ဟောလိဝုဒ်ဂန္ထဝင်မင်းသမီးကြီး အဲလစ်ဇဘက် တေလာ အိမ်ထောင် ၈ ကြိမ်ပြုခဲ့သည့်အနက် ၆ ကြိမ်၏ ပျားရည်ဆမ်းကာလများ ဖြတ်သန်းခဲ့သော လော့စ်အိန်ဂျလိစံအိမ်ကြီး အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
3580 Views

ဟောလိဝုဒ်ဂန္ထဝင်မင်းသမီးကြီး အဲလစ်ဇဘက် တေလာ အိမ်ထောင် ၈ ကြိမ်ပြုခဲ့သည့်အနက် ၆ ကြိမ်၏ ပျားရည်ဆမ်းကာလများ ဖြတ်သန်းခဲ့သော လော့စ်အိန်ဂျလိစံအိမ်ကြီး အရောင်းဈေးကွက်ဝင်လာ

ဟောလိဝုဒ်ဂန္ထဝင်မင်းသမီးကြီး အဲလစ်ဇဘက် တေလာသည် အိမ်ထောင် ၈ ကြိမ်ပြုခဲ့သည့်အနက် ၆ ကြိမ်၏ အိမ်ထောင်ဦးကာလများ ဖြတ်သန်းခဲ့ဖူးသော လော့စ်အိန်ဂျလိစံအိမ်ကြီး အရောင်းဈေးကွက်ဝင်လာသည်။

အဆိုပါ စံအိမ်ကြီး နောက်ဆုံးအရောင်းအဝယ်ဖြစ်ခဲ့သည်မှာ လွန်ခဲ့သည့် ၂၁ နှစ်ခန့်ကဖြစ်ပြီး ယင်းနောက်ပိုင်းကတည်းက လက်ပြောင်းလက်လွှဲမရှိခဲ့ဘဲ ယခုအခါ ပထမဆုံးအရောင်းဈေးကွက်ဝင်လာခြင်း ဖြစ်သည်။

လော့စ်အိန်ဂျလိမြို့၊ နာမည်ကျော် ဘီဗာလီဟေးလ်အရပ်တွင် တည်ရှိသည့် အဆိုပါစံအိမ်ကြီးကို ကန်ဒေါ်လာ ၁၅ ဒသမ ၉ သန်းဖြင့် ဈေးကွက်တင်လာခြင်း ဖြစ်သည်။

အဲလစ်ဇဘက် တေလာသည် ယင်းစံအိမ်ကို ဒုတိယမြောက်ခင်ပွန်းဖြစ်သူ မိုက်ကယ် ဝီလ်ဒင်းနှင့်အတူ ၁၉၅၄ ခုနှစ်တွင် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း ဈေးကွက်တင်သည့် Coldwell Banker Global Luxury မှ အိမ်ခြံမြေအကျိုးဆောင် ဂျွိုက်စ် ရေးက ပြောကြားသည်။

၁၉၅၆ ခုနှစ်တွင် လင်မယားကွာရှင်းပြတ်စဲကြရာတွင် မိုက်ကယ်လ် ဝီလ်ဒင်းက အဆိုပါစံအိမ်ကို အဲလစ်ဇဘက်တေလာအား ပေးအပ်ခဲ့ပြီး သူ၏လက်တွင် ၁၉၅၇ ခုနှစ်အထိ ရှိနေခဲ့သည်။

သို့ရာတွင် အဲလစ်ဇဘက်တေလာသည် ဈေးနှုန်းမည်မျှဖြင့် ဝယ်ယူခဲ့ပြီး မည်သည့်ဈေးနှုန်းဖြင့် ပြန်လည်ရောင်းချခဲ့သည်ကိုမူ မသိရချေ။

နာမည်ကျော် Beverly Hills ဟိုတယ်နှင့် ၂ မိုင်ခန့်သာ ဝေးကွာသည့် အဆိုပါစံအိမ်ကြီးတွင် အဲလစ်ဇဘက်တေလာသည် ပျားရည်ဆမ်းကာလ ၆ ကြိမ်ဖြတ်သန်းခဲ့ဖူးသည်ဟု ဆိုသည်။

စံအိမ်အကျယ်အဝန်း စတုရန်းပေ ၇၇၆၁ ရှိပြီး အိပ်ခန်း ၆ ခန်း၊ မီးလင်းဖို ၄ ခု၊ စာကြည့်တိုက်တစ်ခု၊ ရေပူကန်တစ်ခုနှင့် အနုပညာ စတူဒီယိုတစ်ခုတို့ ပါဝင်ကြောင်း ဈေးကွက်တင်သည့် ကုမ္ပဏီ၏ ကြော်ငြာတွင် ဖော်ပြထားသည်။

လက်ရှိပိုင်ရှင်မှာ အသက် ၉၀ အရွယ်ရှိနေပြီဖြစ်သော အငြိမ်းစားရှေ့နေကြီး မာဗင် ဂရော့စ်ဖြစ်ပြီး ၁၉၉၇ ခုနှစ်တွင် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း အိမ်ခြံမြေမှတ်တမ်းများတွင် ဖော်ပြသည်။
မာဗင်ဂရော့စ်က အဆိုပါပါနေအိမ်ကို ကန်ဒေါ်လာ ၂ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။

သူ၏ မိတ်ဆွေတစ်ဦးဖြစ်သူ ဗိသုကာပညာရှင် ဘတ်ဒ် ဟိုးလ်ဒင်း၏ တိုက်တွန်းချက်ဖြင့် ဝယ်ယူလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

“နာမည်ကျော်တစ်ဦးနဲ့ ဆက်နွှယ်မှုရှိတဲ့အိမ်ဆိုတာတွေ ကျွန်တော်မသိပါဘူး။ ဘတ်ဒ်ရဲ့ ထောက်ခံမှုနဲ့သာ ဝယ်ယူခဲ့တာဖြစ်ပါတယ်” ဟု မစ္စတာ ဂရော့စ်က ဆိုသည်။

ဗိသုကာပညာရှင် ဘတ်ဒ် ဟိုးလ်ဒင်းသည် ၁၉၈၀ ၊ ၉၀ ပြည့်လွန်ကာလများအကြား ဟောလိဝုဒ်အကျော်ကြားဆုံးကြယ်ပွင့်တို့အတွက် နေအိမ်ဒီဇိုင်းများ ရေးဆွဲပေးခဲ့ခြင်းဖြင့် နာမည်ကျော်သူ ဖြစ်သည်။

မစ္စတာ ဘတ်ဒ်က ယင်းနေအိမ်ကို ပြန်လည်ဒီဇိုင်းရေးဆွဲ မွမ်းမံမှုများပြုလုပ်ခဲ့ရာ အကျယ်အဝန်းအားဖြင့် စတုရန်းပေ ၂၀၀၀ ခန့် ပိုမိုကျယ်ဝန်းလာပြီး ပြတင်းပေါက်များစွာ ပါဝင်လာခဲ့သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဟောလိဝုဒ်ဂန္ထဝင်မင်းသမီးကြီး အဲလစ်ဇဘက် တေလာ အိမ်ထောင် ၈ ကြိမ်ပြုခဲ့သည့်အနက် ၆ ကြိမ်၏ ပျားရည်ဆမ်းကာလများ ဖြတ်သန်းခဲ့သော လော့စ်အိန်ဂျလိစံအိမ်ကြီး အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
ဟောလိဝုဒ်ဂန္ထဝင်မင်းသမီးကြီး အဲလစ်ဇဘက် တေလာ အိမ်ထောင် ၈ ကြိမ်ပြုခဲ့သည့်အနက် ၆ ကြိမ်၏ ပျားရည်ဆမ်းကာလများ ဖြတ်သန်းခဲ့သော လော့စ်အိန်ဂျလိစံအိမ်ကြီး အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
ဟောလိဝုဒ်ဂန္ထဝင်မင်းသမီးကြီး အဲလစ်ဇဘက် တေလာ အိမ်ထောင် ၈ ကြိမ်ပြုခဲ့သည့်အနက် ၆ ကြိမ်၏ ပျားရည်ဆမ်းကာလများ ဖြတ်သန်းခဲ့သော လော့စ်အိန်ဂျလိစံအိမ်ကြီး အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
ဟောလိဝုဒ်ဂန္ထဝင်မင်းသမီးကြီး အဲလစ်ဇဘက် တေလာ အိမ်ထောင် ၈ ကြိမ်ပြုခဲ့သည့်အနက် ၆ ကြိမ်၏ ပျားရည်ဆမ်းကာလများ ဖြတ်သန်းခဲ့သော လော့စ်အိန်ဂျလိစံအိမ်ကြီး အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
ဟောလိဝုဒ်ဂန္ထဝင်မင်းသမီးကြီး အဲလစ်ဇဘက် တေလာ အိမ်ထောင် ၈ ကြိမ်ပြုခဲ့သည့်အနက် ၆ ကြိမ်၏ ပျားရည်ဆမ်းကာလများ ဖြတ်သန်းခဲ့သော လော့စ်အိန်ဂျလိစံအိမ်ကြီး အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
ဟောလိဝုဒ်ဂန္ထဝင်မင်းသမီးကြီး အဲလစ်ဇဘက် တေလာ အိမ်ထောင် ၈ ကြိမ်ပြုခဲ့သည့်အနက် ၆ ကြိမ်၏ ပျားရည်ဆမ်းကာလများ ဖြတ်သန်းခဲ့သော လော့စ်အိန်ဂျလိစံအိမ်ကြီး အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
ဟောလိဝုဒ်ဂန္ထဝင်မင်းသမီးကြီး အဲလစ်ဇဘက် တေလာ အိမ်ထောင် ၈ ကြိမ်ပြုခဲ့သည့်အနက် ၆ ကြိမ်၏ ပျားရည်ဆမ်းကာလများ ဖြတ်သန်းခဲ့သော လော့စ်အိန်ဂျလိစံအိမ်ကြီး အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ

သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service