တိုက်ခန်းများရောင်းမကောင်းကြောင်းပြောနေကြသော်လည်း တိုက်ခန်း လိုအပ်နေသူတွေ သိန်းနဲ့ချီ ရှိနေကြောင်း ၀န်ကြီးချုပ်ပြောကြား - Property News in Myanmar from iMyanmarHouse.com
41147 Views

တိုက်ခန်းများရောင်းမကောင်းကြောင်းပြောနေကြသော်လည်း တိုက်ခန်း လိုအပ်နေသူတွေ သိန်းနဲ့ချီ ရှိနေကြောင်း ၀န်ကြီးချုပ်ပြောကြား

ဇူလိုင် ၂၃ ရက် န့နက် ၁၀ နာရီတွင် ရန်ကုန်မြို့ Chatrium Hotel တွင်ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရနှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့ ပူးတွဲကျင်းပသည့် အိမ်ရာဘဏ္ဍာရေးဈေးကွက်ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတက်ရောက်ခဲ့ပြီး တိုက်ခန်းများရောင်းမကောင်းကြောင်းပြောနေကြသော်လည်း တိုက်ခန်း လိုအပ်နေသူတွေ သိန်းနဲ့ချီ ရှိနေကြောင်း အမှာစကား ပြောကြားရာတွင်ထည့်သွင်းပြောဆိုခဲ့သည်။

ဝန်ကြီးချုပ်က အမှာစကားပြောရာတွင် ကမ္ဘာကြီးတွင် မြို့ပြဖွံ့ဖြိုးတိုးတက်လာမှုနှုန်းသည် အရှိန်အဟုန်နှင့် ဖြစ်လာနိုင်သည်ဟု ကုလသမဂ္ဂ၏ စစ်တမ်းများရှိကြောင်း၊ နိုင်ငံ၏လူဦးရေ ၃၀ရာခိုင်နှုန်းခန့်မှာ မြို့ပြ၌ လာရောက်နေထိုင်သည်ဟုဆိုကြောင်း၊ မြန်မာနိုင်ငံတွင်လည်း မြို့ပြကို လာရောက်နေထိုင်မှုနှုန်းများသည် တိုးပွားလာကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းများကြောင့် ရန်ကုန်မြို့တော်ကိုရွှေ့ပြောင်းနေထိုင်လာ သူများလည်းရှိကြောင်း၊ ထို့ကြောင့် ရန်ကုန်မြို့တော်ကြီး၏ ဖွံ့ဖြိုးတိုးတက်မှု တစ်ဖက်ကဆောင်ရွက်နေသကဲ့သို့ ရန်ကုန်မြို့ကိုပြင်ပမှ ဝိုင်းရံထားသည့် စည်ပင်သာယာနယ်နိမိတ်ပြင်ပ (၁၁) မြို့နယ်ကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားဖို့ စီစဉ်နေခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ " တိုက်ခန်းတွေရောင်းမကောင်းဘူးလို့ လူတွေကပြောနေပေမယ့် တိုက်ခန်း လိုအပ်နေတဲ့သူတွေ သိန်းနဲ့ချီ ရှိနေတဲ့ ဈေးကွက်ကြီးတစ်ခု ဖြစ်ပါတယ်။ ဒီဥစ္စာကိုစနစ်တကျ တည်ဆောက်ပေးနိုင်မယ်ဆိုရင် ဒီဈေးကွက်ဟာ လာရောက်ရင်းနှီးမြုပ်နှံတဲ့ နိုင်ငံခြား ရင်းနှီးမြုပ်နှံသူတွေအတွက်ရော ပြည်တွင်းက လုပ်ငန်းရှင်တွေအတွက်ရော အခွင့်အလမ်းတစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ နေထိုင်နေတဲ့ အိမ်ရာမရှိတဲ့သူတွေအတွက်လည်း အခွင့်အလမ်းကောင်းဖြစ်ပါတယ်။ ဒါကြောင့် အိမ်ရာတွေကို စီမံပေးနိုင်ဖို့ ငွေရေးကြေးရေးကဏ္ဍတစ်ခုကို စနစ်တကျလုပ်ပေးနိုင်ဖို့၊ နောက်တစ်ခုက ဥပဒေနဲ့အညီ အိမ်ရာတွေကို ထိန်းသိမ်းနိုင်ဖို့ မူဝါဒတွေနဲ့အညီ ကျွန်တော်တို့ရဲ့မြို့ပြကို တည်ဆောက်သွားနိုင်ဖို့ ဖြစ်ပါတယ်"ဟု ဝန်ကြီး ချုပ်ကပြောသည်။

၎င်းအလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်တိုင်းဒေသကြီးအစိုးရနှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့ က ပူးတွဲစီစဉ် ဆောင်ရွက်ခြင်းဖြစ်ပြီး ပြည်တွင်းပြည်ပကျွမ်းကျင်ပညာရှင်များ၊ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက် ဆွေးနွေးကြသည်။

မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service