အိန္ဒိယတစ်ခွင်မှာ တန်ဖိုးနည်းအိမ်ရာအလုံးပေါင်း (၁.၆၄)သိန်း လစ်လပ်နေ - Property News in Myanmar from iMyanmarHouse.com
2643 Views

အိန္ဒိယတစ်ခွင်မှာ တန်ဖိုးနည်းအိမ်ရာအလုံးပေါင်း (၁.၆၄)သိန်း လစ်လပ်နေ

အိန္ဒိယဝန်ကြီးချုပ်နာရန်ဒြာမိုဒီရဲ့ ရွေးကောက်ပွဲကတိဖြစ်တဲ့ ' အားလုံးအတွက် အိမ်ရာ ' ကတိကို ဖြည့်ဆည်းဖို့အတွက် ဘီဂျေပီဦးဆောင်တဲ့ ဗဟိုအစိုးရက အိမ်ရာတွေကို အကောင်အထည်ဖော်နေချိန်မှာ အိန္ဒိယတစ်ခွင်မှာ အစိုးရတည်ဆောက်တဲ့ အိမ်အလုံးပေါင်း (၁.၆၄)သိန်း လစ်လပ်နေပါတယ်။

အေအေပီပါတီအုပ်ချုပ်တဲ့ ဒေလီဟာ လူနေထိုင်မှုမရှိတဲ့ တန်ဖိုးအိမ်ရာအများဆုံးတည်ရှိရာ ပြည်နယ်ဖြစ်ပါတယ်။ အခုလို အိမ်ရာတွေ လစ်လပ်ရတာက အိမ်ရာတည်ဆောက်တဲ့ နေရာတွေဟာ လူနေထိုင်မှုအခြေကျပြီးသား ဒါမှမဟုတ် စီးပွားရေးလုပ်ငန်းရှိပြီးသား နေရာတွေနဲ့ အလွန်အလှမ်းဝေးလို့ ဖြစ်ပါတယ်။

လစ်လပ်နေတဲ့ အိမ်အများဆုံးရှိတဲ့ ပြည်နယ် (၅)ခုက ဒေလီမှာ (၃၆,၆၂၃)လုံး၊ မဟာရက်ရှ်ထရာမှာ (၃၅,၅၁၇)လုံး၊ တီလန်ဂါနာမှာ (၁၈,၀၈၆)လုံး၊ ဥတာပရာဒက်ရှ်မှာ (၁၁,၉၁၆)လုံး၊ အန်ဒရာပရာဒက်ရှ်မှာ (၁၀,၈၃၆)လုံး ဖြစ်ပါတယ်။

အိမ်ရာတွေကို အရင်အစိုးရက မြို့ပြအိမ်ရာတည်ဆောက်ရေး အစီစဉ်အများအပြားနဲ့ စတင်အကောင်အထည် ဖော်ခဲ့ပါတယ်။ မိုဒီရဲ့ လက်ထက်မှာ လူမနေရသေးတဲ့ တန်ဖိုးနည်း အိမ်အလုံးပေါင်း (၅.၅၄)သိန်း ကျန်ရှိနေခဲ့ပါတယ်။ မြို့ပြဖော်ဆောင်ရေး ဒါရိုက်တာအမ်ရစ်အဘီဂျက်က ' ဒီနှစ်တွေမှာ ဒီအိမ်တွေကို နေရာချထားပေးဖို့ ပြည်နယ်အစိုးရတွေကို ကျွန်တော်တို့ တိုက်တွန်းနေတယ်၊ ဒီအိမ်တွေက နှစ်ပေါင်းများစွာ လစ်လပ်နေတာကြောင့် ပြဿနာသစ်တွေ တက်နေတယ်၊ တချို့အိမ်တွေမှာပြင်ဆင်ရမှာတွေရှိနေတာကြောင့် ကျွန်တော်တို့က ပြည်နယ်အစိုးရတွေကို ပိုက်ဆံစိုက်ပြီး ပြင်ဆင်ဖို့ ညွှန်ကြားထားတယ် '
လို့ ဆိုပါတယ်။

အကြိမ်ကြိမ်ညွှန်ကြားချက်အပြီးမှာ ပြည်နယ်တွေဟာ အိမ်အလုံးရေ (၃.၉)သိန်းကို လူနေထိုင်ခွင့် ပြုနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ လစ်လပ်အိမ်ရာတွေက အများအပြား ကျန်နေပါသေးတယ်။ အိန္ဒိယမှာ တန်ဖိုးနည်းအိမ်တွေရဲ့ တန်ဖိုးက နေရာဒေသကိုလိုက်ပြီး ရူပီး (၂၀ မှ ၅၀)ကြား ရှိပါတယ်။

အိန္ဒိယဝန်ကြီးချုပ်နာရန်ဒြာမိုဒီရဲ့ (၂၀၂၂)ခုနှစ်မှာ နိုင်ငံသားအားလုံးအတွက် အိမ်တည်ဆောက်ပေးရေး ရည်မှန်းချက်ကြောင့် စီးပွားရေးမှာ ဒေါ်လာ (၁.၃)ထရီလျံ တိုးတက်လာပြီး အိမ်အလုံးပေါင်း သန်း (၆၀)ကျော် ဖန်တီးပေးနိုင်သလို နှစ်စဉ် အလုပ်အကိုင် (၂)သန်း ဖန်တီးပေးနိုင်မယ်လို့ ရည်မှန်းထားပါတယ်။

Credit: The Modern

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
မလေးရှားတွင် အမျိုးသမီးတစ်ဦးက ဘွဲ့ရပညာတတ်များမှာ အထက်တန်းကျောင်းသာ တက်ခဲ့ဖူးသူများထက် ပိုမိုယဉ်ကျေးသိမ်မွေ့မှုရှိကြောင်း
မလေးရှားတွင် အမျိုးသမီးတစ်ဦးက ဘွဲ့ရပညာတတ်များမှာ အထက်တန်းကျောင်းသာ တက်ခဲ့ဖူးသူများထက် ပိုမိုယဉ်ကျေးသိမ်မွေ့မှုရှိကြောင်း
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က

Upcoming Property Events

From 07 Jun To 08 Jun

The Vista

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

imyanmarmarket
The Vista Luxury Residance

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service