မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနဝန်ထမ်းများ ပွဲစားမလုပ်ရန် မန္တလေးစည်ပင်သတိပေး - Property News in Myanmar from iMyanmarHouse.com
1146 Views

မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနဝန်ထမ်းများ ပွဲစားမလုပ်ရန် မန္တလေးစည်ပင်သတိပေး

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနမှဝန်ထမ်းများ ခေါက်ရိုးကျိုးနေသည့် အကျိုးဆောင်နှင့် ပွဲစားမလုပ်ရန် ယင်းကော်မတီက သတိပေးလိုက်သည်။

လက်ရှိအစိုးရသက်တမ်း ၂ နှစ် တာကာလအတွင်း မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီရှိဌာန ၁၄ ခု အနက် ဌာနအားလုံးနီးပါး ပြုပြင်ပြောင်းလဲမှုများရှိသော်လည်း မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနသည် ပြုပြင်ပြောင်းလဲမှုများ မရှိသေးသည့်အတွက် ဇူလိုင် ၃၀ ရက်နေ့ညပိုင်းက အဆိုပါဌာနမှ ဝန်ထမ်းများကို မြို့တော်ဝန်နှင့် ကော်မတီဝင်များကတွေ့ဆုံကာ သတိပေးခဲ့ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပြန်ကြားရေးတာဝန်ခံ ဦးကျော်ဆန်းမြင့်က ပြောကြားသည်။

မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနသည် မြေငှားဂရန်ချထားပေးမှုအပါအဝင် လုပ်ငန်းကိုးခု လုပ်ဆောင်ပေးရသော ဌာနတစ်ခုဖြစ်သော်လည်း ဝန်ထမ်းများအနေနှင့် အကျိုးဆောင်နှင့်ပွဲစားအဖြစ် ပါဝင်ပတ်သက်နေခြင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင် ပြည်သူများကိုပညာပြခြင်း၊ လာဘ်လာဘမျှော်ကိုးကာ အချိန်ဆွဲခြင်း၊ စာရွက်စာတမ်းအတုလုပ်ခြင်းတို့မလုပ်ရန် သတိပေးထားသည်ဟု ၎င်းက ပြောဆိုသည်။

လာဘ်ပေးလာဘ်ယူသည့် ဝန်ထမ်းကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်သို့ တိုင်ကြားမည်ဖြစ်ကာ လုပ်ငန်းကြန့်ကြာအောင် ပြုလုပ်သည့်ဝန်ထမ်းကို စံပြအနေနှင့် အရေးယူမည်ဖြစ်ပြီး စာရွက်စာတမ်းအတုလုပ်ပါက ထောင်ဒဏ်ကျခံစေမည်ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက သတိပေးထားသည်။

“ပြည်သူလူထု စိတ်ဆင်းရဲတာတွေ၊ ငွေကုန်ကြေးကျတာတွေ၊ မြေပုံလေးတစ်ခုထုတ်ဖို့ကို မလိုအပ်ဘဲသိန်းချီပြီး ကုန်တာတွေမဖြစ်စေချင်ဘူး။ အဲဒီလိုမဖြစ်ဖို့ ဒီဘက်ဌာနကလည်း မြန်ဆန်အောင်လုပ်ပေးမယ်။ အခက်အခဲရှိရင် ညစ်ထားတာတွေရှိရင်လည်း တိုင်ပါ။ ပြည်သူတွေ ကိုယ်တိုင်လုပ်ပါ။ အခက်အခဲရှိရင် ဒီဘက်က ကူညီပေးမယ်”ဟု ပြန်ကြားရေးတာဝန်ခံ ဦးကျော်ဆန်းမြင့်က ထပ်လောင်းပြောဆိုသည်။

မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနသို့ လာရောက်သည့်ပြည်သူများအနေနှင့် အဆင်မပြေမှုများရှိပါက တိုင်ကြားနိုင်ပြီး အကြံပြုစာများလည်း ပေးပို့နိုင်ကြောင်း မြို့တော်စည်ပင်သာယာရေးကော်မတီက ဖိတ်ခေါ်ထားသည်။

“တိုင်လိုက်ရင် ဒုက္ခရောက်မှာပဲဆိုပြီး အောင့်အည်းသည်းခံပြီး မပေးချင်ဘဲပေးနေရတာကို နားလည်တယ်။ သတင်းပေးလို့ ပြဿနာမတက်စေရဘူး။ အရေးယူပေးမယ်”ဟု မြို့တော်ဝန် ဒေါက်တာရဲလွင်က မှာကြားခဲ့ကြောင်း ပြန်ကြားရေးတာဝန်ခံ ဦးကျော်ဆန်းမြင့်ကတစ်ဆင့် ပြန်လည်ပြောဆိုသည်။

Credit: The Voice

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service