သင့္အိမ္ရဲ႕ ေရဆင္းပိုက္ေတြနဲ႔ နံရံအက္ေၾကာင္းေတြကို ဂ႐ုစိုက္ပါ - Property Knowledge in Myanmar from iMyanmarHouse.com
22736 Views

သင့္အိမ္ရဲ႕ ေရဆင္းပိုက္ေတြနဲ႔ နံရံအက္ေၾကာင္းေတြကို ဂ႐ုစိုက္ပါ

Knowledge | Posted by Hnin Ei Khin

#Zawgyi#

ေနအိမ္ရဲ႕ ေရဆင္းပိုက္ေတြနဲ႔ နံရံေတြမွာ ျဖစ္ေပၚတတ္တဲ့ အခက္အခဲျပႆနာေတြကို ဘယ္လိုေျဖရွင္းရမလဲဆိုတဲ့ နည္းလမ္းေလးတြကို ေဖာ္ျပေပးလိုက္ပါတယ္။

+++ ေရပိုက္ +++

 

အထူးသျဖင့္ ေရခ်ိဳးခန္း၊ အိမ္သာ၊ မီးဖိုေခ်ာင္ေတြ၊ ေခါင္မိုးထပ္ကေန ေအာက္အထိ တပ္ဆင္အသံုးျပဳတဲ့ ေရပိုက္ေတြမွာ တစ္ခါတစ္ေလ ျပႆနာေတြ ျဖစ္ေပၚတတ္ပါတယ္။ အဲသည္ ျပႆနာေတြေၾကာင့္ အိမ္ရဲ႕ ေခါင္မိုးထပ္ေတြနဲ႔ အိမ္အခန္းခ်င္းဆက္ထားတဲ့ ၾကမ္းခင္းေနရာေတြမွာ ေရေတြ စိုရႊဲအိုင္လာတတ္သလို ေရဆိုးနဲ႔ အညစ္အေၾကးေတြက ေနအိမ္ထဲ စိမ့္ဝင္လာတာတို႔၊ ေခါင္မိုးထပ္ကေန ေရက်ရာ ေနရာေတြကေန စိမ့္က်လာတို႔ ျဖစ္လာတတ္ပါတယ္။ သည္လိုမ်ိဳးေတြ ျဖစ္လာၿပီဆိုရင္ ကိုယ့္နည္းကိုယ့္ဟန္နဲ႔ ေရပိုက္ေတြကို ျပင္ဖုိ႔ မႀကိဳးစားပါနဲ႔၊ အိမ္နဲ႔ ပက္သက္တဲ့ ျပင္ဆင္မႈလုပ္ငန္း လုပ္ကိုင္သူေတြက သည္လို ျပႆနာမ်ိဳးေတြ ေျဖရွင္းတဲ့ေနရာမွာ အေကာင္းဆံုး လုပ္ကိုင္ေဆာင္ရြက္ႏိုင္ၾကပါတယ္။

ေရပိုက္ေတြ ေပါက္ေနတာ၊ အမိႈက္သ႐ိုက္ေတြ တစ္စို႔ေနတာေတြအတြက္ ေျဖရွင္းေပးမွာပါ။ ေရပိုက္အသံုးျပဳတပ္ဆင္မႈအတြက္ အရည္အေသြးအေကာင္းစားေကာ္အမ်ိဳးအစားနဲ႔ ျပဳလုပ္တဲ့ပိုက္ေတြကို ဝယ္ယူတပ္ဆင္ဖုိ႔ လိုအပ္ၿပီး ေရစီးဆင္း အသံုးျပဳတဲ့ အခ်ိန္ေတြမွာလည္း အညစ္အေၾကးနဲ႔ အမိႈက္သ႐ိုက္ေတြကို ေရစီးပိုက္လိုင္းလမ္းေၾကာင္းထဲ မဝင္ႏိုင္ေအာင္ အထူးဂ႐ု စိုက္တတ္ဖို႔ လိုအပ္ပါတယ္။

 

+++ နံရံအက္ကြဲေၾကာင္း +++

 

ေနအိမ္ နံရံေတြမွာ ျဖစ္ေပၚတတ္တဲ့ အက္ကြဲေၾကာင္းေတြရဲ႕ ျပႆနာကလည္း ေနအိမ္ေတြမွာ အထူးထိန္းသိမ္းသင့္တဲ့ အရာထဲမွာ ပါပါတယ္။ အဲသည္ အက္ကြဲေၾကာင္းေတြက တစ္ဆင့္ တျဖည္းျဖည္းႀကီးထြားလာၿပီး ေနာက္ဆံုး မထိန္းသိမ္းေတာ့တဲ့ အဆံုးမွာ နံရံၿပိဳတာေတြ၊ အေဆာက္အအံု ယိုင္လာတာေတြ ၿပိဳက်တာမ်ိဳးေတြအထိ အႏၲရာယ္မ်ားလာ ႏိုင္ပါတယ္။ တံခါးနံရံေတြ၊ ျပတင္းေပါက္ေတြ၊ ေရပိုက္လိုင္းနဲ႔ ခ်ိတ္ဆက္ထားတဲ့ နံရံေတြ၊ မီးဖိုေခ်ာင္၊ ေရခ်ိဳးခန္း၊ အိမ္သာစသည္ျဖင့္ နံရံေတြမွာလည္း အက္ကြဲေၾကာင္းေတြ မျဖစ္ေပၚလာဖို႔ အက္ကြဲေၾကာင္း ပိတ္သြားေစမယ့္ အဆင့္ျမင့္ အိမ္သုတ္ေဆးေတြ၊ ခံေဆးေတြသုတ္ၿပီး ျပဳျပင္ထိန္းသိမ္း ထားရပါမယ္။ သံ႐ိုက္တာတို႔၊ ထုပ္တန္းလုပ္တာေတြအတြက္လည္း အက္ကြဲေၾကာင္း မထဖုိ႔ စကၠဴတို႔၊ ေဖာ့ျပားတို႔ခံၿပီး၊ ႐ိုက္သြင္းတာ၊ ကပ္ခြာခ်ိတ္ကေလးေတြကို နံရံေတြမွာ ကပ္ၿပီး အသံုးျပဳမယ္ဆိုရင္ အဆင္ေျပႏုိင္ပါတယ္။

 

Credit: The Kumudra

 

#Unicode#

 

နေအိမ်ရဲ့ ရေဆင်းပိုက်တွေနဲ့ နံရံတွေမှာ ဖြစ်ပေါ်တတ်တဲ့ အခက်အခဲပြဿနာတွေကို ဘယ်လိုဖြေရှင်းရမလဲဆိုတဲ့ နည်းလမ်းလေးတွကို ဖော်ပြပေးလိုက်ပါတယ်။

+++ ရေပိုက် +++

 

အထူးသဖြင့် ရေချိုးခန်း၊ အိမ်သာ၊ မီးဖိုချောင်တွေ၊ ခေါင်မိုးထပ်ကနေ အောက်အထိ တပ်ဆင်အသုံးပြုတဲ့ ရေပိုက်တွေမှာ တစ်ခါတစ်လေ ပြဿနာတွေ ဖြစ်ပေါ်တတ်ပါတယ်။ အဲသည် ပြဿနာတွေကြောင့် အိမ်ရဲ့ ခေါင်မိုးထပ်တွေနဲ့ အိမ်အခန်းချင်းဆက်ထားတဲ့ ကြမ်းခင်းနေရာတွေမှာ ရေတွေ စိုရွှဲအိုင်လာတတ်သလို ရေဆိုးနဲ့ အညစ်အကြေးတွေက နေအိမ်ထဲ စိမ့်ဝင်လာတာတို့၊ ခေါင်မိုးထပ်ကနေ ရေကျရာ နေရာတွေကနေ စိမ့်ကျလာတို့ ဖြစ်လာတတ်ပါတယ်။ သည်လိုမျိုးတွေ ဖြစ်လာပြီဆိုရင် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရေပိုက်တွေကို ပြင်ဖို့ မကြိုးစားပါနဲ့၊ အိမ်နဲ့ ပက်သက်တဲ့ ပြင်ဆင်မှုလုပ်ငန်း လုပ်ကိုင်သူတွေက သည်လို ပြဿနာမျိုးတွေ ဖြေရှင်းတဲ့နေရာမှာ အကောင်းဆုံး လုပ်ကိုင်ဆောင်ရွက်နိုင်ကြပါတယ်။

ရေပိုက်တွေ ပေါက်နေတာ၊ အမှိုက်သရိုက်တွေ တစ်စို့နေတာတွေအတွက် ဖြေရှင်းပေးမှာပါ။ ရေပိုက်အသုံးပြုတပ်ဆင်မှုအတွက် အရည်အသွေးအကောင်းစားကော်အမျိုးအစားနဲ့ ပြုလုပ်တဲ့ပိုက်တွေကို ဝယ်ယူတပ်ဆင်ဖို့ လိုအပ်ပြီး ရေစီးဆင်း အသုံးပြုတဲ့ အချိန်တွေမှာလည်း အညစ်အကြေးနဲ့ အမှိုက်သရိုက်တွေကို ရေစီးပိုက်လိုင်းလမ်းကြောင်းထဲ မဝင်နိုင်အောင် အထူးဂရု စိုက်တတ်ဖို့ လိုအပ်ပါတယ်။

 

+++ နံရံအက်ကွဲကြောင်း +++

 

နေအိမ် နံရံတွေမှာ ဖြစ်ပေါ်တတ်တဲ့ အက်ကွဲကြောင်းတွေရဲ့ ပြဿနာကလည်း နေအိမ်တွေမှာ အထူးထိန်းသိမ်းသင့်တဲ့ အရာထဲမှာ ပါပါတယ်။ အဲသည် အက်ကွဲကြောင်းတွေက တစ်ဆင့် တဖြည်းဖြည်းကြီးထွားလာပြီး နောက်ဆုံး မထိန်းသိမ်းတော့တဲ့ အဆုံးမှာ နံရံပြိုတာတွေ၊ အဆောက်အအုံ ယိုင်လာတာတွေ ပြိုကျတာမျိုးတွေအထိ အန္တရာယ်များလာ နိုင်ပါတယ်။ တံခါးနံရံတွေ၊ ပြတင်းပေါက်တွေ၊ ရေပိုက်လိုင်းနဲ့ ချိတ်ဆက်ထားတဲ့ နံရံတွေ၊ မီးဖိုချောင်၊ ရေချိုးခန်း၊ အိမ်သာစသည်ဖြင့် နံရံတွေမှာလည်း အက်ကွဲကြောင်းတွေ မဖြစ်ပေါ်လာဖို့ အက်ကွဲကြောင်း ပိတ်သွားစေမယ့် အဆင့်မြင့် အိမ်သုတ်ဆေးတွေ၊ ခံဆေးတွေသုတ်ပြီး ပြုပြင်ထိန်းသိမ်း ထားရပါမယ်။ သံရိုက်တာတို့၊ ထုပ်တန်းလုပ်တာတွေအတွက်လည်း အက်ကွဲကြောင်း မထဖို့ စက္ကူတို့၊ ဖော့ပြားတို့ခံပြီး၊ ရိုက်သွင်းတာ၊ ကပ်ခွာချိတ်ကလေးတွေကို နံရံတွေမှာ ကပ်ပြီး အသုံးပြုမယ်ဆိုရင် အဆင်ပြေနိုင်ပါတယ်။

 

Credit: The Kumudra

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ

Upcoming Property Events

From 03 May To 04 May

Aung Theikdi Villa

From 03 May To 04 May

Shwe Wutt Hmone Housing

From 25 Apr To 09 May

Mingalardon Garden City

CarsDB
Aung Theikdi Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service