စက်ရုံအလုပ်ရုံများ တည်ထောင်ဆောင်ရွက်လိုသည့်အတွက် လုပ်ငန်းရှင်များအားဖိတ်ခေါ် - Property News in Myanmar from iMyanmarHouse.com
2423 Views

စက်ရုံအလုပ်ရုံများ တည်ထောင်ဆောင်ရွက်လိုသည့်အတွက် လုပ်ငန်းရှင်များအားဖိတ်ခေါ်

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ် ဂုန်နီစက်ရုံ၏မြေလွတ်ဧရိယာအ
တွင်းစက်ရုံအလုပ်ရုံများ တည်ထောင်ဆောင်ရွက်လိုသည့်အတွက် လုပ်ငန်းရှင်များအား မြန်မာနိုင်ငံလယ်ယာစီးပွားရေးအများပိုင်ကော်ပိုရေးရှင်းလီမိက်(MAPCO)မှ ဖိတ်ခေါ်ထားကြောင်းသိရသည်။

မြောင်းမြမြို့နယ် ဂုန်နီစက်ရုံဝင်းရှိ မြေလွတ်ဧရိယာအတွင်းလယ်ယာစိုက်ပျိုးရေးအခြေခံ ထုတ်လုပ်မှုလုပ်ငန်းများ၊စက်ရုံအလုပ်ရုံများနှင့် ဒေသခံများအား အလုပ်အကိုင်ဖန်တီးပေးနိုင်သည့်လုပ်ငန်းများကို ရင်းနှီးမြှုပ်နှံဆောင်ရွက်လိုသော ပြည်တွင်းပြည်ပ အဖွဲ့အစည်းများအနေဖြင့် ဆက်သွယ်ညှိနှိုင်းဆောင်ရွက်နိုင်ကြောင်း ဖိတ်ခေါ်ထားသည်။

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြဂုန်နီစက်ရုံ၏မြေလွတ်ဧရိယာ ၃၃၄ ဧကကျော်ပေါ်တွင် လယ်ယာကဏ္ဍအခြေခံစက်မှုဇုန်ဖော်ဆောင်ရေးအတွက် ဝန်ကြီးဌာန၊MIC တို့နှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်းမြန်မာနိုင်ငံ လယ်ယာစီးပွားရေး အများပိုင်ကော်ပိုရေး လီမိတက်၏ ထုတ်ပြန်ချက်အရ သိရသည်။

MAPCO မှ Developer အဖြစ်ဆောင်ရွက်မည့် မြောင်းမြဂုန်နီစက်ရုံ၏ မြေလွတ်ဧရိယာ ၃၃၄ ဒသမ ၇၂ ဧက တွင် လယ်ယာကဏ္ဍ အခြေခံစက်မှုဇုန် ဖော်ဆောင်ရေးစီမံကိန်းများအတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရနှင့်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတို့မှ ကန့်ကွက်ရန်မရှိကြောင်း MIC သို့ သဘောထားမှတ်ချက်ပေးပြီးဖြစ်ကြောင်းသိရသည်။

လယ်ယာကဏ္ဍကိုအခြေခံသော စက်မှုလုပ်ငန်းများ၊အသေးစားနှင့် အလတ်စားလုပ်ငန်းများအတွက် လိုအပ်သော မြေအသုံးချမှုကို သင့်တော်သောဈေးနှုန်းဖြင့် စီစဉ်ဆောင်ရွက်ပေးနိုင်ရန်နှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုတိုးတက်လာစေရန်၊ရေရှည်တည်တံ့ပြီးစဉ်ဆက်မပြတ်ဖွံ့ဖြိုး နေသော စက်မှုဇုန်အဖြစ် ရင်းနှီးမြှုပ်နှံလုပ်ကိုင်ဆောင်ရွက်မှုမှ အစုရှယ်ယာရှင်များ၏အကျိုးစီးပွားကို ဖော်ဆောင်ရန်စသည့်ရည်ရွယ်ချက်များဖြင့် မြောင်းမြမြို့နယ်တွင်လယ်ယာကဏ္ဍအခြေခံစက်မှုဇုန် တည်ဆောက်ရင်းနှီးမြှုပ်နှံခြင်းဖြစ်ကြောင်းသိရသည်။

MAPCOမှ ကျိုက်လတ်နှင့် မြောင်းမြမြို့နယ်တို့တွင် တည်ဆောက်မည့် ဖွဲ့နု
ဆီကြမ်းစက်ရုံစီမံကိန်းအတွက် လေ့လာမှုများ ဆောင်ရွက်နေကြောင်းသိရသည်။

Credit :Daily Eleven

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service