နိုင်ငံတကာကျောင်းတွေက အိမ်ရာစီမံကိန်းများအတွက် အခွင့်အလမ်းသစ်တစ်ခုဖြစ်လာ - Property News in Myanmar from iMyanmarHouse.com
2275 Views

နိုင်ငံတကာကျောင်းတွေက အိမ်ရာစီမံကိန်းများအတွက် အခွင့်အလမ်းသစ်တစ်ခုဖြစ်လာ

အိမ်ခြံမြေဈေးကွက်အေးစက်နေတာ လေးနှစ်နီးပါးရှိပြီဖြစ်ပေမဲ့ ပြီးခဲ့တဲ့ဧပြီလကစတင်ပြီး ပညာရေးမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ရာနှုန်းပြည့်လုပ်ဆောင်ခွင့်ကို အစိုးရက ခွင့်ပြုလိုက်တဲ့နောက် အဆင့်မြင့်အိမ်ရာတွေ၊ ကွန်ဒိုတွေအတွက် ဈေးကွက်သစ်တစ်ခု စတင်ဖြစ်ထွန်းလာပါတယ်။

အကြောင်းက နိုင်ငံခြားက တက္ကသိုလ်တွေ၊ ကောလိပ်တွေအနေနဲ့ ၎င်းတို့ဘာသာ ပရဝဏ်ရှာဖွေ ဝယ်ယူတည် ဆောက်တာထက် အသင့်ရှိပြီး အိမ်ရာစီမံကိန်းကြီးတွေမှာ အစိတ်အပိုင်းအလိုက် ဝယ်ယူပြီး သူတို့ကျောင်းတွေဖွင့်လှစ်တာဟာ ပိုမိုအဆင်ပြေပြီး သီးခြားဝန်ဆောင်မှုတွေအတွက်ပါ သက်သောင့်သက်သာ ပိုရှိတာကြောင့်ပါ။

တစ်ဖက်မှာလည်း အိမ်ရာစီမံကိန်းဆောက်လုပ်သူတွေအတွက် အိမ်ရာမှာ နိုင်ငံတကာကျောင်း ပါဝင်ခြင်းဟာ နေထိုင်သူတွေရဲ့ သားသမီးတွေ အိမ်အနီးတင် တက်ရောက်နိုင်တာမို့ ဝယ်သူကို ဆွဲဆောင်မှုပိုရှိစေပါတယ်။ ဒါကြောင့် အခုဆိုရင် တစ်ခုပြီးတစ်ခု ထွက်ပေါ်လာနေတဲ့ အိမ်ရာစီမံကိန်းတွေနဲ့အတူ မပါမဖြစ်ပါဝင်လာတာကတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့အတူ ဝင်ရောက်လာတဲ့ ကျောင်းတွေပဲဖြစ်ပါတယ်။

အိမ်ရာစီမံကိန်းတွေထဲမှာ ကျောင်းဧရိယာတွေကို ထည့်သွင်းတည်ဆောက်ပြီး အကျိုးတူပူးပေါင်း ရင်းနှီးမြှုပ်နှံ ခြင်းဟာ အိမ်ရာတည်ဆောက်သူအတွက်ရော ကျောင်းများအတွက်ပါ အကျိုးရှိစေတယ်လို့ ကွန်ဒိုနဲ့ အဆင့်မြင့် အိမ်ရာစီမံကိန်းတွေကို တာဝန်ယူရောင်းချပေးနေတဲ့Success Property Consultant ကုမ္ပဏီက အိမ်ခြံမြေ အရောင်းဒါရိုက်တာ ဦးကျော်စည်သူက ပြောပါတယ်။

အိမ်ရာပရောဂျက်တွေမှာ ကျောင်းတွေ၊ ဈေးဝယ်စင်တာတွေနဲ့ အားကစားကွင်းတွေကို နေရာအနေအထားကျယ်ရင်ကျယ်သလို ထည့်သွင်းတည်ဆောက်လာကြတာကိုလည်း တွေ့မြင်ရပါတယ်။ ဒီအထဲမှာမှ နိုင်ငံတကာအသိအမှတ်ပြု အဆင့်မြင့်ကျောင်းတွေ ထားရှိဖို့ကလည်း မရှိမဖြစ်နီးပါး အရေးပါနေတယ်လို့ ဦးကျော်စည်သူက ဆိုပါတယ်။

ယခုနှစ်ပိုင်းထဲမှာ စီးပွားရေးအရ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ အများအပြားဝင်ရောက်လာတာနဲ့အမျှ အိမ်ရာ စီမံကိန်းတွေ လာရောက်နေထိုင်တဲ့ နိုင်ငံခြားသားမိသားစုဝင်တွေဟာလည်း တစ်နေ့တခြား များပြားလာနေပါတယ်။ ဒီလိုများပြားလာတဲ့အတွက် အိမ်ရာအတွင်းနေထိုင်တဲ့ ကလေးတွေရဲ့ ပညာရေးအတွက် ကျောင်းတွေလည်း လိုအပ်လာနေပါတယ်။

"တချို့မိဘတွေက ကလေးတွေကို ကိုယ့်မျက်စိအောက်မှာပဲ ထားချင်တာရှိတယ်။ ဝေးဝေးမှာ သွားမထားချင်ဘူး။ အခုလိုနိုင်ငံခြားက ကျောင်းတွေကို ဖွင့်ခွင့်ပေးလိုက်တော့ အားလုံးအတွက် အဆင်ပြေသွားတာပေါ့"လို့ ဦးကျော်စည်သူက ဆိုပါတယ်။

ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံခွင့်ပြုပြီးတဲ့နောက်ပိုင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ မှတ်ပုံတင်ခွင့်ပြုချက်ကိုILBCနဲ့STI ကျောင်းနှစ်ကျောင်းက တရားဝင်လျှောက်ထားပြီးခွင့်ပြုပေးနိုင်ရန် ပညာရေးဌာနနဲ့ ညှိနှိုင်းနေဆဲ ဖြစ်တယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမ·း ဦးကျော်ဝင်းထွန်းက ဆိုပါတယ်။

ဒါ့ပြင် မကြာသေးခင်က အမေရိကန်က ကက်ပလန်တက္ကသိုလ်ဟာ ပြည်လမ်းရှိ ဒိုင်းမွန်းကွန်ဒို အနောက်ဘက်ဝင်းမှာ လာရောက်ဖွင့်လှစ်ထားပြီးဖြစ်ပါတယ်။

ထိုနည်းတူ လှိုင်သာယာရှိ ပန်းလှိုင်အိမ်ရာနှင့် သန်လျင်ရှိ စတားစီးတီးအိမ်ရာတွေမှာ ကျောင်းနှစ်ကျောင်း ဖွင့်လှစ်ထားတဲ့Dulwich College (ရန်ကုန်)က စတားစီးတီးအိမ်ရာဝင်းအတွင်းရှိ ကျောင်းအတွက် ကစားကွင်းတွေနဲ့ အဆောက်အအုံတွေ တည်ဆောက်ဖို့အတွက် အမေရိကန်ဒေါ်လာ ရှစ်သန်း ရင်းနှီးမြှုပ်နှံသွားမယ်လို့ ပြီးခဲ့တဲ့လက သတင်းထုတ်ပြန်ထားပါတယ်။

Dulwich College (ရန်ကုန်)ဟာYOMA Land ကုမ္ပဏီနဲ့ ပူးပေါင်းလုပ်ဆောင်တဲ့ မိတ်ဖက်ကုမ္ပဏီတစ်ခုဖြစ်ပြီး ၂၀၁၇ ခုနှစ်မှစတင်ကာ မြန်မာနိုင်ငံကို ဝင်ရောက်လာခဲ့ခြင်းဖြစ်ပါတယ်။

အဲဒီလိုပဲGolden City အိမ်ရာထဲမှာလည်းKI College Singapore က လာမယ့် သြဂုတ်လအတွင်းမှာ ကျောင်းဖွင့်လှစ်သွားမယ်လို့ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ထုတ်ပြန်အသိပေးထားပါတယ်။

တခြားတစ်ဖက်မှာလည်း ပညာရေးကို ရာနှုန်းပြည့် ပြည်ပရင်းနှီးမြှုပ်နှံခွင့်ပြုလိုက်ပေမဲ့ ရန်ကုန်မြို့တွင်းမှာတော့ မြေနေရာအခက်အခဲရှိနေဆဲဖြစ်ပြီး လက်ရှိအိမ်ခြံမြေ ဈေးကွက်ထဲမှာတော့ အခြေခံပညာအဆင့်ကျောင်းတွေအတွက် ကွန်ဒို (သို့မဟုတ်)တိုက်ခန်းတစ်ခုလုံး ငှားရမ်းပြီး ဖွင့်လှစ်တာတွေ ရှိနေတယ်လို့ Estate Myanmar အိမ်ခြံမြေအကျိုးဆောင်အေဂျင်စီက ဒေါက်တာထူးမြတ်နိုင်က ပြောပါတယ်။

"နေရာလည်း သိပ်မလိုဘဲ ကာလတိုဖွင့်လို့ရတဲ့ သင်တန်းတွေနဲ့ ဘွဲ့လွန်သင်တန်းတွေဖွင့်ဖို့အတွက်ပဲ လာစုံစမ်းငှားရမ်းကြတာများတယ်။ တချို့ကျတော့လည်း မြေနေရာအဆင်မပြေလို့ နေပြည်တော်တို့ မန္တလေးတို့လို နေရာမျိုးကို ပြောင်းဖွင့်ကြတာလည်းရှိတယ်"လို့ သူကပြောပါတယ်။

၎င်းကတော့ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ပညာရေးမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံခွင့် ရာနှုန်းပြည့် ခွင့်မပြုခင်ကတည်းက အိမ်ခြံမြေဈေးကွက်ထဲမှာ ရုံးခန်းတွေ ငှားရမ်းတဲ့ဈေးကွက်ရှိသလို ကျောင်းတွေ၊ သင်တန်းတွေအတွက် အိမ်ခြံမြေငှားရမ်းတဲ့ဈေးကွက်က ရှိနေပြီးသားဖြစ်တဲ့အတွက် ထူးထူးခြားခြား ပြောင်းလဲမှာမဟုတ်ဘူးလို့ ဆိုပါတယ်။

ရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်တဲ့နေရာမှာ နေရာအနေအထားက အရမ်းအရေးကြီးပါတယ်။ အထူးသဖြင့် နေရာကောင်းကောင်းဖြစ်ဖို့ အဲဒီနေရာက ဖွံ့ဖြိုးတဲ့နေရာဖြစ်ဖို့နဲ့ ရေရှည်ကိုကြည့်ရင်လည်း ကျောင်းတစ်ခုကို ထောက်ပံ့ပေးနိုင်မယ့် ကျောင်းသားဦးရေကို တွက်ချက်တဲ့အခါ ပတ်ဝန်းကျင်အနေအထားက ကောင်းမွန်နေဖို့ လိုအပ်ပါတယ်။ ကျောင်းတစ်ခုဖွင့်လို့ရလောက်မယ့် နေရာကျယ်ကျယ်ဝန်းဝန်းလည်း ရှိဖို့လိုအပ်တယ်လို့ အိမ်ခြံမြေဈေးကွက် လေ့လာသူတွေက ပြောပါတယ်။

ဒီလိုအချက်တွေကို တစ်နေရာတည်းမှာ ရနိုင်တာကတော့ အိမ်ရာစီမံကိန်းဝင်းတွေ ထဲမှာပဲဖြစ်ပါတယ်။ ဒါကြောင့်လည်း ရင်းနှီးမြှုပ်နှံသူတွေက ပိုမိုစိတ်ဝင်စားကြတာဖြစ်တယ်လို့ ဦးကျော်စည်သူက ဆိုပါတယ်။

"နိုင်ငံရဲ့အနေအထားအရ အရင်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ဖွင့်တဲ့ ပုဂ္ဂလိကကျောင်းတွေဖွင့်ဖို့ မလွယ်ကူခဲ့ပေမဲ့ အခုအချိန်မှာ ဖွင့်ခွင့်ရလာပြီဖြစ်တဲ့အတွက် ပညာရေးကဏ္ဍအရရော၊ စီးပွားရေးကဏ္ဍအရပါ ပိုပြီးတိုးတက်လာဖိ ပိုပြီးတိုးတက်လာဖို့ မျှော်လင့်ပါတယ်"လို့ ဦးကျော်စည်သူက ဆိုပါတယ်။


Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

INNO CITY
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service