ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ပထမဆုံးအကြိမ်ရောင်းချမည့် အိမ်ရာဝယ်ယူခွင့်တန်းစီဇယား မဲနှိုက်ရွေးချယ် - Property News in Myanmar from iMyanmarHouse.com
2516 Views

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ပထမဆုံးအကြိမ်ရောင်းချမည့် အိမ်ရာဝယ်ယူခွင့်တန်းစီဇယား မဲနှိုက်ရွေးချယ်

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးကြပ်ကွပ်ကဲ၍ ရန်ကုန်တိုင်း ဒေသကြီးအတွင်း ပထမဆုံးအကြိမ် ရောင်းချမည့် (တန်ဖိုးနည်း၊ တန်ဖိုး သင့်) အိမ်ရာများဝယ်ယူခွင့် တန်းစီ ဇယား မဲနှိုက်ခြင်း အခမ်းအနားကို ဇွန် လ ၂၅ရက် ၊နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့ ဗိုလ်ချုပ်လမ်းပေါ်ရှိ မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ပြုလုပ်သည်။

မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန မှ ညွှန်ကြားရေးမှူး ဒေါ်မီမီတင်က ''မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ဆောက်လုပ်ပြီးခဲ့တဲ့ တန်ဖိုးနည်း၊ တန်ဖိုးသင့် အိမ်ရာတွေကို ရန်ကုန် တိုင်းဒေသကြီးကို လွှဲပေးထားတဲ့ အခန်းတွေရှိပါတယ်၊ အဲဒါတွေကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ပထမဆုံးအကြိမ် မဲနှိုက်ရောင်းချမှာပါ၊ ဒီနေ့ကတော့ ရောင်းချနိုင်တဲ့ အခန်း ကို လာလျှောက်တဲ့ လျှောက်လွှာရှင် ၆ဝဝဝ ကျော်ကို တန်းစီတဲ့ အခမ်း အနားပါ၊ ဒီနေ့ထွက်လာတဲ့ စာရင်း ပေါ်မူတည်ပြီး ကာယကံရှင်ကိုယ်တိုင် မဲနှိုက်တဲ့ ပွဲလေးထပ်လုပ်မှာပါ'' ဟု ပြောသည်။

အိမ်ရာများ ရောင်းချရန် လျှောက်လွှာများ စတင်ခေါ်ယူစဉ်က အများပြည်သူ၊ နိုင်ငံ့ဝန်ထမ်း၊ ကုမ္ပဏီ ဝန်ထမ်း၊ အငြိမ်းစားဝန်ထမ်း ဟူ၍ အမျိုးအစား ခွဲခြားခေါ်ယူခဲ့ရာ လျှောက်လွှာပေါင်း ၁၈ဝဝဝ ကျော် ရောင်းချခဲ့ရသော်လည်း အမှန် တကယ် လာရောက်လျှောက်ထားသူ ၆ဝဝဝ ကျော်သာရှိကြောင်း ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်၊ လူမှုရေး နှင့် စီမံခန့်ခွဲရေးကော်မတီမှ သိရ သည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၊ လူမှုရေးနှင့် စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ ဦးသာအောင်က ''လျှောက်လွှာ တွေခေါ်တဲ့အခါမှာ လျှောက်လွှာ ပေါင်း ၁၈ဝဝဝ ရောင်းရပေမယ့် တကယ်တမ်း လျှောက်လွှာလာတင် တော့ ၆ဝဝဝ လောက်ပဲတင်တယ်၊ အဲဒီ ၆ဝဝဝ ကို ဒီနေ့ တန်းစီဇယား မဲနှိုက်တာဖြစ်ပါတယ်၊ အဲဒီထဲကမှ ၁ဝဝဝ ကို မဲနှိုက်ရွေးမယ်၊ တန်းစီ ဇယား ၁ဝဝဝ ထဲမှာမပါသေးတဲ့ လူတွေအတွက် တည်ဆောက်မှုပြီးခါ နီး တိုက်ခန်းတွေရှိပါတယ်၊ဒီအတွက် အခု တန်းစီဇယားထဲမှာမပါတဲ့ လူတွေက နောက်ထပ်လျှောက်လွှာ ထပ်တင်စရာမလိုဘဲ ဝယ်ယူခွင့်ရရှိမှာ ဖြစ်ပါတယ်'' ဟု ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရက ပထမဆုံးအကြိမ် မဲနှိုက်ရောင်းချမည့် အိမ်ရာများမှာ သင်္ဃန်းကျွန်း ကြီးပွားရေး အိမ်ရာ၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်ရှိ ယုဇနအိမ်ရာ၊ ကနောင်အိမ်ရာ၊ ဒဂုံမြို့သစ် တောင်ပိုင်းရှိ အင်းဝအိမ်ရာ၊ မြောက်ဥက္ကလာရှိ ရွှေပေါက်ကံ အိမ်ရာ၊ ရွှေပြည်သာမြို့နယ်ရှိ အိမ်ရာ၊ လှိုင်သာယာမြို့နယ်ရှိ ထီးလှိုင်ရှင်နှင့် ရွှေလင်ဗန်းအိမ်ရာ တို့ဖြစ်ကြောင်း သိရသည်။

ယင်းတို့အနက်မှ နိုင်ငံ့ဝန်ထမ်း ၂၅ ရာခိုင်နှုန်း၊ ကုမ္ပဏီဝန်ထမ်း ၂၅ ရာခိုင်နှုန်း၊ အများပြည်သူ ၃၅ ရာခိုင်နှုန်း၊ အငြိမ်းစားဝန်ထမ်း ၁၅ ရာခိုင်နှုန်းကို ဝင်ငွေသုံးသိန်းမှ ငါးသိန်း ကြား၊ ငါးသိန်းမှ ၁၂ သိန်းကြား ဝင်ငွေအုပ်စုအလိုက် ဝယ်ယူနိုင်မှု တိုက်ခန်းအမျိုးအစားပေါ် မူတည်ပြီး ရောင်းချမည်ဖြစ်ကြောင်း အိမ်ရာ စီမံကိန်းများ ရောင်းချရေးကြီးကြပ်မှု ကော်မတီမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၊ လူမှုရေးနှင့် စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ ဦးသာအောင်က ''အိမ်ရာ အမှန်တကယ်မရှိတဲ့ ပြည်သူတွေ လက်ထဲ ရောက်စေချင်တဲ့ ဆန္ဒနဲ့ ကျွန်တော်တို့ ဆောင်ရွက်တာပါ၊ ကော်မတီထဲမှာပါတဲ့ ကော်မတီဝင် တွေအနေနဲ့ နီးစပ်ရာလူတွေကို မထောက်ခံပါနဲ့၊ ကိုယ်တိုင်လည်း အိမ်ရှိသည် ဖြစ်စေ၊ မရှိသည်ဖြစ်စေ မယူကြဘဲ မဲစနစ်နဲ့ မျှမျှတတ လုပ်မှာ ပါ၊ ဒါမှ ပထမဦးဆုံး ကျွန်တော်တို့ လုပ်တဲ့ ဒီလိုပွဲမျိုးမှာ ပြည်သူတွေ ယုံကြည်မှု အပြည့်အဝရအောင် အစိုးရဘက်က ရိုးသားမှု အပြည့်အဝ ကို ပြချင်တဲ့အတွက် ဒီလိုဆောင်ရွက် တာပါ'' ဟု ပြောသည်။

ယနေ့ တန်းစီဇယားတွင် ပါဝင် သည့် လျှောက်လွှာရှင်များအနက် လိမ်လည်လျှောက်ထားမှုများ စိစစ် တွေ့ရှိပါက အိမ်ရာကြေးပေးသွင်း ထားသည့် ငွေတစ်စိတ်တစ်ဒေသကို ဒဏ်ရိုက်သွားမည်ဖြစ်ပြီး တိုက်ခန်း ဝယ်ယူခွင့်ကို ပိတ်သိမ်းသွားမည် ဖြစ်ကြောင်း အိမ်ရာစီမံကိန်းများ ရောင်းချရေး ကြီးကြပ်မှုကော်မတီမှ သိရသည်။

ယနေ့ ပြုလုပ်သည့် တန်းစီဇယား မဲနှိုက်ခြင်းအခမ်းအနားတွင် ရန်ကုန် တိုင်းဒေသကြီးအတွင်း ရောင်းချမည့် အိမ်ရာများ(တန်ဖိုးနည်း၊ တန်ဖိုးသင့်) ဝယ်ယူခွင့် လျှောက်ထားသူများ အနက် မိသားစုဝင်ငွေ ကျပ်သုံးသိန်းမှ ငါးသိန်းကြားရှိ အများပြည်သူ ၁၁၃ဝ၊ နိုင်ငံ့ ဝန်ထမ်း ၇၉ဝ၊ ကုမ္ပဏီဝန်ထမ်း ၂၁၉ ဦး၊ အငြိမ်းစားဝန်ထမ်း ၂၇၈ ဦးနှင့် မိသားစု ဝင်ငွေ ငါးသိန်းမှ ၁၂ သိန်းကြားရှိ အများပြည်သူ ၁၃ဝ၅ ဦး၊ နိုင်ငံ့ဝန်ထမ်း ၈၈၆ ဦး၊ ကုမ္ပဏီ ဝန်ထမ်း ၅၂၂ ဦး၊ အငြိမ်းစားဝန်ထမ်း ၃၉၇ ဦး စုစုပေါင်း ၅၅၂၇ ဦးတို့ အား အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူများက မဲနှိုက်ရွေးချယ်ပေးခဲ့ကြသည်။

Credit: The Mirror

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service