ကွန်ဒိုနည်းဥပဒေအားအတည်ပြုလိုက်သည့်အချက်များထဲမှနှစ်ချက်ကို ပြန်လည်ပြင်ဆင်ပေးရန် MCEA မှတောင်းဆိုထားရာ လာမည့် ပြည်သူ့လွှတ်တော် တွင်ဆွေးနွေးသွားမည် - Property News in Myanmar from iMyanmarHouse.com
2328 Views

ကွန်ဒိုနည်းဥပဒေအားအတည်ပြုလိုက်သည့်အချက်များထဲမှနှစ်ချက်ကို ပြန်လည်ပြင်ဆင်ပေးရန် MCEA မှတောင်းဆိုထားရာ လာမည့် ပြည်သူ့လွှတ်တော် တွင်ဆွေးနွေးသွားမည်

စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ နည်းဥပဒေ(ကွန်ဒိုနည်းဥပဒေ)အား
ပြည်သူ့လွှတ်တော်မှ အတည်ပြုလိုက်သည့်အချက်များထဲမှနှစ်ချက်ကို ပြန်
လည်ပြင်ဆင်ပေးရန် အတွက်MCEA မှတောင်းဆိုထားရာ လာမည့် ပြည်သူ့လွှတ်တော် တွင်ဆွေးနွေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း (MCEA)ဥက္ကဋ္ဌ မှပြောကြားခဲ့သည်။

အများက ကွန်ဒိုမီနီယံ ဥပဒေ ဟုခေါ်ဆိုသည့် စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာဥပဒေကို ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်က ပြည်ထောင်စုလွှတ်တော်တွင်အတည်ပြုထုတ်ပြန်ခဲ့ပြီးနောက် နည်းဥပဒေကို ၂ဝ၁၈ ခုနှစ်အစောပိုင်းမှသာ ထုတ်ပြန်နိုင်ခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စု လွှတ်တော်တွင် တင်ပြသည့်ကိစ္စကို အမျိုးသားလွှတ်တော်
တွင်ဆွေးနွေးခဲ့ပြီးပြီ။အမျိုးသားလွှတ်တော် တွင်ဆွေးနွေးချက်အားလုံးကိုလည်း ပြည်သူ့လွှတ်တော်ကို ပြန်ချပေးပြီးပြီ။ဇူလိုင် ၂၃ ရက်တွင် ကျင်းပမည့် လွှတ်တော်တွင် ဆွေးနွေးမည်ဖြစ်သည်။

ပြည်သူ့လွှတ်တော်အနေနှင့် ဒါကို လက်ခံလိုက်ပြီဆိုလျှင် ကွန်ဒို မီနီယမ်နည်းဥပဒေသည် ပြီးဆုံးသွားမည်။

ဆွေးနွေးချက်အဆင်မပြေဘူးဆိုလျှင် ပြည်ထောင်စုလွှတ်တော်ကို တင်ပြီးမှ အဆုံးအဖြတ်ရယူရမည်ဖြစ်သည်။

ပြည်သူ့လွှတ်တော်မှ အဆောက်အအုံ မဆောက်လုပ်မီ အဆောက်အအုံတည်ထောင်သူမှ ထိုအဆောက်အအုံ၏ တန်ဖိုး ၁၅% ကို ဘဏ်အတွင်း ထည့်သွင်းထားရန် ဖော်ပြထားရာ MCEA မှ ၁ဝ%သို့ လျှော့ချပေးရန်နှင့်အဆောက်အအုံပြီးစီးပါက ပြန်လည်ပြုပြင်ထိန်းသိမ်းခြင်းကို တည်ဆောက်သူ မှနှစ်နှစ် တာဝန်ယူရမည့် အချက်ကို တစ်နှစ်သို့လျှော့ချပေးရန် တောင်းဆိုထားကြောင်းသိရသည်။

Credit: The kumudra

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Ali
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Ali
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
မလေးရှားတွင် အမျိုးသမီးတစ်ဦးက ဘွဲ့ရပညာတတ်များမှာ အထက်တန်းကျောင်းသာ တက်ခဲ့ဖူးသူများထက် ပိုမိုယဉ်ကျေးသိမ်မွေ့မှုရှိကြောင်း
မလေးရှားတွင် အမျိုးသမီးတစ်ဦးက ဘွဲ့ရပညာတတ်များမှာ အထက်တန်းကျောင်းသာ တက်ခဲ့ဖူးသူများထက် ပိုမိုယဉ်ကျေးသိမ်မွေ့မှုရှိကြောင်း
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ

Upcoming Property Events

Magical World
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service