တိုင်းအစိုးရက ရောင်းသည့်တိုက်ခန်း ဝယ်ခွင့်ရသူများစာရင်း ခရိုင်ထွေအုပ်ရုံးများတွင် ယနေ့ ကြေညာမည် - Property News in Myanmar from iMyanmarHouse.com
2401 Views

တိုင်းအစိုးရက ရောင်းသည့်တိုက်ခန်း ဝယ်ခွင့်ရသူများစာရင်း ခရိုင်ထွေအုပ်ရုံးများတွင် ယနေ့ ကြေညာမည်

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ရောင်းချပေးသွားမည့် တန်ဖိုးနည်း၊ တန်ဖိုးသင့် တိုက်ခန်းများ ဝယ်ယူခွင့် လျှောက်ထားသူများမှ တိုက်ခန်းဝယ်ခွင့်ရသူများ၏ တန်းစီဇယားစာရင်းကို ယနေ့ (ဇူလိုင်လ ၁၀ ရက်)တွင် ခရိုင် အထွေထွေ အုပ်ချုပ်ရေးရုံးများတွင် ကြေညာမည်ဖြစ်ကြောင်း ပြည်သူ့အိမ်ရာ ရောင်းချရေး ကော်မတီဝင်ဖြစ်သူ ဦးညီညီက ပြောကြားသည်။

အဆိုပါ တန်းစီဇယားအရ ပထမအဆင့် ဝယ်ယူခွင့်ရသူများသည် ဇူလိုင်လ ၁၁ ရက်မှစပြီး ဇူလိုင် ၂၀ ရက် နောက်ဆုံးထားကာ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး ဗိုလ်ချုပ်လမ်းတွင် ဆက်သွယ်ရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

“ဝယ်ခွင့်ရသူတွေအတွက် တိုက်ခန်း မဲနှိုက်တာကို ဇူလိုင်လ ၂၅ ရက်နဲ့ ၂၆ ရက်မှာ မဲနှိုက်သွားမယ်။ မဲပေါက်တဲ့ အမည်စာရင်း ပါတဲ့သူတွေက အချိန်မီ လာရောက် အကြောင်းကြားဖို့တော့ လိုမယ်”ဟု ဦးညီညီက ဆိုသည်။

မဲနှိုက်ဝယ်ယူခွင့် ရရှိသူများကို လျှောက်ထားချက်အပေါ် အချက်အလက်များ စိစစ်ခြင်း၊ ဘဏ်ချေးငွေ ရယူမည့်သူများအတွက် ဘဏ်မှ စိစစ်ခြင်းများပြုလုပ်ပြီး စည်းမျဉ်းစည်းကမ်းနှင့် ကိုက်ညီသူများကို ရောင်းမည်ဖြစ်ကြောင်း အိမ်ရာစီမံကိန်းများ ရောင်းချရေး ကြီးကြပ်မှုကော်မတီထံမှ သိရသည်။

တိုက်ခန်းဝယ်ယူခွင့်ဖောင်များကို လာရောက် လျှောက်ထားသူ ၆၀၀၀ ကျော် ရှိခဲ့ပြီး တိုင်းအစိုးရအဖွဲ့မှ တန်ဖိုးနည်း၊ တန်ဖိုးသင့် တိုက်ခန်းပေါင်း ၈၆၂ ခန်းကို ရောင်းချပေးသွားမည်ဖြစ်သည်။

ရန်ကုန်တိုင်းအစိုးရရောင်းချမည့်အိမ်ရာများသည် ဒဂုံမြို့သစ် တောင်ပိုင်းရှိ အင်းဝအိမ်ရာ၊ ကောင်းစံသာအိမ်ရာ၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်ရှိ ယုဇနအိမ်ရာ အပိုင်း (၁၊ ၂)၊ ကနောင်အိမ်ရာ၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ကြီးပွားရေးအိမ်ရာ၊ လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ဗန်းအိမ်ရာ၊ ထီးလှိုင်အိမ်ရာ၊ ရွှေပြည်သာမြို့နယ်ရှိ ShopHouse များနှင့် မြောက်ဥက္ကလာပမြို့နယ်ရှိ ရွှေပေါက်ကံ အိမ်ရာတို့ ဖြစ်သည်။

Credit: The Voice

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

INNO CITY
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service