စီးပွားရေးလုပ်ငန်းရှင်က ကျူးကျော်သူများအား မြေဂရန်ရရှိသည်အထိ ပြုလုပ်လှူဒါန်းမည် - Property News in Myanmar from iMyanmarHouse.com
2463 Views

စီးပွားရေးလုပ်ငန်းရှင်က ကျူးကျော်သူများအား မြေဂရန်ရရှိသည်အထိ ပြုလုပ်လှူဒါန်းမည်

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ ငလပွေ့ကျေးရွာတွင် ပိုင်ရှင်ရှိမြေပေါ် ကျူးကျော်နေထိုင် နေကြသည့် အိမ်ခြေ ၂၁ လုံးအား အဆိုပါမြေပိုင်ရှင်ကလှူဒါန်းကာ မြေဂရန်များပိုင်ဆိုင် သည်အထိ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

+++ ခွဲဝေလှူဒါန်း +++

အဆိုပါမြေနေရာမှာ ကျောက်ဖြူမြို့ဒေသခံ စီးပွားရေးလုပ်ငန်းရှင် ဦးငြိမ်းချမ်းမောင်ပိုင်ဆိုင်သောမြေဖြစ်ပြီး ၎င်း၏မြေပေါ်တွင် ကျူးကျော်အိမ်ဆောက်လုပ်နေထိုင်ကြသူများမှာ လည်း ယခင် ၁၀နှစ်ကျော်က စတင်နေထိုင်သူများဖြစ်ကာ အများစုသည်ဆင်းရဲနွမ်းပါးပြီး မြေယာပိုင်ဆိုင်ကြရန် မလွယ်ကူသည့်အတွက် မိမိပိုင်ဆိုင်သော မြေဧက ၂၀ ကျော်မှ ခွဲဝေလှူဒါန်းပေးခြင်းဖြစ်ကြောင်း သိရသည်။

"ကျွန်တော်ကိုယ်တိုင်လည်း အိုးပိုင်အိမ်ပိုင်မရှိတဲ့အခြေအနေမှာ အများကြီးနေထိုင်ခဲ့ တယ်။ လက်ရှိနေထိုင်ကြတဲ့ လူတွေကလည်း ဒေသခံရခိုင်တိုင်းရင်းသားတွေပါပဲ။ သူတို့ အနေနဲ့ ကိုယ်ပိုင်မြေတစ်ခုရလာအောင် မဖန်တီးနိုင်လို့ အခုလို မြေပိုင်မရသေးတာပေါ့။ သူတို့အနေနဲ့ မြေပိုင်ဆိုင်ဖို့ဆိုတာ ခက်ခဲပါတယ်။ အခုဆိုရင်တော့ အဆင်ပြေတာပေါ့။ ကျွန်တော့်အမည်ပေါက် ပိုင်ဆိုင်ထားတဲ့မြေကို သူတို့ကိုခွဲပေးလိုက်တယ်ဆိုရင် သူတို့ တရားဝင်အမည်ပေါက် ပိုင်ဆိုင်သွားပြီပေါ့"ဟု ဦးငြိမ်းချမ်းမောင်က ပြောဆိုသည်။


+++ မြေဖို့ပေးမည် +++

ယင်းနေရာမှာ ဒီရေတက်သည့်အချိန်တွင် ဒီရေဝင်ရောက်သည့်အတွက် ဒီရေတားနံရံ များပါပြုလုပ်ပေးကာ မြေဖို့ပေးရန်အထိ စီစဉ်လျက်ရှိပြီး မြေပိုင်ဆိုင်ခွင့်များကို ဇူလိုင် ၃ ရက်က လွှဲပေးခဲ့ရာ ယင်းနေ့တွင် ပုဆိုးတစ်ထည်စီကိုပါ လက်ဆောင်အဖြစ်ပေးအပ်ခဲ့ပြီး အလုပ်အကိုင်များလိုအပ်လျှင်လည်း မိမိထံတွင် ဝင်ရောက်လုပ်ကိုင်နိုင်ကြကြောင်း၊ လက်ရှိ မြေနေရာများကို တစ်ဆင့်ရောင်းချမှုမပြုလုပ်ကြဘဲ နေထိုင်ကြဖို့ကိုပါ မှာကြားခဲ့ကြောင်း သိရသည်။


Credit: The Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service