အောင်မြေမန္တလာ နိုင်ငံ့ဝန်ထမ်းအိမ်ရာ တိုက်ခန်းပေါင်း ၂၆၀ ကိုမကြာမီရက်ပိုင်းအတွင်း နေရာချထားပေး - Property News in Myanmar from iMyanmarHouse.com
2414 Views

အောင်မြေမန္တလာ နိုင်ငံ့ဝန်ထမ်းအိမ်ရာ တိုက်ခန်းပေါင်း ၂၆၀ ကိုမကြာမီရက်ပိုင်းအတွင်း နေရာချထားပေး

မန္တလေးတိုင်း ဒေသကြီးအစိုးရဘတ်ဂျက်ဖြင့် ဆောက်လုပ်ပြီးစီးခဲ့သည့် အောင် မြေမန္တလာနိုင်ငံ့ဝန်ထမ်း အိမ်ရာ တိုက်ခန်းပေါင်း ၂၆၀ ကို မကြာ မီရက်ပိုင်းအတွင်း နေရာချထားပေးသွားမည်ဖြစ်ကြောင်း တိုင်း ဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

""လက်ရှိ အခန်းတွေအား လုံးပြီးစီးသွားပါပြီ။ မီတာဘောက် နဲ့ မီးကမရသေးတော့ ချထား ပေးဖို့ အချိန်ကြန့်ကြာနေတာပါ။ မကြာမီရက်ပိုင်းအတွင်းမှာ ချ ထားပေးမှာပါ။ နေရေးအခက် အခဲရှိတဲ့ ဝန်ထမ်းတွေအတွက် နှစ်စဉ်အိမ်ရာတွေဆောက်လုပ် ပေးနေသလို ဆောက်လုပ်ပြီးတဲ့ အိမ်ရာတွေမှာလည်း အမြန်ဆုံး နေထိုင်နေကြပါပြီ""ဟု တိုင်းဒေ သကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသက်နိုင်က ပြောသည်။

အဆိုပါ နိုင်ငံ့ဝန်ထမ်းအိမ် ရာများတွင် နေထိုင်ခွင့်ရရှိရန်လျှောက်ထားသူဦးရေမှာ တစ် ထောင်ကျော်ရှိသော်လည်းလျှောက်ထားဆဲကာလမှာပင် ပြောင်းရွှေ့သွားသူများ၊ နုတ်ထွက် သွားသူများနှင့် အငြိမ်းစားယူ သွားကြသူများ၏စာရင်းကို ပြန် လည်စိစစ်ပယ်ဖျက်သွားပါက လျှောက်ထားသူဦးရေလျော့ကျသွားမည်ဖြစ်သည်။

""ယခင်လက်ကျန်လျှောက် လွှာက အစောင် ၄၈၀ ရှိပြီး ၂၀၁၇ ခုနှစ်အတွင်းမှာ လာရောက် လျှောက်ထားတဲ့လျှောက်လွှာ ပေါင်း ၅၂၉ စောင်ရှိပါတယ်။ ဒီလျှောက်လွှာတွေကို ရုံးအဖွဲ့ တွေ၊ လွှတ်တော်ကိုယ်စားလှယ် တွေပါတဲ့ ရွေးချယ်ရေးအဖွဲ့နဲ့ ချမှတ်ထားတဲ့မူဝါဒအတိုင်း စိစစ် ရွေးချယ်နေတဲ့အတွက် မကြာမီ နေထိုင်ခွင့်ရသူတွေကို ကြေညာ ပေးသွားမှာပါ""ဟု ၄င်းက ဆက် လက်ပြောကြားသည်။

အောင်မြေမန္တလာနိုင်ငံ့ဝန် ထမ်းအိမ်ရာတွင် မန္တလေးခရိုင် အတွင်း တာဝန်ထမ်းဆောင်နေ ကြသည့် နိုင်ငံ့ဝန်ထမ်းများအ နက် ဝင်ငွေနည်းဝန်ထမ်းများနှင့် ဆရာ၊ ဆရာမများကို ဦးစားပေးရွေးချယ်၍ နေရာချထားပေးသွား မည်ဖြစ်ရာ မန္တလေးတိုင်းဒေသ ကြီးအတွင်း၌ နိုင်ငံ့ဝန်ထမ်း ၅၆၁၆၂ ဦးရှိရာ ဆောက်လုပ်ပြီး စီးသည့် အိမ်ရာတိုက်ခန်းမှာ ၃၀၃၀ သာရှိသေးကြောင်း သိရ သည်။


Credit: Democracytoday

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service