AYA Home Loan နှင့် iMyanmarHouse.com တို့ ပူးပေါင်းကျင်းပသည့် တန်ဖိုးသင့်တိုက်ခန်းများအရောင်းပြပွဲကြီး - Property News in Myanmar from iMyanmarHouse.com
3126 Views

AYA Home Loan နှင့် iMyanmarHouse.com တို့ ပူးပေါင်းကျင်းပသည့် တန်ဖိုးသင့်တိုက်ခန်းများအရောင်းပြပွဲကြီး

AYA Bank ၏ အိမ်ရာချေးငွေဖြင့် (၁၅) နှစ်အရစ်ကျ ဝယ်ယူနိုင်သည့် တိုက်ခန်းအရောင်းပြပွဲကြီးကို မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ ၂ဝ၁၈ ခုနှစ် ၊ ဇွန်လ ၃ဝ ရက် နေ့နှင့် ဇူလိုင်လ ၁ ရက်နေ့များတွင်
အလုံမြို့နယ် ၊ ကမ်းနားလမ်းပေါ်ရှိ AYA Bank ရုံးချုပ်တည်ရှိရာ Riverview Point Tower ၌ အောင်မြင်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

အရောင်းပြပွဲအတွင်းတွင် တောင်ဥက္ကလာ ၊ မြောက်ဥက္ကလာ ၊ စမ်းချောင်း ၊ မရမ်းကုန်း ၊ အင်းစိန် ၊ သာကေတ ၊ သင်္ဃန်းကျွန်း ၊ ဒေါပုံ ၊ လှိုင် ၊ တာမွေ ၊ မြောက်ဒဂုံ ၊ တောင်ဒဂုံ ၊ အလုံ ၊ ကြည်မြင့်တိုင် မြို့နယ်များရှိ သိန်း (၂ဝဝ) ကျော် မှ သိန်း (၈ဝဝ) ကျော် တန်ဖိုးရှိသော တိုက်ခန်းများကို ရောင်းချခဲ့သည်။

“ ဒီအရောင်းပြပွဲကို ကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ဝန်ထမ်းမိသားစုတွေ ၊ အိမ်ငှားဘဝကနေ အိမ်ပိုင်နဲ့ နေထိုင်လိုသူတွေအတွက် ရည်ရွယ်ပြီးတော့ ကျွန်တော်တို့ iMyanmarHouse.com ကနေ စီစဉ်ကျင်းပပေးတာ ဖြစ်ပါတယ်။ ဝယ်ယူချင်တယ်ဆိုရင်တော့ မိမိမှာ ၇၅ သိန်းနဲ့ အထက် စုဆောင်းငွေ လက်ဝယ်ရှိရမယ်။ ပြီးတော့ လစဉ် အနည်းဆုံး ၃ သိန်း နဲ့အထက် ပေးသွင်းနိုင်ရမယ်။ လစဉ်ပေးသွင်းငွေဟာ ကိုယ်တစ်ဦးတည်း လစာနဲ့ မလုံလောက်ရင်လည်း မိသားစု ဝင်ငွေတွေနဲ့ စုပေါင်းပြီးတော့ ဝယ်ယူနိုင်ပါတယ်။ ” ဟု အရောင်းပြပွဲကို စီစဉ်ကျင်းပသည့် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ Managing Director ဖြစ်သူ ဦးနေမင်းသူ မှ ပြောကြားသွားခဲ့သည်။

မိသားစု ဝင်ငွေ အထောက်အထား ၊ သန်းခေါင်စာရင်း ၊ မှတ်ပုံတင် ၊ ရဲစခန်းထောက်ခံစာ ၊ ရပ်ကွက်ထောက်ခံစာ တို့ကို ပြင်ဆင်ယူဆောင်လာပါက ဘဏ်ချေးငွေလျှောက်ထားလို့ ရမရ တခါတည်းစစ်ဆေးပေးမှာ ဖြစ်ကြောင်း သိရသည်။

iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမည်

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
AYA Home Loan နှင့် iMyanmarHouse.com တို့ ပူးပေါင်းကျင်းပသည့် တန်ဖိုးသင့်တိုက်ခန်းများအရောင်းပြပွဲကြီး - Property News in Myanmar from iMyanmarHouse.com
AYA Home Loan နှင့် iMyanmarHouse.com တို့ ပူးပေါင်းကျင်းပသည့် တန်ဖိုးသင့်တိုက်ခန်းများအရောင်းပြပွဲကြီး - Property News in Myanmar from iMyanmarHouse.com
AYA Home Loan နှင့် iMyanmarHouse.com တို့ ပူးပေါင်းကျင်းပသည့် တန်ဖိုးသင့်တိုက်ခန်းများအရောင်းပြပွဲကြီး - Property News in Myanmar from iMyanmarHouse.com
AYA Home Loan နှင့် iMyanmarHouse.com တို့ ပူးပေါင်းကျင်းပသည့် တန်ဖိုးသင့်တိုက်ခန်းများအရောင်းပြပွဲကြီး - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ

တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န

တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း

အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်

အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ

မလေးရှားတွင် အမျိုးသမီးတစ်ဦးက ဘွဲ့ရပညာတတ်များမှာ အထက်တန်းကျောင်းသာ တက်ခဲ့ဖူးသူများထက် ပိုမိုယဉ်ကျေးသိမ်မွေ့မှုရှိကြောင်း

စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ

ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်

တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ

သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။

Upcoming Property Events

From 07 Jun To 08 Jun

The Vista

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service