ဒိုင်ယာနာ၏ နေ့စဉ်မှတ်တမ်းများ စာအုပ်ကို ရေးသားခဲ့သည့် ကမ္ဘာကျော်စာရေးဆရာမ တီနာ ဘရောင်းနှင့် ခင်ပွန်းဖြစ်သူ ရိုက်တာသတင်းဌာန အယ်ဒီတာတို့ နယူးယောက်တိုက်ခန်းကို ချီလီဘီလျံနာကြီးထံ ရောင်းချ - Property News in Myanmar from iMyanmarHouse.com
2731 Views

ဒိုင်ယာနာ၏ နေ့စဉ်မှတ်တမ်းများ စာအုပ်ကို ရေးသားခဲ့သည့် ကမ္ဘာကျော်စာရေးဆရာမ တီနာ ဘရောင်းနှင့် ခင်ပွန်းဖြစ်သူ ရိုက်တာသတင်းဌာန အယ်ဒီတာတို့ နယူးယောက်တိုက်ခန်းကို ချီလီဘီလျံနာကြီးထံ ရောင်းချ

ဒိုင်ယာနာ၏ နေ့စဉ်မှတ်တမ်းများ စာအုပ်ကို ရေးသားခဲ့သည့် ကမ္ဘာကျော်စာရေးဆရာမ တီနာ ဘရောင်းနှင့် ခင်ပွန်းဖြစ်သူ ရိုက်တာသတင်းဌာန အယ်ဒီတာတို့သည် နယူးယောက်တိုက်ခန်းကို ချီလီဘီလျံနာကြီးထံ ရောင်းချလိုက်ကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

တီနာဘရောင်းသည် စာနယ်ဇင်းသမား၊ မဂ္ဂဇင်းအယ်ဒီတာ၊ ပင်တိုင်ဆောင်းပါးရှင်တစ်ဦးဖြစ်ပြီး ဝေလမင်းသမီး ဒိုင်ယာနာ၏ အတ္ထုပ္ပတ္တိ စာအုပ်တစ်ခုဖြစ်သော “ဒိုင်ယာနာ၏ နေ့စဉ်မှတ်တမ်းများ” (The Diana Chronicles) ကို ရေးသားခဲ့သည့် စာရေးဆရာမ ဖြစ်သည်။

ဗြိတိန်နိုင်ငံတွင်မွေးဖွားခဲ့ပြီး Vanity Fair မဂ္ဂဇင်းတွင် အယ်ဒီတာအဖြစ် တာဝန်ထမ်းဆောင်ရန်အတွက် အမေရိကန်ပြည်သို့ ထွက်ခွာခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် အမေရိကန်နိုင်ငံသားအဖြစ် ခံယူခဲ့သည်။

ခင်ပွန်းဖြစ်သူ ဟာရိုး မက်သူး အီဗန်စ်သည် အမေရိကန်စာနယ်ဇင်းသမား၊ စာရေးဆရာတစ်ဦးဖြစ်ပြီး ဗြိတိန်တွင် အရောင်းရဆုံးသတင်းစာကြီးတစ်စောင်ဖြစ်သည့် The Sunday Times တွင် အယ်ဒီတာအဖြစ် ၁၉၆၇ မှ ၁၉၈၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။

မီဒီယာသူဌေးကြီး ရူးပတ် မားဒေါ့ခ်က တိုင်းမ်သတင်းစာကြီးကို ၁၉၈၁ ခုနှစ်တွင် ဝယ်ယူလိုက်ပြီးနောက် မစ္စတာ အီဗန်စ်ကို အယ်ဒီတာအဖြစ် ခန့်အပ်ခဲ့သည်။

၂၀၁၁ ခုနှစ်၊ ဇွန်လမှ စတင်ကာ မစ္စတာအီဗန်စ်သည် ရိုက်တာသတင်းဌာန၏ အဝေးရောက်အယ်ဒီတာအဖြစ် တာဝန်ထမ်းဆောင်သည်။

ရောင်းချလိုက်သည့် အဆောက်အအုံတည်နေရာမှာ နယူးယောက်မြို့၊ မန်ဟက်တန်ဒေသရှိ Upper East Side အရပ်တွင် တည်ရှိပြီး နာမည်ကျော် Central Park ပန်းခြံကြီးနှင့် ပဉ္စမရိပ်သာလမ်းကြားတွင် တည်ရှိသည့် East Side Co-Op အဆောက်အအုံကြီးတွင် ဖစ်ြသည်။

တီနာဘရောင်းသည် အဆိုပါအခန်းကို ချီလီ ဘီလျံနာကြီး အယ်လ်ဗာရို ဆီးခ်ျ ဘန်ဒစ်ခ်ထံ ကန်ဒေါ်လာ ၆ ဒသမ ၆၅ သန်းဖြင့် ရောင်းချခဲ့ခြင်း ဖြစ်သည်။

အရှေ့ ၅၇ လမ်း၊ အမှတ် ၄၄၇ အဆောက်အအုံရှိ ယင်းအခန်းတွင် အိပ်ခန်း ၅ ခန်းနှင့် ရေချိုးခန်း ၅ ခန်း ပါဝင်ပြီး ၂၀၁၆ ခုနှစ်အတွင်း ကန်ဒေါ်လာ ၉ ဒသမ ၇၅ သန်းဖြင့် ပထမဆုံးအကြိမ် အရောင်းဈေးကွက်တင်ခဲ့ပြီး နောက်ဆုံးဈေးကွက်တင်ခဲ့သည့် ခေါ်ဈေးမှာ ကန်ဒေါ်လာ ၇ ဒသမ ၉ သန်း ဖြစ်သည်။

တီနာဘရောင်းသည် New Yorker နှင့် Vanity Fair တို့၏ အယ်ဒီတာဟောင်းဖြစ်ပြီး အဆိုပါအခန်းတွင် ထင်ရှားသည့် ပုဂ္ဂိုလ်များစွာကို ညစာစားပွဲများဖြင့် ဧည့်ခံခဲ့ဖူးရာ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် မာလာလာ၊ အမေရိကန်သမ္မတဟောင်း ဘီလ် ကလင်တန်နှင့် ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီ ဘလဲတို့ အပါအဝင် ဖြစ်သည်။

တီနာဘရောင်းတို့ ဇနီးမောင်နှံသည် အဆိုပါအခန်းကို လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ ကျော်က ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ဝယ်ယူခဲ့စဉ်က ကန်ဒေါ်လာ ၃ ဒသမ ၈ သန်းသာ ပေးခဲ့ရသည်။


Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဒိုင်ယာနာ၏ နေ့စဉ်မှတ်တမ်းများ စာအုပ်ကို ရေးသားခဲ့သည့် ကမ္ဘာကျော်စာရေးဆရာမ တီနာ ဘရောင်းနှင့် ခင်ပွန်းဖြစ်သူ ရိုက်တာသတင်းဌာန အယ်ဒီတာတို့ နယူးယောက်တိုက်ခန်းကို ချီလီဘီလျံနာကြီးထံ ရောင်းချ - Property News in Myanmar from iMyanmarHouse.com
ဒိုင်ယာနာ၏ နေ့စဉ်မှတ်တမ်းများ စာအုပ်ကို ရေးသားခဲ့သည့် ကမ္ဘာကျော်စာရေးဆရာမ တီနာ ဘရောင်းနှင့် ခင်ပွန်းဖြစ်သူ ရိုက်တာသတင်းဌာန အယ်ဒီတာတို့ နယူးယောက်တိုက်ခန်းကို ချီလီဘီလျံနာကြီးထံ ရောင်းချ - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service