လယ်ယာမြေများ အကွက်ရိုက်ရောင်းချမှု ဥပဒေအတိုင်း အရေးယူမည် - Property News in Myanmar from iMyanmarHouse.com
1721 Views

လယ်ယာမြေများ အကွက်ရိုက်ရောင်းချမှု ဥပဒေအတိုင်း အရေးယူမည်

မန္တလေးတိုင်းဒေသကြီး အတွင်းရှိ လယ်ယာမြေများပေါ် တွင် ခွင့်ပြုချက်မရှိဘဲ အကွက် ရိုက်ရောင်းချမှုများကို ဥပဒေအ တိုင်း အရေးယူမည်ဖြစ်ပြီး အရောင်းအ၀ယ်ပြုလုပ်သည့် စာချုပ်များ၌ လက်မှတ်ထိုးခဲ့သော ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို ပါ အရေးယူမည်ဖြစ်ကြောင်း မန္တလေးတိုင်းစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၀န်ကြီး ဒေါက်တာစိုးသန်းက ပြောသည်။

မန္တလေးတိုင်းအတွင်း ပြင်ဦး လွင်ခရိုင်နှင့် ပုသိမ်ကြီးမြို့နယ်ရှိ လယ်မြေဧက ၁,၀၀၀ ကျော်၌ အစိုးရ၏ခွင့်ပြုချက်မရှိဘဲ အကွက်ရိုက်ရောင်းချခြင်း၊ နေအိမ် များဆောက်လုပ်နေခြင်းကို ဥပဒေအတိုင်း ထိထိရောက်ရောက် အရေးယူမည်ဖြစ်ကာ ထိုသို့ရောင်းချနေမှုတွင် ရပ်ကျေးအုပ် ချုပ်ရေးမှူးများပါ ပါဝင်နေ၍ ၀န်ထမ်းစည်းမျဉ်း စည်းကမ်းအ တိုင်း ဆက်လက်အရေးယူမည် ဖြစ်သည်။

‘‘အသုံးပြုတော့မယ်ဆိုရင် လယ်ယာမြေကို တခြားနည်းအသုံး ပြုခွင့်လျှောက်ရမယ်။ ဘာပဲလုပ် လုပ်၊ အိမ်ပဲဆောက်ဆောက် စက်ရုံ၊ အလုပ်ရုံပဲ လုပ်ချင်လုပ် ချင် တခြားနည်းသုံးစွဲခွင့် လျှောက်ရတယ်။ ခွင့်ပြုပြီးမှ လုပ်ခွင့်ရှိပါတယ်။ အခုဟာက တခြားနည်းသုံးစွဲခွင့်လည်း မတင်ပါဘူး။ ရောင်းတော့ အများပြည်သူလက် လှမ်းမီတဲ့ သိန်း ၅၀၊ သိန်း ၁၀၀ရောင်းတာ၊ သူတို့ကို မလုပ်နဲ့၊ မြို့နယ်လယ်စီက တားထားတယ်။ ဆက်ပြီးအတင့်ရဲပြီး ဆက်လုပ် တယ်။ ရောင်းလည်း ရောင်းထား တယ်။ ၀ယ်တဲ့လူက နစ်နာတယ်။ မသိနားမလည်သူတွေ မ၀ယ်မိ အောင် တားတာဖြစ်တယ်။ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတွေပါ ပါနေကြတယ်။တချို့စာချုပ်တွေမှာ သူတို့ကိုယ် တိုင် လက်မှတ်ထိုးတယ်။ တံဆိပ်တုံးနဲ့ပါ လက်မှတ်ထိုးထားတာ တွေ ရှိတယ်’’ဟု ဒေါက်တာ စိုးသန်းက ပြောသည်။

မြေကွက်များကို အကွက် ရိုက်ရောင်းချနေမှုများထဲမှ ပြင်ဦး လွင်မြို့နယ်ရှိ သစ်တောများပါ ပါဝင်နေသည်။

မန္တလေးတိုင်းအတွင်းရှိ မြို့နယ်များတွင် လယ်ယာမြေများ အား အကွက်ရိုက်ပြီး လူနေထိုင် ရန်၊ စီးပွာေးရးလုပ်ငန်းများ လုပ်ကိုင်ရန်၊ လူမှုကွန်ရက် စာမျက်နှာ တွင် ကြေညာ၍လည်းကောင်း၊ အကျိုးဆောင်များမှတစ်ဆင့် လည်းကောင်း ရောင်းဝယ်မှုများ ရှိနေသည်။

ထို့ကြောင့် လယ်ယာမြေ များကို ခွင့်ပြုချက်မရှိဘဲ ရောင်း ချခြင်း၊ ခြံစည်းရိုးခတ်ခြင်း၊ မြေဖို့ ခြင်း၊ အဆောက်အအုံဆောက် လုပ်ခြင်း၊ လမ်းဖောက်လုပ်ခြင်း သည် ၂၀၁၂၊ လယ်ယာမြေဥပဒေ နှင့် ညီညွတ်မှု မရှိပါသဖြင့် ဆောင်ရွက်ခြင်းမပြုရန် သတိပေးထားပြီး ပြုလုပ်ပါက တည်ဆဲဥပဒေများ နှင့်အညီ အရေးယူမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့က ဇူလိုင် ၂၅ ရက်တွင် အသိပေးကြေညာထား သည်။

၂၀၁၂ လယ်ယာမြေဥပဒေ တွင် လယ်ယာမြေများကို တရား မ၀င်အကွက်ရိုက်ရောင်းချပါက ဥပဒေအရ ထိုမြေပေါ်ရှိ အဆောက်အအုံ (သို့မဟုတ်) ပိုင်ဆိုင်မှုများ ကို ဖျက်သိမ်းခြင်း၊ ဒဏ်ရိုက်ခြင်း၊ နှင်ထုတ်ခြင်းနှင့် တရားစွဲဆိုခြင်း များ ဆောင်ရွက်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

လယ်ယာမြေများကို အ ကွက်ရိုက်အရောင်းအ၀ယ် မပြု လုပ်ရန် အသိပေးကြေညာထား သည်မှာ သုံးနှစ်ခန့်ရှိနေပြီး ဆက် လက်အရောင်းအ၀ယ်ပြုလုပ်မှု များထဲတွင် ငွေကြေးချမ်းသာ သည့် လုပ်ငန်းရှင်များပါဝင်နေပြီး ၎င်းတို့ကို ဖော်ထုတ်အရေးယူ မည်ဖြစ်ကြောင်း ၀န်ကြီးက ပြော သည်။

ပုသိမ်ကြီးမြို့နယ်ရှိ နန်းဦးလွင်ရပ်ကွက်တွင်လည်း လုပ်ငန်းရှင်များက ငွေထုတ်ပေး၍ မြေကွက်များအကွက်ရိုက်ဝယ်ယူထားမှု သိန်းထောင်ချီရှိနေပြီး ရောင်းမှား၊ ၀ယ်မှားများအနေဖြင့် ရောင်းသူကိုသာ တရားစွဲဆိုနိုင် သည်ဟု ဆိုသည်။

‘‘အစိုးရက ပုံစံ(၇)တော့ ချ ထားပေးတယ်။ ရေထု၊ မြေထု သည်နိုင်ငံတော်ပိုင် အစိုးရမဟုတ်ဘူး။ နိုင်ငံတွင်းကပြည်သူတွေ၊ အစိုးရလည်းပါတယ်၊ မြန်မာနိုင် ငံတော်ကပိုင်တာ မြေမှာလယ် မြေလုပ်ပါ။ လုပ်ခွင့်ပေးတာ။ အပိုင်ပေးတာ မရှိဘူး။ လုပ်ပိုင် ခွင့်မှာ စည်းမျဉ်း၊ စည်းကမ်းရှိ တယ်’’ဟု ဒေါက်တာစိုးသန်းက ပြောသည်။

လက်ရှိတွင် လယ်ယာမြေ များပေါ်တွင် အကွက်ရိုက်ရောင်း ချနေသူများကို တရားစွဲဆိုရန် ပြင်ဆင်နေပြီး ပုသိမ်ကြီးမြို့နယ် ၌ စတင်စွဲဆိုမည် ဖြစ် သည်။

‘‘အစိုးရကို တရားဥပဒေစိုး မိုးရေးစိန်ခေါ်တယ်။ အရင်တုန်း ကလည်း သတ်သတ်မှတ်မှတ် မလုပ်ခဲ့ကြတာပေါ့။ အစိုးရမြေ လေ လုပ်ပိုင်ခွင့်ပဲ ပေးထားတယ်။ စည်းမျဉ်းတွေ ပြန်ဖျက်ရင် သိမ်း မယ်။ ဥပဒေအတိုင်း ဆက်လုပ် မယ်။ ကျော်မလုပ်ဘူး။ ကျော သား၊ ရင်သားမခွဲဘူး။ အဲဒီအထဲ မှာ စီမံကိန်းမြေတွေတော့ မပါ ဘူး။ ပုံစံ (၇) ပေါက်ထားတဲ့ လယ်ယာမြေတွေပေါ့’’ဟု ဒေါက်တာ စိုးသန်းက ဆက်လက်ဆောင်ရွက် မှု ကိစ္စများနှင့်ပတ်သက်၍ ပြော သည်။

အဆိုပါ မြေများပြန်လည် ရရှိလာပါက ဖွံ့ဖြိုးရေးလုပ်ငန်း များ ဆောင်ရွက်ခြင်း၊ တန်ဖိုးနည်း အိမ်များ ဆောက်လုပ်မည်ဖြစ်ပြီး မြေများကို ကျန်ရှိသည့် အစိုးရသက်တမ်းတွင် အပြီးသိမ်းဆည်းနိုင်ရေးပြုလုပ်မည် ဖြစ်သည်။

အစိုးရက လယ်ယာမြေလုပ် ပိုင်ခွင့်ပေးသည့် မြေပေါ်တွင်အကွက်ရိုက်၍ ပိုင်ဆိုင်မှုတစ်စုံတစ်ရာမရှိဘဲ ကြိုက်ရောင်း၊ ကြိုက်ဝယ် ဖြင့် ရောင်းချခြင်းသာဖြစ် ကြောင်း ချမ်းပြသာစည်မြို့နယ် အိမ်ခြံမြေအကျိုးဆောင်တစ်ဦး က ပြောသည်။

‘‘အစိုးရက တရားဝင်ရောင်း ခွင့်ပြုတဲ့ မြေမှာ ပေ ၂၀ နဲ့ ပေ ၃၀ ဆို သိန်း ၂၀၀ ကျော်ရှိကြတယ်။ အဲဒီဘက်မှာက ပေ ၄၀ နဲ့ ပေ ၆၀ ကို သိန်း ၇၀ လောက်ဆိုတော့ ၀ယ်နေကြတယ်။ ကျွန်တော်တို့ကတော့ ဒါမျိုးကို အားမပေးဘူး။ အရောင်းအ၀ယ်လည်း လုပ်မပေးဘူး။ ပိုက်ဆံရှိတဲ့သူတွေက ဧကလိုက်ဝယ်တယ်။ ပြီးတော့ အကွက်ရိုက်ပြန်ရောင်းတယ်။ ရှိတာလေးပုံပြီး ၀ယ်လိုက်တဲ့သူတွေအတွက်တော့ နစ်နာတယ်’’ဟု ၎င်းက ပြောသည်။

‘‘ရပ်ကွက်အုပ်ချုပ်ရေးမှူး တွေ မြေယာအရောင်းအ၀ယ်ကိစ္စ မှာ ပါဝင်လုပ်ကိုင်ခြင်းမရှိဖို့ ၂၀၁၃ ကတည်းက အမိန့်ထုတ် ထားတယ်။ အမိန့်ထုတ်ထားက တည်းကလည်း လက်မှတ်မထိုး ပေးခဲ့သလို ကိုယ်ပိုင်ဆင်ခြင်တုံ တရားနဲ့လည်း မထိုးပေးခဲ့ဘူး။ သူတို့က အားကိုးရှာချင်လို့ ထိုး ခိုင်းခဲ့တာတွေ ရှိတယ်။ ကျွန် တော်ကတော့ မထိုးပေးခဲ့ဘူး’’ဟု ချမ်းအေးသာစံမြို့နယ် ကံကောင်း ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ကိုမင်းက ပြောသည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
Twilight ဇာတ်လမ်းတွဲများဖြင့် ကမ္ဘာကျော်ခဲ့သော ရုပ်ရှင်မင်းသမီး ခရစ္စတင်း စတီးဝပ်က သူ၏ လော့စ်အိန်ဂျလိမှ ဒေါ်လာ ၃ ဒသမ ၇ သ
Twilight ဇာတ်လမ်းတွဲများဖြင့် ကမ္ဘာကျော်ခဲ့သော ရုပ်ရှင်မင်းသမီး ခရစ္စတင်း စတီးဝပ်က သူ၏ လော့စ်အိန်ဂျလိမှ ဒေါ်လာ ၃ ဒသမ ၇ သ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ

Upcoming Property Events

Innwa Pyae Sone Residence
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service