အင်္ဂလန်တွင် လူသတ်သမားများ ထိန်းသိမ်းထားရှိရာ အကျဉ်းထောင်ကြီးတစ်ခုအနီး ကပ်လျက်တည်ရှိသော အရက်ဆိုင်တစ်ဆိုင် ပေါင် ၉၉၀၀၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
2782 Views

အင်္ဂလန်တွင် လူသတ်သမားများ ထိန်းသိမ်းထားရှိရာ အကျဉ်းထောင်ကြီးတစ်ခုအနီး ကပ်လျက်တည်ရှိသော အရက်ဆိုင်တစ်ဆိုင် ပေါင် ၉၉၀၀၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ

အင်္ဂလန်၏ နာမည်ကျော် အကျဉ်းထောင်ကြီးတစ်ခုအနီး ကပ်လျက်တည်ရှိသော အရက်ဆိုင်အဆောက်အအုံ ပေါင် ၉၉၀၀၀ ဖြင့် အရောင်းဈေးကွက်ဝင်လာကြောင်း အင်္ဂလန်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

တည်နေရာမှာ အင်္ဂလန်နိုင်ငံ၊ အနောက်တောင်ပိုင်း ကမ်းမြောင်ဒေသတွင် တည်ရှိသော ဒါဗွန်ရှိုင်းယားခရိုင်ရှိ ဒါ့ထ်မိုးရ် လွင်ပြင်တွင် တည်ရှိသည်။

အရက်ဆိုင်၏ အမည်ကို ဝေလမင်းသား “The Prince of Wales” ဟု အမည်ပေးထားပြီး နာမည်ကျော် ဒါ့ထ်မိုး အကျဉ်းထောင်ကြီးနှင့် မီတာအနည်းငယ်သာ ဝေးကွာသည်။

ဒါ့ထ်မိုးအကျဉ်းထောင်ကြီးကို ၁၈၀၅ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး လူသတ်တရားခံ ရာပေါင်းများစွာကို ထိန်းသိမ်းထားရှိခဲ့သည်။

ဒါ့ထ်မိုးတွင် အကျဉ်းကျခံခဲ့ရသူများတွင် အလွန်ဆိုးသွမ်းလှကာ အားခွန်ဗလကောင်းခြင်းဖြင့် နာမည်ကျော်သည့် ဖရန့်ခ် မစ်ချယ်လည်း ပါဝင်သည်။

ဖရန့်ခ် မစ်ချယ်သည် ထောင်အာဏာပိုင်တို့၏ နှစ်ရှည်ပဲ့ကိုင်မှုဖြင့် တဖြည်းဖြည်းစိတ်ထားပျော့ပျောင်းလာကာ ထောင်ဒဏ်တစ်သက် ချမှတ်ထားခံရရာမှ ပြန်လည်လွတ်မြောက်လာချိန်တွင် ရန်ညှိုးရှိသူများက သေနတ်ဖြင့် ၁၂ ချက်ခန့် ပစ်ခတ်သတ်ဖြတ်ခြင်း ခံသွားရသည်။

ဝေလမင်းသားအရက်ဆိုင်တွင် စားသောက်ဆိုင်နှင့် အိပ်စက်ခန်းများ ပါဝင်ကာ လက်ရှိအားဖြင့် ဒေသတွင်း၌ ကမ္ဘာလှည့်ခရီးသည်များ လာရောက်မှု များပြားနေခြင်းမှ အကျိုးအမြတ်များစွာ ရရှိလာနိုင်သည်ဟု ခန့်မှန်းထားသည်။

ဈေးကွက်တင်ပေးခဲ့သည်မှာ ဒီဗွန်ရှိုင်းယားခရိုင်အခြေစိုက် Stonesmith အိမ်ခြံမြေကုမ္ပဏီမှ ဖြစ်သည်။

အရက်ဆိုင်အတွင်း ဂိမ်းကစားခန်း၊ မီးဖိုဆောင်၊ master bedroom ၃ ခန်း၊ အိပ်ခန်း ၂၁ ခန်းလည်း ပါဝင်ပြီး အလည်အပတ် လာရောက်သူများအနေဖြင့် တစ်ညလျှင် ပေါင် ၂၀ ဖြင့် အိပ်စက်နိုင်သည်ဟု ဆိုသည်။

အရက်ဆိုင်ဝန်းတွင် ကား ၁၄ စင်းဆန့် ကားပါကင်နေရာတစ်ခုလည်း ပါဝင်သည်။

ဝေလမင်းသား အရက်ဆိုင်ကို ပိုင်ရှင်တစ်ဦးတည်းက ၁၃ နှစ်ကြာ ပိုင်ဆိုင်ခဲ့ခြင်းဖြစ်ပြီး ယခုအခါတွင် ရောင်းထုတ်ရန် ဆုံးဖြတ်လိုက်ကြခြင်းလည်း ဖြစ်သည်။
Stonesmith အိမ်ခြံမြေကုမ္ပဏီမှ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က ပြောကြားရာတွင် ဒါ့ထ်မိုးသို့ နှစ်စဉ်လာရောက်လည်ပတ်သူ ၆ သန်းခန့်ရှိပြီး အောင်မြင်သည့် စီးပွားရေးလုပ်ငန်းတစ်ခု လုပ်ဆောင်ရန် အခြေခံကောင်းများရှိပြီးဖြစ်ကြောင်း ပြောကြားသည်။

ကမ္ဘာလှည့်ခရီးသည်များ လာရောက်မှုမှာ တစ်နှစ်တာပတ်လုံးဖြစ်ပြီး အထူးသဖြင့် သီတင်းပတ်ကုန် အားလပ်ရက်များနှင့် နွေလများတွင်ဖြစ်ကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောကြားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
အင်္ဂလန်တွင် လူသတ်သမားများ ထိန်းသိမ်းထားရှိရာ အကျဉ်းထောင်ကြီးတစ်ခုအနီး ကပ်လျက်တည်ရှိသော အရက်ဆိုင်တစ်ဆိုင် ပေါင် ၉၉၀၀၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
အင်္ဂလန်တွင် လူသတ်သမားများ ထိန်းသိမ်းထားရှိရာ အကျဉ်းထောင်ကြီးတစ်ခုအနီး ကပ်လျက်တည်ရှိသော အရက်ဆိုင်တစ်ဆိုင် ပေါင် ၉၉၀၀၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
အင်္ဂလန်တွင် လူသတ်သမားများ ထိန်းသိမ်းထားရှိရာ အကျဉ်းထောင်ကြီးတစ်ခုအနီး ကပ်လျက်တည်ရှိသော အရက်ဆိုင်တစ်ဆိုင် ပေါင် ၉၉၀၀၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
အင်္ဂလန်တွင် လူသတ်သမားများ ထိန်းသိမ်းထားရှိရာ အကျဉ်းထောင်ကြီးတစ်ခုအနီး ကပ်လျက်တည်ရှိသော အရက်ဆိုင်တစ်ဆိုင် ပေါင် ၉၉၀၀၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
အင်္ဂလန်တွင် လူသတ်သမားများ ထိန်းသိမ်းထားရှိရာ အကျဉ်းထောင်ကြီးတစ်ခုအနီး ကပ်လျက်တည်ရှိသော အရက်ဆိုင်တစ်ဆိုင် ပေါင် ၉၉၀၀၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
အင်္ဂလန်တွင် လူသတ်သမားများ ထိန်းသိမ်းထားရှိရာ အကျဉ်းထောင်ကြီးတစ်ခုအနီး ကပ်လျက်တည်ရှိသော အရက်ဆိုင်တစ်ဆိုင် ပေါင် ၉၉၀၀၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
အင်္ဂလန်တွင် လူသတ်သမားများ ထိန်းသိမ်းထားရှိရာ အကျဉ်းထောင်ကြီးတစ်ခုအနီး ကပ်လျက်တည်ရှိသော အရက်ဆိုင်တစ်ဆိုင် ပေါင် ၉၉၀၀၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်

စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်

ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။

တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န

အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

Upcoming Property Events

From 07 Jun To 08 Jun

The Vista

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

The Vista Luxury Residance
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service