အင်္ဂလန်အခြေစိုက် IHG ဟိုတယ်အုပ်စုက တရုတ်ပြည်တွင် လာမည့် ၅ နှစ်အတွင်း ဟိုတယ်ပေါင်း ၃၀၀ ကျော် ဆောက်လုပ်ရန် စီစဉ် - Property News in Myanmar from iMyanmarHouse.com
2388 Views

အင်္ဂလန်အခြေစိုက် IHG ဟိုတယ်အုပ်စုက တရုတ်ပြည်တွင် လာမည့် ၅ နှစ်အတွင်း ဟိုတယ်ပေါင်း ၃၀၀ ကျော် ဆောက်လုပ်ရန် စီစဉ်

အင်္ဂလန်နိုင်ငံ၊ ဘက်ကင်ဟမ်ရှိုင်းယားခရိုင်၊ ဒန်ဟမ်ကျေးရွာတွင် အခြေစိုက်သော ကမ္ဘာကျော် အင်တာ ကွန်တီနန်တယ်လ် ဟိုတယ် အုပ်စု (IHG) သည် တရုတ်ပြည်တွင် ဟိုတယ်ပေါင်း ၃၀၀ ကျော်ကို လာမည့် ၅ နှစ်တာကာလအတွင်း ဆောက်လုပ်သွားရန် စီစဉ်လျက်ရှိကြောင်း တရုတ်အခြေစိုက် ယိစိုင်း ဂလိုဘယ် သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြသည်။

IHG သည် ကမ္ဘာ့နိုင်ငံပေါင်း ၁၀၀ နီးပါးတွင် ဟိုတယ်ပေါင်း ၅၃၆၇ လုံးကျော် လည်ပတ်လုပ်ကိုင်နေပြီး ဟိုတယ်ခန်းပေါင်း ၇၉၉၉၂၃ ခန့် ရှိသည်။

IHG သည် ယခုအခါတွင် တရုတ်ပြည်အတွင်း ဟိုတယ်ပေါင်း ရာနှင့်ချီ၍ ဆောက်လုပ်သွားရန် အရှိန်အဟုန်မြှင့် ကြိုးပမ်းလျက်ရှိကြောင်း IHG ၏ ထိပ်တန်းအကြီးအကဲများက ယိစိုင်း ဂလိုဘယ်နှင့် သီးသန့်တွေ့ဆုံမေးမြန်းခန်း ပြုလုပ်စဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။

လာမည့် ၃ နှစ်မှ ၅ နှစ်အကြာတွင် ကမ္ဘာပေါ်ရှိ လူဦးရေအများဆုံးနိုင်ငံတွင် IHG က လည်ပတ်နေသော ဟိုတယ်အရေအတွက် ၂ ဆခန့် တိုးတက်လာမည်ဖြစ်ကြောင်း IHG ၏ ဖွံ့ဖြိုးမှုအကြီးအကဲ ကန့်ဆွန်က ပြောကြားသည်။
လက်ရှိအားဖြင့် IHG သည် တရုတ်ပြည်အတွင်းတွင် ဟိုတယ်ပေါင်း ၃၃၀ လည်ပတ်လုပ်ကိုင်လျက် ရှိသည်။

ကမ္ဘာတစ်ဝန်းတွင် ဟိုတယ်ပေါင်း ငါးထောင်ကျော် လည်ပတ်လျက်ရှိရာတွင် ဟိုတယ်အမှတ်တံဆိပ် မျိုးစုံပါဝင်နေပြီး တရုတ်ပြည်တွင် အသစ်ဆောက်လုပ်သွားမည့် ဟိုတယ်များမှာ အဓိကအားဖြင့် Holiday Inn Express အမှတ်တံဆိပ် ဖြစ်မည်ဟု ဆိုသည်။

အဆိုပါ အမှတ်တံဆိပ်ကို IHG ၏ "Starbucks" ဖြစ်လာအောင် ထူထောင်သွားမည်ဖြစ်ကြောင်းလည်း ကန့်ဆွန်က ပြောကြားသည်။

("Starbucks" ကဲ့သို့ ကမ္ဘာလုံးဆိုင်ရာ အမှတ်တံဆိပ်ဖြစ်လာအောင် ကြိုးပမ်းမည်ဟု ဆိုလို)
ပြီးခဲ့သော ၅ နှစ်တာကာလအတွင်း တရုတ်ပြည် ဟိုတယ်ကဏ္ဍတွင် ၁၀ ရာခိုင်နှုန်းနီးပါး တိုးတက်ဖွံ့ဖြိုးလာခဲ့သည်။

တရုတ်ပြည်တွင်းဈေးကွက်၏ အဆင့်မြင့် ဇိမ်ခံဟိုတယ်ကဏ္ဍတွင် ပြည်ပရင်းနှီးမြှုပ်နှံသူများ လွှမ်းမိုးထားပြီး ယခုအခါတွင် ပြည်ပလုပ်ငန်းရှင်တို့က ကြယ်ပွင့်အဆင့်သတ်မှတ်မှု နိမ့်ပါးသောဟိုတယ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုပြုလုပ်ရန် အာရုံစိုက်လာကြသည်။

ပြည်ပ ဟိုတယ်ကုမ္ပဏီများစွာသည် ကြယ် ၄ ပွင့်နှင့် ကြယ် ၃ ပွင့်အဆင့်ရှိ ဟိုတယ်များ စတင်ဆောက်လုပ်လာလျက်ရှိနေပြီး အဓိကရည်ရွယ်ချက်မှာ ဖောက်သည်နယ်ပယ်ပိုမိုကျယ်ပြန့်လာစေရန်နှင့် ဈေးကွက်ရပ်တည်မှု ခိုင်မာစေရန်ဖြစ်သည်ဟု ဆိုသည်။


Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

CarsDB
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service