ဗဟိုဘဏ်၏ ဖြေလျှော့မှုအသစ်ကြောင့် ဘဏ်များ ငွေပိုချေးနိုင်တော့မည် - Property News in Myanmar from iMyanmarHouse.com
18516 Views

ဗဟိုဘဏ်၏ ဖြေလျှော့မှုအသစ်ကြောင့် ဘဏ်များ ငွေပိုချေးနိုင်တော့မည်

ချေးငွေအာမခံထားကာ ထုတ်ချေးသည့်ချေးငွေများ၏ ဆုံးရှုံးနိုင်ခြေမှာ အများဆုံး ၄ဝ ရာခိုင်နှုန်းသာ ရှိသဖြင့် ဗဟိုဘဏ်က သတ်မှတ်ထားသော ပုဂ္ဂလိကဘဏ်များအတွက် မတည်ရင်းနှီးငွေ လုံလောက်မှု အချိုးတွက်ချက်မှုစံနှုန်းကို ယခုလ ၂ ရက်က ထပ်မံဖြေလျှော့ပေးလိုက်သည်။

ထိုဖြေလျှော့မှုကြောင့် ဘဏ်များက ငွေပိုချေးပေးနိုင်မည့် အခွင့်လမ်းတစ်
ရပ်ဖြစ်လာသည်ဟု ဘဏ်လုပ်ငန်းရှင်အချို့က မြန်မာတိုင်း(မ်)ကို ပြောသည်။

ချေးငွေထုတ်ချေးရာတွင် ချေးငွေအာမခံ (Credit Grantee Insurance) ထားပြီးမှ ထုတ်ချေးပါက အကယ်၍ ချေးထားသည့်ငွေဆုံးရှုံးသွားလျှင်တောင်မှ မြန်မာ့အာမခံလုပ်ငန်းက ၆ဝ ရာခိုင်နှုန်းကို ပြန်လျော်ပေးမည်ဖြစ်ရာ ဘဏ်က အများဆုံး ၄ဝ ရာခိုင်နှုန်းသာဆုံးရှုံးနိုင်သည်ကို ဗဟိုဘဏ်က ရည်ညွှန်းကာ
ထိုသို့ဖြေလျှော့ပေးခြင်း ဖြစ်သည်။

မတည်ရင်းနှီးငွေ လုံလောက်မှု အချိုးအစားဟု ကျွမ်းကျင်သူများခေါ်ဝေါ်သည့်
ငွေထုတ်ချေးနိုင်သည့်ပမာဏသည် ဘဏ်အသီးသီးအတွက် ဗဟိုဘဏ်က စည်းကမ်းသတ်မှတ်ထားသည်။ ထိုပမာဏသည် ငွေထုတ်ချေးပြီးနောက် ပြန်မဆပ်သဖြင့် ဆုံးရှုံးနိုင်ခြေနှင့် တိုက်ရိုက်ဆက်စပ်သည်။

ထို့ကြောင့်အကယ်၍သာ ချေးငွေအာမခံထားကာ ငွေထုတ်ချေးပါက ၆ဝ ရာခိုင်နှုန်းသည် ကျိန်းသေပေါက် ပြန်ရမည်ဖြစ်ရာ ထိုပမာဏကို ချန်လှပ်ပြီး ကျန်ပမာဏအတွက်သာ မတည်ရင်းနှီးငွေလုံလောက်မှု အချိုးအစားတွင် ထည့်သွင်းတွက်ချက်နိုင်ကြောင်း ဗဟိုဘဏ်က စည်းကမ်းလျှော့ချပေးလိုက်ခြင်း ဖြစ်သည်။

အကျိုးဆက်အားဖြင့် ဘဏ်များသည် ချေးငွေထုတ်ချေးထားပါက ဘဏ်၏ မတည်ရင်းနှီးငွေလုံလောက်အချိုး (CapitalAqurity Ratio CAR) ကို ရာနှုန်းပြည့်ဆုံးရှုံးနိုင်ခြေနှုန်းဖြင့် တွက်ချက်နေရခြင်းကို သက်သာသွားစေခြင်း ဖြစ်သည်။

''ချေးငွေနဲ့ပတ်သက်တဲ့ ဆုံးရှုံးမှုက အရင်က ရာနှုန်းပြည့်သတ်မှတ်တွက်ချက်ရတော့ CAR မပြည့်ဘူးဆိုရင် ဘဏ်တွေက တိုးမြှင့်ပြီး ဖြည့်ထားရတယ်။ အခုတော့ CGI ချေးငွေအတွက်ဆိုရင် ၄ဝ ရာခိုင်နှုန်းနဲ့ တွက်ပြီးထားလို့ရသွားမှာပါ။ ဒါက ဘဏ်တွေကလည်း တောင်းဆိုနေခဲ့တာကြာပါပြီ။ အခုတော့ ဖြေလျှော့ပေးလိုက်တာပါ''ဟု ဗဟိုဘဏ်၏ ငွေပေးချေမှုနှင့် စာရင်းရှင်းတမ်းဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်သန်းသန်းဆွေက မြန်မာတိုင်း(မ်)ကို ယခုလ ၁၁ ရက်က ပြောသည်။

မတည်ရင်းနှီးငွေ လုံလောက်မှုအချိုးကျဆင်းသွားခြင်းကြောင့် ဖြည့်တင်းထားရန်လိုအပ်သည့် ၆ဝ ရာခိုင်နှုန်းကို အခြားသောချေးငွေများအတွက် ပြန်လည်အသုံးပြုလာနိုင်မည်ဖြစ်သည့်အတွက် ဝန်ဆောင်မှုပိုင်းတွင် ပိုမိုတွင်ကျယ်မှု ရှိလာမည်ဖြစ်သည်ဟုလည်း ကမ္ဘောဇဘဏ်၏ အကြီးတန်းအရာရှိ ဦးသန်းလွင်က ပြောသည်။

ချေးငွေအာမခံဆိုသည်မှာ ငွေချေးယူလိုသူက မြန်မာ့အာမခံလုပ်ငန်းတွင် အာမခံဝယ်ယူ၍ ၄င်းအာမခံဖြင့် ဘဏ်တွင် အပေါင်သဘောထားကာ ချေးငွေရယူသည့်စနစ်ဖြစ်သည်။ ထို့အတွက် လုပ်ငန်းရှင်မှ အကြောင်းတစ်စုံတစ်
ရာကြောင့် ပြန်မဆပ်နိုင်ပါက မြန်မာ့အာမခံလုပ်ငန်းက ချေးငွေ၏ ၆ဝ ရာခိုင်နှုန်းကို ဝင်ရောက်ပေးဆပ်ပေးမည်ဖြစ်သည်။ သို့အတွက် ဘဏ်များက ချေးငွေ ပြန်လည်ရရှိနိုင်ခြေ ၆ဝ ရာခိုင်နှုန်း ကျိန်းသေပေါက်အာမခံရှိခြင်းဖြစ်သည်။

''တရားဝင်ထုတ်ပြန်ပေးလိုက်တာဖြစ်တဲ့အတွက် ဘဏ်တွေဘက်မှာ ပိုပြီး လုံခြုံမှု ရှိသွားတာပေါ့။ အရင်းအနှီး လုံလောက်မှုအချိုးအတွက် စိုးရိမ်ဖို့မလိုတော့တဲ့ အနေအထားလည်း ဖြစ်သွားတယ်။ တစ်ခုပဲ ၄ဝ ရာခိုင်နှုန်းဆိုတာကိုလည်း အရှင်သဘော ဖြစ်စေချင်တယ်''ဟု ဦးသန်းလွင်က ပြောသည်။

ဘဏ်များသည် အမှန်တကယ် ချေးငွေပြန်ဆပ်ရန်သေချာသည့် လုပ်ငန်းရှင်များကို ချေးငွေပိုမိုထုတ်ပေးလိုသည့်ဆန္ဒ ဖြစ်ပေါ်လာပါက ၄င်းသတ်မှတ်နှုန်းကိုလည်း အလျှော့အတင်းသဘောဖြင့် ဆောင်ရွက်နိုင်ပါက ပိုမိုအဆင်ပြေစေနိုင်သည်ဟုလည်း ၄င်းက ပြောသည်။

အသေးစားနှင့် အလတ်စားလုပ်ငန်းများအတွက် CGI ဖြင့် ငွေချေးပေးသည့် ဘဏ်များအနက် စီဘီဘဏ်က အများဆုံးဖြစ်သည်ဟု မြန်မာ့အာမခံလုပ်ငန်းမှ အမည်မဖော်လိုသောအရာရှိတစ်ဦးက ပြောသည်။ သို့ရာတွင် ပုဂ္ဂလိက ဘဏ်အားလုံးက စုစုပေါင်း CGI ဖြင့် ငွေချေးခွင့်ရထားသူမှာ လုပ်ငန်းရှင် ၅ဝဝ ဝန်းကျင်ခန့်သာ ရှိသေးသည်ဟုလည်း ၄င်းက ပြောသည်။

Credit: The Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

Upcoming Property Events

From 07 Jun To 08 Jun

The Vista

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

The Vista Luxury Residance
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service