မန္တလေးတွင် မြေစလစ်အတုဈေးကွက်ရှိဟု အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များ သတိပေး - Property News in Myanmar from iMyanmarHouse.com
2049 Views

မန္တလေးတွင် မြေစလစ်အတုဈေးကွက်ရှိဟု အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များ သတိပေး

မန္တလေးမြို့တော် စည်ပင်နယ်နိမိတ်အတွင်းရှိ မြေကွက်လွတ်အချို့ကို မြေစလစ် (မြေချထားမိန့်စာရွက်) အတုဖြင့် လိမ်လည်ရောင်းချမှုများ ရှိနေသောကြောင့် မြေကွက်အလွတ်များကိုဝယ်ယူရာ၌ သတိထားရန် မန္တလေးမြို့ခံ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များက သတိပေးပြောဆိုသည်။

မြေစလစ်အတု ပြုလုပ်ရောင်းချသူများသည် သက်တမ်းနုနယ်သေးသော ပွဲစားအချို့မှတစ်ဆင့် နယ်ဒေသမှ မြေဝယ်ယူလိုသူ၊ ဈေးသက်သက်စွာဖြင့် မြေကွက်ပိုင်ဆိုင်လိုသူများနှင့် နားမလည်သူ များကိုပစ်မှတ်ထား လုပ်ဆောင်နေကြောင်း မန္တလေးမြို့ခံ ဖိုးလမင်း အိမ်၊ခြံ၊မြေ အကျိုးဆောင်လုပ်ငန်းရှင် ဦးဝဏ္ဏစိုးက ပြောကြားသည်။

“အိမ်၊ခြံ၊ မြေဈေးကွက်ထဲမှာ မြေစလစ်အတုကိုဝယ်ထားတဲ့သူတွေ အများကြီးရှိတယ်။ ဝယ်မှားပေါ့။ မြေစလစ်အတုက အများကြီးရှိနေသလို၊ ပြဿနာတွေလည်း အများကြီးရှိနေတယ်”ဟု ၎င်းက ရှင်းပြသည်။

သက်ဆိုင်ရာနယ်မြေကိုကျွမ်းကျင်သော ဝါရင့်ပွဲစားများအနေနှင့် ဈေးကွက်အတွင်းရှိ မြေစလစ်စာရွက်ကိုကြည့်၍ အတု၊ အစစ် ခွဲခြားနိုင်သောကြောင့် လိမ်လည်ရောင်းချသောသူများသည် ဝါရင့်မြေပွဲစားများကို ရှောင်ရှား၍ အရောင်းအဝယ် ပြုလုပ်လေ့ရှိကြောင်း ဝသုနြေ္ဒ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းရှင် ဦးမျိုးမြင့်အောင်က ဖြည့်စွက်ပြောကြားသည်။

မြေစလစ်အတုအစစ်ကွာခြားမှုနှင့် ပတ်သက်၍ “စာရွက်သားကွာတယ်။ လက်ရေးလက်သားကွာတယ်။ နေ့၊ ရက်တွေ လွဲတယ်။ ချပေးတဲ့ခုနှစ်အလိုက်တိုင်း အတွင်းရေးမှူးလက်မှတ်ကွာတယ်”ဟု ၎င်းက ရှင်းပြသည်။

မြေကွက်ဝယ်ယူလိုသူများအနေနှင့် ကာလပေါက်ဈေးအောက် လျော့နည်းနေပါက ကျွမ်းကျင်သူများနှင့်တိုင်ပင်၍ ဝယ်ယူသင့်ကြောင်း ဦးမျိုးမြင့်အောင်က ထပ်မံပြောကြားသည်။

“မြေစလစ်အတုဆိုတော့ မြန်မြန်ဝယ်အောင် ဈေးလျှော့ရောင်းကြတယ်”ဟု ၎င်းက ပြောဆိုသည်။

မြေစလစ်အတု လိမ်လည်ရောင်းချသောသူများသည် အစုအဖွဲ့တစ်ခုအနေဖြင့်ရှိနေပြီး စလစ်အတုကိုကိုင်ကာ မြေကွက်ခြံဝင်းခတ်ခြင်းကို အလျင်အမြန်ပြု လုပ်နေမှုများလည်းရှိနေကြောင်း အကျိုးဆောင်များထံမှ သိရသည်။

မြေစလစ်အတုရောင်းချနေမှုကို ယခင်ကထက် အစိုးရသစ်လက်ထက်တွင် ပိုမိုမြင်တွေ့နေရကြောင်း၊ မြေယာပြဿနာများနှင့် အစိုးရအပြောင်းအလဲကာလတွင် ပိုမိုအတင့်ရဲစွာဖြင့် လုပ်ဆောင်လာ ကြခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောဆိုသည်။

ယင်းသို့ မြေစလစ်အတုဈေးကွက် ဖြစ်ပေါ်နေသောကြောင့် မြေချထားမိန့် ရရှိထားပြီး မြေကွက်ပိုင်ဆိုင်ထားသူများကို ဝင်းခြံများခတ်ရန်နှင့် အဆောက်အအုံများ ဆောက်လုပ်ရန် မန္တလေးမြို့တော်စည်ပင်က အသိပေးထားသည်။

မြေဂရန်များရယူရန် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီသို့ လျှောက်ထားရာ၌ မြေစလစ်အတုများပါဝင်နေသောကြောင့် တိုင်းအစိုးရအဖွဲ့က စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း၍ စစ်ဆေးနေပြီး မြေဂရန်ချထားမှုကို ရပ်ဆိုင်းထားသည်။

မြေစလစ်အတုများကို အများဆုံးတွေ့ရသည်မှာ ပြည်ကြီးတံခွန်မြို့နယ်ဖြစ်ပြီး ဒုတိယအများဆုံးတွေ့ရသောနေရာမှာ ချမ်းမြသာစည်မြို့နယ်၊ တတိယအများဆုံး တွေ့ရသောနေရာမှာ မဟာအောင်မြေမြို့နယ် ရဲမွန်တောင်ရပ်ကွက်တို့ဖြစ်ကြောင်း အိမ်၊ ခြံ၊ မြေ ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

Credit: The Voice

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Ali
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Ali

Upcoming Property Events

From 07 Jun To 08 Jun

The Vista

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

imyanmarmarket
The Vista Luxury Residance

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service