ဟောင်ကောင်အုပ်ချုပ်ရေးအဖွဲ့က လေလံတင်ရောင်းချမည်ဖြစ်သော ဒေါ်လာ ၃၆ ဘီလီယံတန်ကြေးရှိ မြေနေရာကို အိမ်ခြံမြေ developer ကုမ္ပဏီ ၃၆ ခုက ဝင်ရောက်ယှဉ်ပြိုင်လေလံဆွဲမည် - Property News in Myanmar from iMyanmarHouse.com
2281 Views

ဟောင်ကောင်အုပ်ချုပ်ရေးအဖွဲ့က လေလံတင်ရောင်းချမည်ဖြစ်သော ဒေါ်လာ ၃၆ ဘီလီယံတန်ကြေးရှိ မြေနေရာကို အိမ်ခြံမြေ developer ကုမ္ပဏီ ၃၆ ခုက ဝင်ရောက်ယှဉ်ပြိုင်လေလံဆွဲမည်

ဟောင်ကောင်တွင် MTR ကော်ပိုရေးရှင်းက ပိုင်ဆိုင်သည့် ဟောင်ကောင်ဒေါ်လာ ၃၆ ဘီလီယံတန်ကြေးရှိ မြေနေရာကို အိမ်ခြံမြေ developer ကုမ္ပဏီ ၃၆ ခုက ဝင်ရောက်ယှဉ်ပြိုင်လေလံဆွဲမည်ဖြစ်ကြောင်း ရှန်ဟိုင်းအခြေစိုက်
အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက် တစ်ခုတွင် ဖော်ပြသည်။

MTR ကော်ပိုရေးရှင်းပိုင် ဝမ်ချောက်ဟမ် ဘူတာရုံဝန်းရှိ မြေနေရာသည် ဘက်စုံသုံးအဆောက်အအုံများ ဆောက်လုပ်ရန် လျာထားသည့် နေရာဖြစ်ပြီး
တန်ကြေးအားဖြင့် ဟောင်ကောင်ဒေါ်လာ ၃၆ ဘီလီယံ (ကန်ဒေါ်လာ
၎ ဒသမ ၆ ဘီလီယံ) တန်ကြေးရှိသည်။

ယင်းနေရာကို လေလံဆွဲရန်အတွက် ဒေသတွင် ထိပ်သီး developer
များဖြစ်သော Sun Hung Kai Properties၊ လီကာရှင်း၏ CK Asset ၊ New World Development နှင့် Henderson Land တို့ အပါအဝင် ကုမ္ပဏီ ၃၆ ခုထံမှ စိတ်ဝင်စားမှုဖော်ပြလွှာ လက်ခံရရှိထားကြောင်း MTR ကော်ပိုရေးရှင်းက အတည်ပြုထားသည်။

နေအိမ်ပေါင်း ၁၂၀၀ ခန့်အထိ ဆောက်လုပ်နိုင်သည့် ယင်းနေရာနှင့် စပ်လျဉ်း၍ အိမ်ခြံမြေဈေးကွက်သုတေသီတို့က သတိပေးချက်များရှိခဲ့သည်။

သုတေသီ၏ သတိပေးသည်မှာ မကြာမီအကောင်အထည်ဖော်တော့မည့် လူမနေသော အိမ်ခြံမြေတို့အား အခွန်ကောက်ခံမည့် အခြေအနေမျိုးတွင် ယခုမြေကွက်၏ တန်ဖိုးမှာ ထိုးဆင်းသွားနိုင်ကြောင်း သတိပေးခဲ့ကြခြင်း ဖြစ်သည်။

MTR ကော်ပိုရေးရှင်းသည် ယခုမြေကွက်နှင့် ကပ်လျက်မြေကွက်ကို လွန်ခဲ့သော ဒီဇင်ဘာလအတွင်း Kerry Properties နှင့် Sino Land တို့ထံ ရောင်းချခဲ့ဖူးသည်။

ထိုစဉ်က ရောင်းချခဲ့သော မြေကွက်သည် စက်ရုံမြေနေရာဟောင်းတစ်ခုဖြစ်ပြီး လူနေအိမ်ပေါင်း ၆၀၀ ခန့် ဆောက်လုပ်နိုင်သည့် နေရာဖြစ်၏။

ယခုရောင်းချမည့် မြေနေရာတွင် လူနေနှင့် လက်လီအရောင်းဆိုင် ဘက်စုံသုံးနေရာအဖြစ် အကောင်အထည်ဖော်ရန် လျာထားထားပြီး ဝမ်ချောက်ဟန် Three Property Development ဟု အမည်ပေးထားသည်။

စီမံကိန်းတွင် ကြမ်းခင်းဧရိယာ စတုရန်းပေ ၁ ဒသမ ၅ သန်း (စတုရန်းမီတာ ၁၃၉၉၀၀) ရှိမည်ဖြစ်ပြီး ယင်းအနက် စတုရန်းမီတာ ၁ သန်းမှာ လူနေဧရိယာအတွက် ရည်ရွယ်ထားပြီး ကျန်သည်မှာ လက်လီအရောင်းဆိုင်ခန်းများအတွက် ဖြစ်သည်ဟု ဆိုသည်။

လူနေခန်းပေါင်း ၁၂၀၀ ခန့်ကို ဘလောက်လေးခုခွဲကာ ဆောက်လုပ်သွားမည်ဖြစ်ပြီး လာမည့် ၂၀၂၄ ခုနှစ်တွင် အပြီးသတ်ဆောက်လုပ်နိုင်ရန် ရည်မှန်းထားသည်။


Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service