ဒေါ်နယ်ထရမ့်၏ ရှေ့နေက နယူးယောက်မြို့ရှိ မိုးမျှော်တိုက်သစ်ကြီးတွင် လူနေခန်းတစ်ခန်းကို ကန်ဒေါ်လာ ၆ သန်းကျော်ဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
2236 Views

ဒေါ်နယ်ထရမ့်၏ ရှေ့နေက နယူးယောက်မြို့ရှိ မိုးမျှော်တိုက်သစ်ကြီးတွင် လူနေခန်းတစ်ခန်းကို ကန်ဒေါ်လာ ၆ သန်းကျော်ဖြင့် ဝယ်ယူ

ဒေါ်နယ်ထရမ့်၏ ပုဂ္ဂိုလ်ရေးဆိုင်ရာရှေ့နေတစ်ဦးဖြစ်သူ မိုက်ကယ် ကိုဟင်သည် နယူးယောက်မြို့ရှိ မိုးမျှော်တိုက်သစ်ကြီးတွင် လူနေခန်းတစ်ခန်းကို ကန်ဒေါ်လာ ၆ သန်းကျော်ဖြင့် ဝယ်ယူလိုက်ကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက် တစ်ခုတွင် ဖော်ပြသည်။

မိုက်ကယ်ကိုဟင်သည် အဆိုပါလူနေခန်းကို ကန်ဒေါ်လာ ၆ ဒသမ ၇ သန်းဖြင့် ဝယ်ယူလိုက်ခြင်းဖြစ်ပြီး အိမ်ခြံမြေချေးငွေဖြင့် ဝယ်ယူလိုက်ခြင်းဖြစ်ကြောင်း အိမ်ခြံမြေမှတ်တမ်းများတွင် ဖော်ပြသည်။

မိုက်ကယ်ကိုဟင် ဝယ်ယူလိုက်သည့် လူနေခန်းတည်ရှိရာ မိုးမျှော်တိုက်ကြီးကို ဒေါ်နယ်ထရမ့်၏ မိတ်ဆွေရင်း ၂ ဦးက ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။
မိုက်ကယ်ကိုဟင်သည် ယခုအခါ သက်ဆိုင်ရာ၏ စုံစမ်းစစ်ဆေးခြင်း ခံရလျက်ရှိသည်ဟု ဆိုသည်။

နယူးယောက်မြို့၊ မန်ဟက်တန်ရှိ ထရိုင်ဘက်ကာအရပ်၊ မာရေးလမ်း၊ အမှတ် ၁၁၁ တွင် တည်ရှိပြီး Fisher Brothers ၊ Witkoff နှင့် New Valley ကုမ္ပဏီတို့က ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။
New Valley ၏ အကြီးအကဲမှာ ဟောင်းဝပ် လော်ဘာဖြစ်ပြီး အိမ်ခြံမြေ developer ဖြစ်ကာ ဒေါ်နယ်ထရမ့်၏ မိတ်ဆွေရင်းတစ်ဦး ဖြစ်သည်။

Witkoff ၏ အကြီးအကဲ စတိဗ် ဝတ်ထ်ကော့ဖ်မှာလည်း ဒေါ်နယ်ထရမ့်၏ မိတ်ဆွေဟောင်းတစ်ဦး ဖြစ်သည်။

မိုက်ကယ်ကိုဟင်၏ အခန်းသည် ၁၉ ထပ်မြောက်တွင် တည်ရှိပြီး စတုရန်းပေ ၂၆၉၇ အကျယ်အဝန်းရှိကာ အိပ်ခန်း ၄ ခန်းနှင့် ရေချိုးခန်း ၄ ခန်းပါဝင်သည်။

ဈေးကွက်တင်ခဲ့သည့် ခေါ်ဈေးမှာ ကန်ဒေါ်လာ ၇ ဒသမ ၄၇၅ သန်းဖြစ်ရာ ခေါ်ဈေးအောက် ဒေါ်လာ တစ်သန်းခန့် နည်းပါးသည့် ဈေးနှုန်းဖြင့် ဝယ်ယူလိုက်ခြင်းလည်း ဖြစ်သည်။

အဆောက်အအုံကြီးတွင် အလျား ၇၅ ပေရှိ ရေကူးကန်၊ အားကစားလေ့ကျင့်ရေးစင်တာ၊ လုံခြုံရေးများ ထည့်သွင်းပေးထားသည်။

၂၀၁၅ ခုနှစ် နွေရာသီတွင် စတင်ရောင်းချခဲ့ပြီး အခန်းပေါင်း ၁၅၇ ခန်းရှိသည့်အနက် ၇၀ ရာခိုင်နှုန်းကို ရောင်းချခဲ့ရပြီးဖြစ်ကြောင်း Witkoff ၏ ဒုတိယဥက္ကဌ လော်ရန် ဝတ်ထ်ကော့ဗ်က ပြောကြားသည်။

မိုက်ကယ်ကိုဟင်က အဆိုပါအခန်းကို ဝယ်ယူရန် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလကတည်းက သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် အရောင်းအဝယ် အပြီးသတ်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
မစ္စတာကိုဟင်သည် အဆိုပါအခန်းကို ဝယ်ယူရာတွင် developer များထံမှ ကာလတိုချေးငွေ ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းရယူကာ ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ဘဏ်ချေးငွေဖြင့် ဝယ်ယူခဲ့ခြင်းမဟုတ်ကြောင်း မှတ်တမ်းများတွင် ဖော်ပြသည်။

Developer တို့သည် ၎င်းတို့၏ စီမံကိန်းများကို ရောင်းချရရန် ပံ့ပိုးမှုများပေးကာ ကမ်းလှမ်းလေ့ရှိသော်လည်း မန်ဟက်တန်တွင်မူ developer တို့၏ ကူညီမှုမှာ ဖြစ်ရိုးဖြစ်စဉ်ကား မဟုတ်ကြောင်း အိမ်ခြံမြေသုတေသီတို့က ဆိုသည်။

မစ္စတာကိုဟင်သည် လူနေခန်းမဝယ်ယူဘဲနေပါက အခွန်ပေးဆောင်ရတော့မည်ဖြစ်သောကြောင့် အလျင်စလို ဝယ်ယူလိုက်ခြင်း ဖြစ်သည်ဟု ယခုအရောင်းအဝယ်ကို ထဲထဲဝင်ဝင်သိသူအချို့က ပြောကြားသည်ဟု ဆိုသည်။

မိုက်ကယ်ကိုဟင်သည် ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလအတွင်း နယူးယောက်မြို့၊ Trump World Tower ရှိ အခန်းကို ကန်ဒေါ်လာ ၃ ဒသမ ၃ သန်းခန့်ဖြင့် ရောင်းချခဲ့ရာ အဆိုပါရောင်းချမှုအပေါ် အခွန်ရှောင်လွှဲနိုင်ရန်အတွက် ကာလတစ်ခုအတွင်း ယင်းအမြတ်အစွန်းများကို ပြန်လည်ရင်းနှီးမြှုပ်နှံရရန် လိုအပ်သည်ဟု ဆိုသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဒေါ်နယ်ထရမ့်၏ ရှေ့နေက နယူးယောက်မြို့ရှိ မိုးမျှော်တိုက်သစ်ကြီးတွင် လူနေခန်းတစ်ခန်းကို ကန်ဒေါ်လာ ၆ သန်းကျော်ဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
ဒေါ်နယ်ထရမ့်၏ ရှေ့နေက နယူးယောက်မြို့ရှိ မိုးမျှော်တိုက်သစ်ကြီးတွင် လူနေခန်းတစ်ခန်းကို ကန်ဒေါ်လာ ၆ သန်းကျော်ဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
ဒေါ်နယ်ထရမ့်၏ ရှေ့နေက နယူးယောက်မြို့ရှိ မိုးမျှော်တိုက်သစ်ကြီးတွင် လူနေခန်းတစ်ခန်းကို ကန်ဒေါ်လာ ၆ သန်းကျော်ဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ

Upcoming Property Events

From 07 Jun To 08 Jun

The Vista

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service