ငွေလဲနှုန်းမတည်ငြိမ်မှုကြောင့် ကုန်သွယ်ရေးလုပ်ငန်းများ အခက်တွေ့နေ - Property News in Myanmar from iMyanmarHouse.com
1522 Views

ငွေလဲနှုန်းမတည်ငြိမ်မှုကြောင့် ကုန်သွယ်ရေးလုပ်ငန်းများ အခက်တွေ့နေ

အမေရိကန်ဒေါ်လာနှင့် ကျပ်ငွေလဲနှုန်း မတည်ငြိမ်ခြင်းက သွင်းကုန်လုပ်ငန်းများသာမက ပို့ ကုန်လုပ်ငန်းများအတွက်လည်း အခက်အခဲ ဖြစ်နေသည်ဟု
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုဥက္ကဋ္ဌ ဒေါက်တာမျိုးအောင် ကျော်က ပြောသည်။

ဇူလိုင် ၃၀ ရက်တွင် တစ် ဒေါ်လာ ၁,၄၄၈ ကျပ်ဖြင့် ဈေး ပိတ်သော်လည်း ဇူလိုင် ၃၁ ရက်တွင် တစ်ဒေါ်လာ ၁,၄၄၂ ကျပ်သို့ ကျဆင်းခဲ့သည်။ ပြည်တွင်း ငွေ ကြေးဈေးကွက်တွင် ၂၀၁၈ ဇွန်လ လယ်ကစတင်၍ ဈေးနှုန်းအတက် အကျများနှင့် တည်ငြိမ်မှု မရှိခြင်းကြောင့် လုပ်ငန်းများ လုပ်ကိုင်ရန်ခက်ခဲကြောင်း
စီးပွားရေးလုပ်ငန်းရှင်အချို့က ပြောကြားသည်။

‘‘ပထမသွင်းတုန်းက ငွေလဲ နှုန်းနဲ့ အခုပြန်သွင်းမယ့် ငွေလဲ နှုန်းကွာတော့ ဓာတ်မြေသြဇာ တွေက ဈေးတက်ပြီး ရောင်းရ တော့မယ်။ စပါးစိုက်ချိန်ဆိုတော့ လယ်သမားတွေ ထိခိုက်တာပေါ့’’ဟု ဒေါက်တာမျိုးအောင်ကျော်က ပြောသည်။

ထို့အပြင် မြန်မာနိုင်ငံမှ တစ် ဆင့်ခံ ကုန်သွယ်ရေးဖြင့် ကုန် ပစ္စည်းများ တင်ပို့နေသူများအ တွက်လည်း ဒေါ်လာဈေးနှုန်းအ ပြောင်းအလဲ ယွမ်ငွေတန်ဖိုးကျ ဆင်းမှုက လုပ်ငန်းများ၌ အခက်အခဲအချို့ဖြစ်စေသည်ဟု စီးပွားရေးလုပ်ငန်းရှင် အချို့က ပြောသည်။

‘‘ကုန်သည်တွေအတွက်က တော့ ဒေါ်လာတည်ငြိမ်တာကိုပဲ လိုချင်ကြတယ်’’ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဗဟိုအလုပ် အမှုဆောင် ဦးမျိုးသူရအေးက ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၏ ကုန်သွယ်ရေး အားနည်းချိန်ဖြစ်နေသောကြောင့် ကန်ဒေါ်လာတန်ဖိုး အတက်၊ အကျများခြင်း ဖြစ်ရသည်ဟု စီးပွားရေးလုပ်ငန်း ရှင်အချို့က ပြောသည်။ မြန်မာနိုင်ငံ ဆန်နှင့် ပဲမျိုးစုံ ပြည်ပတင်ပို့မှု လျော့ကျနေကြောင်း ၎င်းတို့ကဆိုသည်။

အမေရိကန် ဗဟိုဘဏ်က ဘဏ်တိုးနှုန်း ၂ ရာခိုင်နှုန်းမှ ၂ ဒသမ ၅ ရာခိုင်နှုန်းသို့ မြှင့်တင်ခြင်း ကြောင့် အမေရိကန်ဘဏ်များ တွင် ငွေစုသူများပြီး နိုင်ငံတကာ ငွေကြေး ဈေးကွက်တွင် ဒေါ်လာရှားပါး၍ တန်ဖိုးမြင့်တက်ခဲ့သည်။ ထို့ကြောင့် ပြည်တွင်းငွေကြေး ဈေးကွက်၌ ကန်ဒေါ်လာနှင့် လဲ လှယ်ရသည့် မြန်မာကျပ်ငွေတန် ဖိုးက နှစ်လအတွင်း ၈ ရာခိုင်နှုန်း ခန့် ကျဆင်းခဲ့သည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Ali
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Ali
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
Twilight ဇာတ်လမ်းတွဲများဖြင့် ကမ္ဘာကျော်ခဲ့သော ရုပ်ရှင်မင်းသမီး ခရစ္စတင်း စတီးဝပ်က သူ၏ လော့စ်အိန်ဂျလိမှ ဒေါ်လာ ၃ ဒသမ ၇ သ
Twilight ဇာတ်လမ်းတွဲများဖြင့် ကမ္ဘာကျော်ခဲ့သော ရုပ်ရှင်မင်းသမီး ခရစ္စတင်း စတီးဝပ်က သူ၏ လော့စ်အိန်ဂျလိမှ ဒေါ်လာ ၃ ဒသမ ၇ သ
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service