မန္တလေးတိုင်းဒေသကြီးတွင် ကုမ္ပဏီမှတ်ပုံတင်ဥပဒေသစ်ဖြင့် မှတ်ပုံတင်ရမည့် ကုမ္ပဏီအရေအတွက် ၅ဝဝဝ ကျော်ရှိ - Property News in Myanmar from iMyanmarHouse.com
1829 Views

မန္တလေးတိုင်းဒေသကြီးတွင် ကုမ္ပဏီမှတ်ပုံတင်ဥပဒေသစ်ဖြင့် မှတ်ပုံတင်ရမည့် ကုမ္ပဏီအရေအတွက် ၅ဝဝဝ ကျော်ရှိ

မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေသစ်အရ မန္တလေးတိုင်းဒေသကြီးတွင် ကုမ္ပဏီမှတ်ပုံတင်ဥပဒေသစ်ဖြင့် မှတ်ပုံတင်ရမည့် ကုမ္ပဏီအရေအတွက် ၅ဝဝဝ ကျော်ရှိကြောင်း စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားရေးမှုဦးစီးဌာနထံမှ သိရသည်။

ဥပဒေသစ်အရ မြန်မာနိုင်ငံအတွင်းရှိ ကုမ္ပဏီများအားလုံးသည် ၂ဝ၁၈ခုနှစ် သြဂုတ် ၁ ရက် မှ စတင်၍ ၂ဝ၁၉ခုနှစ်ဇန်နဝါရီ ၃၁ ရက်အထိ ကုမ္ပဏီဆိုင်ရာ မှတ်ပုံတင် လုပ်ငန်းများကိုအီလက်ထရွှန်နစ် မှတ်ပုံတင်စနစ် Myanmar Companies Online(MyCO)ဖြင့် ပြန်လည်မှတ်ပုံတင်ရမည်ဖြစ်ကြောင်း အဆိုပါဌာန လက်ထောက်ညွှန်ကြားရေးမှူး မှ ပြောသည်။

ကုမ္ပဏီများမှ သတ်မှတ်ထားသည့်ခြောက်လအတွင်း ပြန်ပြီးမှတ်ပုံမတင်ဘူးဆိုလျှင် ထိုကုမ္ပဏီသည် စာရင်းပျက်ပြယ်သည့် အထဲတွင်ပါသွားမည်။

Online မှ မှတ်ပုံတင်ရသည်ဖြစ်သည့် အတွက် ကိုယ်တိုင်ဖုန်းနှင့်ဖြစ်စေ Laptop နှင့် ဖြစ်စေ Online ကနေ မှတ်ပုံတင် ၍ ရသည်။

ယခင် မှတ်ပုံတင်ထားပြီးသား ကုမ္ပဏီများ အနေနှင့် Online တွင် မှတ်ပုံတင်ကြေးလည်း အခမဲ့ပင်။

ယခင်ကလည်း မှတ်ပုံတင်မထားသည့် ကုမ္ပဏီအနေဖြင့် မူလ မှတ်ပုံတင်ကြေး နှစ်သိန်းခွဲသွင်းရမည်ဖြစ်သည်။

မှတ်ပုံတင်သက်တမ်းကလည်း ယခင်လို ငါးနှစ်မဟုတ်တော့ဘဲ ရာသက်ပန်ဖြစ်သွားမည် ဟု သိရသည်။

ကုမ္ပဏီများ မှတ်ပုံတင်ခြင်းနှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်မှုအဖြစ် ဌာနအတွင်းမှ ဝန်ထမ်းများကို ရုံးချုပ်မှ ခေါ်ယူသင်တန်းပေးသွားမည်ဖြစ်ပြီး
ဥပဒေသစ်အရ ကုမ္ပဏီများ မှတ်ပုံတင်ရာတွင် ပိုမိုလွယ်ကူသွားမည်ဖြစ်ကြောင်း သိရသည်။ယခု ဥပဒေသစ်အရ Online စနစ်ဖြင့် ကုမ္ပဏီများ မှတ်ပုံတင်အသစ်တင်ရာတွင် လွယ်ကူအဆင်ပြေရန်အတွက် ဌာနဝန်ထမ်းများကို ယခု ဇူလိုင်လအတွင်း Online Registering Trainingများအား ဖွင့်လှစ်ပေးသွားမည်ဖြစ်သည်။

လုပ်ငန်းရှင်များကိုလည်း Registering ပြုလုပ်ပုံ များကို ရုပ်သံမီဒီယာများမှ တဆင့် ကြေညာပေးသွားမည်ဖြစ်သည်။

မန္တလေးတိုင်းဒေသကြီးတွင် လက်ရှိဥပဒေဟောင်းဖြင့် မှတ်ပုံတင်သည့် ကုမ္ပဏီအရေအတွက်နှစ်စဉ်တိုးတက်နေပြီး လစဉ်မှတ်ပုံတင်သည့် ကုမ္ပဏီပေါင်း ၇ဝ ခန့် ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ တစ်နိုင်ငံလုံးအနေဖြင့် ယခုဇူလိုင် ၂၃ ရက်မှ သြဂုတ် ၁ ရက် မတိုင်မီအထိ ကုမ္ပဏီများ သက်တမ်းတိုးခြင်း၊မှတ်ပုံတင်ခြင်း၊လုပ်ငန်းများအား ယာယီရပ်နားထားမည်ဖြစ်ကြောင်း အဆိုပါ ဌာနထံမှ သိရသည်။

Credit :News Watch

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Ali
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Ali
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ

Upcoming Property Events

The Rich Villa
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service