်းခွဲတန်မြေကွက်မှာ အခွန် ၂၀ ရာခိုင်နှုန်းသာရှိခဲ့ပြီး လက်ရှိအခွန်နှုန်းထားမှာ သိန်းတထောင်တန်ဖိုးရှိမြေကွက်မှာ အခွန် ၂၀ ရာခိုင်နှုန်းရှိပြီး သိန်းတထောင်အထက်တန်ဖိုးရှိမြေကွက်မှာ အခွန် ၃၀ ရာခိုင်နှုန်းရှိကာ မြေကွက်တန်ဖိုးအလိုက် အခွန်နှုန်းထားတန်ဖိုးမှာ ၄ ဆမှ ၆ ဆထိမြင့်တက်ခဲ့ ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး ဒုတိယအကြိမ် တိုင်းဒေသကြီးလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ပထမနေ့တွင် ချမ်းမြသာစည်မြို့နယ် မဲဆန္ဒနယ်မြေအမှတ် (၁) မှ လွှတ်တော်ကိုယ်စားလှယ်ဦးတင်အောင်က တန်ဖိုးနှုန်းထား သတ်မှတ်ချက်များ မြင့်မားနေခြင်းကြောင့် မြေ၀ယ်ရောင်းသူများအနေဖြင့် နိုင်ငံတော်ကိုအခွန်ပေးဆောင် ခြင်းမပြုရသည့် နည်းလမ်းများဖြင့်ရောင်းဝယ်မှုများပြုလုပ်နေကြကြောင်း တင်ပြထားသည်။

Credit: News Watch

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service