ရန်ကုန်မြို့၏ ပထမဦးဆုံးနှင့် အဆင့်မြင့်ဆုံး ဖော်ဆောင်ပြီးစီးပြီးဖြစ်သည့် Golden City သည် grade-A အဆင့်ရှိ Golden City Business Center (GCBC) ၌ ရုံးခန်းဖွင့်လှစ်သွားမည့် KI College Singapore ကို ယနေ့ ကြိုဆိုလိုက်ပါသည်။
စင်္ကာပူနိုင်ငံမှ သင်ကြားမှုအတွေ့အကြုံရှိပြီး အရည်အချင်းပြည့်ဝသည့် ဆရာ၊ဆရာမများ၊ Royal Academy of Dance (United Kingdom) နှင့် the Commonwealth Society of Teachers of Dancing (Australia) တို့မှ အသိအမှတ်ပြုလက်မှတ်များ ရရှိထားသည့် ဆရာ၊ဆရာမများမှ academic နှင့် dance program များကို အသက်သုံးနှစ်နှင့်အထက် ကလေးငယ်များအား သင်ကြားပို့ချပေးသွားမည် ဖြစ်ပါသည်။
KI College Singapore ၏ သင်ရိုးညွှန်းတမ်းများနဲ့ သင်ကြားရေးစနစ်သည် စင်္ကာပူပညာရေးစနစ်၏ စံနှုန်းများအား အခြေခံပြီး စင်္ကာပူနိုင်ငံသား သင်ကြားရေးဆရာများမှ ရေးဆွဲထားကာ ဂုဏ်သိက္ခာကြီးမားသော နိုင်ငံတကာ စာမေးပွဲစိစစ်ရေးအဖွဲ့အစည်းများ၏ အကဲဖြတ်အမှတ်ပေးစနစ်များနှင့်အညီ သင်ကြားပို့ချသွားမည် ဖြစ်ပါသည်။
သင်တန်းများကို ကျောင်းသားများ၏ လိုအပ်ချက်များနှင့် အစဉ်ကိုက်ညီစေရန် ၄င်းတို့၏ ပညာရေးမှတ်တမ်းများနှင့် အကဲဖြတ်စာမေးပွဲများကို KI College Singapore မှ အနီးကပ် စစ်ဆေးဆောင်ရွက်ပေးပါသည်။
KI College ကို ယခုနှစ် သြဂုတ်လအတွင်း ဖွင့်လှစ်သွားရန် မျှော်မှန်းထားပြီး မိမိတို့စွမ်းရည်များကို မြှင့်တင်လိုသော Primary မှ Secondary level တန်းရှိ ကျောင်းသားကျောင်းသူများအားလုံး တက်ရောက်နိုင်ပါမည်။
KI College သင်တန်းကျောင်း၏ သင်တန်းအစီအစဉ်အသေးစိတ်နှင့် Golden City ၏ နောက်ဆုံးသတင်းများကို KI College Singapore ၏ Website http://www.ki-college.com/ နှင့် Golden City Myanmar ၏ Facebook စာမျက်နှာ https://bit.ly/2t9XHQb ၌ လေ့လာစုံစမ်းမေးမြန်းနိုင်ပါသည်။