အွန်လိုင်းမှ ကုမ္ပဏီမှတ်ပုံတင်သူများပြီး နည်းပညာအခက်အခဲဖြစ်၍ ခေတ္တရပ်ဆိုင်းထား - Property News in Myanmar from iMyanmarHouse.com
1885 Views

အွန်လိုင်းမှ ကုမ္ပဏီမှတ်ပုံတင်သူများပြီး နည်းပညာအခက်အခဲဖြစ်၍ ခေတ္တရပ်ဆိုင်းထား

( သြဂုတ် ၆ ရက်တွင် ပြန်လည်အသုံးပြုနိုင်ပြီး အရေးကြီးပါက လူကိုယ်တိုင် လာရောက်နိုင် )

အွန်လိုင်းစနစ်သုံး ကုမ္ပဏီမှတ်ပုံတင်စနစ် (MyCo) ကို နည်းပညာအခက်အခဲများ ကြောင့် စတင်အသုံးပြုသည့် ဒုတိယမြောက်နေ့က စတင်ပြီး ခေတ္တရပ်ဆိုင်းကြောင်း ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန် ကြားမှုဦးစီးဌာနက ထုတ်ပြန် သည်။

သဂုတ် ၆ ရက်တွင် ပြန် လည်အသုံးပြုနိုင်မည် ဖြစ်ပြီး ကုမ္ပဏီမှတ်ပုံတင်ရန် အရေးတ ကြီးလိုအပ်ပါက သြဂုတ် ၂ မှ ၃ ရက်အတွင်း ရုံးချုပ်နှင့် ရုံးခွဲများ သို့ လူကိုယ်တိုင်လာရောက်၍ မှတ်ပုံတင်နိုင်ကြောင်း အဆိုပါ ဌာနက ဆိုသည်။

အွန်လိုင်းစနစ်ဖြင့် မှတ်ပုံ တင်ရာတွင် ၀င်ရောက်အသုံးပြု သူများပြားသဖြင့် Database သို့ ၀င်ရောက်ရန် ကြန့်ကြာခြင်း၊ ကုမ္ပဏီ အချက်အလက်များကို မှတ်ပုံတင်စနစ်မှ အတည်ပြုရာ တွင်အားနည်းချက်ဖြစ်ပေါ်ခြင်း၊ စနစ်ပေါ်၌ သတင်းအချက်အ လက်များ ပျောက်ဆုံးခြင်းတို့ဖြစ်ပေါ်နေကြောင်း ဆိုထားသည်။

‘‘သေချာအောင်ဆောင်ရွက် မယ်။ မသေချာမချင်း မလွှတ် ထုတ်ဘူး။ ထပ်မှားတာမျိုးမဖြစ် စေချင်လို့သေချာအောင်အချိန် ယူစိစစ်မလို့ပါ’’ ဟုရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီး ဌာန ညွှန်ကြားရေးမှူးဦးမျိုးမင်း ကပြောသည်။

လက်ရှိတွင် အချက်အလက် မှားယွင်းမှုရှိသော်လည်းလက်ခံ ထားသည် ကုမ္ပဏီ ၁၂၀ ရှိပြီး ယင်းအချက်အလက်များကိုပြင် ဆင်၍ စနစ်မှအလိုအလျောက် အတည်ပြုနိုင်ရန်စမ်းသပ်ဆောင် ရွက်မည်ဟု ၎င်းကဆိုသည်။

အွန်လိုင်းစနစ်သုံးကုမ္ပဏီ မှတ်ပုံတင်စနစ် (MyCo) ကို သြဂုတ် ၁ ရက်၌ စတင်ကျင့်သုံး ရာတွင် ကုမ္ပဏီများစုပြုံပြန်လည် မှတ်ပုံတင်ခြင်းကြောင့် ဆာဗာ ပြုတ်ကျပြီး ညနေမှသာပြန်လည် တင်နိုင်ခဲ့သည်။

အဆိုပါဌာနတွင် မှတ်ပုံတင် ထားသည့် ကုမ္ပဏီ ၆၀,၀၀၀ ခန့် ရှိနေပြီး ယင်းကုမ္ပဏီများက စနစ် သစ်တွင် ပြန်လည်မှတ်ပုံတင်ရ ခြင်းဖြစ်သည်။နှစ် ၁၀၀ကျော်ကြာ မြင့်နေသည့် ကုမ္ပဏီဥပဒေအ သစ်ကို ၂၀၁၄ တွင် ပြင်ဆင်ရေး ဆွဲပြီး ၂၀၁၇ တွင်ပြဋ္ဌာန်းနိုင်ခဲ့ သည်။ ထိုဥပဒေအရကုမ္ပဏီ များကို အွန်လိုင်းစနစ်ဖြင့် ပြန် လည်မှတ်ပုံတင်ရခြင်းဖြစ်သည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
Twilight ဇာတ်လမ်းတွဲများဖြင့် ကမ္ဘာကျော်ခဲ့သော ရုပ်ရှင်မင်းသမီး ခရစ္စတင်း စတီးဝပ်က သူ၏ လော့စ်အိန်ဂျလိမှ ဒေါ်လာ ၃ ဒသမ ၇ သ
Twilight ဇာတ်လမ်းတွဲများဖြင့် ကမ္ဘာကျော်ခဲ့သော ရုပ်ရှင်မင်းသမီး ခရစ္စတင်း စတီးဝပ်က သူ၏ လော့စ်အိန်ဂျလိမှ ဒေါ်လာ ၃ ဒသမ ၇ သ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း

Upcoming Property Events

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service