ဟဲဗီးဝိတ် လက်ဝှေ့ချန်ပီယံဟောင်း မိုဟာမက်အလီ၏ ၈၁ ဧက ကျယ်ဝန်းသော ယာတောအိမ်ကြီးကို ဇနီးဖြစ်သူက အရောင်းဈေးကွက် တင်ရာတွင် အလဲထိုးအနိုင်ပွဲ ၃၇ ပွဲကို ဂုဏ်ပြုသောအားဖြင့် ခေါ်ဈေးတွင် ၃၇ ဒေါ်လာ အစွန်းထွက်ထည့်သွင်း ဈေးခေါ် - Property News in Myanmar from iMyanmarHouse.com
4060 Views

ဟဲဗီးဝိတ် လက်ဝှေ့ချန်ပီယံဟောင်း မိုဟာမက်အလီ၏ ၈၁ ဧက ကျယ်ဝန်းသော ယာတောအိမ်ကြီးကို ဇနီးဖြစ်သူက အရောင်းဈေးကွက် တင်ရာတွင် အလဲထိုးအနိုင်ပွဲ ၃၇ ပွဲကို ဂုဏ်ပြုသောအားဖြင့် ခေါ်ဈေးတွင် ၃၇ ဒေါ်လာ အစွန်းထွက်ထည့်သွင်း ဈေးခေါ်

အမေရိကန်ပြည်ထောင်စု၊ မီချီဂန်ပြည်နယ်၊ Berrien Springs ကျေးရွာကလေးတွင် တစ်ချိန်က ဟဲဗီးဝိတ် လက်ဝှေ့ချန်ပီယံဟောင်း မိုဟာမက်အလီ ပိုင်ဆိုင်ခဲ့ဖူးသည့် ၈၁ ဧကကျယ်ဝန်းသော ယာတောအိမ်ကြီး အရောင်းဈေးကွက်ဝင်လာသည်။

စံအိမ်ဝန်းကြီး၏ မျက်နှာစာမှာ မြစ်ကမ်းနှင့် အလျား ၁ မိုင်ခန့် ထိစပ်လျက်ရှိသည်ဟု ဆိုသည်။

မိုဟာမက်အလီက အဆိုပါ ယာတောအိမ်ကို ၁၉၇၅ ခုနှစ်အတွင်း ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ၎င်းတွင် ပါကင်ဆန်ရောဂါ မဖြစ်ပွားမီ ၁၀ နှစ်ခန့်အလိုတွင်လည်း ဖြစ်၏။

မိုဟာမက်အလီ၏ အမည်ရင်းမှာ ကက်စီးယပ်စ် မာစဲလပ်စ် ကလေး ဂျူနီယာဖြစ်ပြီး အမေရိကန်ပြည်ထောင်စု၊ ကင်တပ်ကီပြည်နယ်၊ လူးဝစ်ဗီးလ်မြို့တွင် ၁၉၄၂ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်တွင် မွေးဖွားသည်။

၁၉၈၄ ခုနှစ်တွင် ပါကင်ဆန်ရောဂါဖြစ်ပွားနေကြောင်း တွေ့ရှိခဲ့ကြပြီး လက်ဝှေ့ကစားခြင်းကြောင့် ဦးနှောက်ထိခိုက်မှုများမှတစ်ဆင့် ဖြစ်ပွားခဲ့ရခြင်းဖြစ်ကြောင်း သူ၏ ဆရာဝန်များက ပြောကြားခဲ့ကြသည်ဟု ဆိုသည်။

၂၀၁၆ ခုနှစ် ၊ ဇွန်လ ၃ ရက်တွင် အရီဇိုးနားပြည်နယ်၊ စကော့ဒေးလ်မြို့တွင် ကွယ်လွန်သွားခဲ့သည်။

ယခုအခါ မိုဟာမက်အလီ၏ ဇနီးက မီချီဂန်ရှိ ယာတောအိမ်ကို ခေါ်ဈေးအတိအကျဖြင့် အရောင်းဈေးကွက်တင်လာရာ ခေါ်ဈေးမှာ ကန်ဒေါ်လာ ၂၈၉၅၀၃၇ ဖြစ်သည်။

အစွန်းထွက် ၃၇ ဒေါ်လာမှာ မိုဟာမက်အလီ၏ အလဲထိုးနိုင်ပွဲ ၃၇ ပွဲကို ရည်ညွှန်းခြင်းဖြစ်သည်ဟု ဆိုသည်။

ယာတောတည်နေရာမှာ မီချီဂန်ပြည်နယ်တောင်ပိုင်း၊ အင်ဒီယာနာပြည်နယ် နယ်စပ်တွင် ဖြစ်ပြီး ခြံဝန်းအကျယ်မှာ ၈၁ ဧကခန့် ရှိသည်။

ပင်မနေအိမ်တွင် ဂိုဒေါင်တစ်ခုတွဲလျက်ပါဝင်ပြီး အိပ်ခန်း ၄ ခန်း ပါသည်။

ထို့အပြင် ရေကူးကန်၊ အားကစားလေ့ကျင့်ရေးခန်းမ၊ ဂိုဒေါင်များ၊ စပါးကျီများလည်း ပါဝင်သေးသည်။

အားကစားလေ့ကျင့်ရေးခန်းမတွင် မိုဟာမက် အလီ လက်ဝှေ့လေ့ကျင့်ရန် ပြုလုပ်ထားသော သီးသန့်လက်ဝှေ့စင်တစ်ခုပင် ပါဝင်သေးသည်။

အားကစားလေ့ကျင့်ရေးကိရိယာများအပြင် ရေနွေးငွေ့ခန်းနှင့် အနှိပ်ခန်းတစ်ခန်းလည်း ပါဝင်သည်။

ခြံဝန်းအတွင်းရှိ ရေကူးကန်ဘေးတွင် လဟာပြင်မီးဖိုဆောင်နှင့် ရေချိုးအိမ်တစ်လုံးလည်း ပါဝင်သေး၏။

ခြံဝန်းအတွင်း စံမှီအကျယ်အဝန်းရှိ ဘတ်စ်ကက်ဘောကွင်းတစ်ကွင်း ပါဝင်ပြီး ခြံဝန်းတစ်ခုလုံးကို စိမ်းလန်းဝေဆာနေအောင် မြေယာအလှဆင်ထားသည်။

“အလှတရား၊ ဆိတ်ငြိမ်အေးချမ်းမှုနှင့် တကိုယ်ရေလုံခြုံမှုတို့ရှိသော နိဗ္ဗာန်ဘုံနေရာတစ်ခု” ဟု ဈေးကွက်တင်သည့် ကုမ္ပဏီက ဖော်ပြသည်။

ခေါ်ဈေး- ကန်ဒေါ်လာ ၂ ဒသမ ၉ သန်း

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဟဲဗီးဝိတ် လက်ဝှေ့ချန်ပီယံဟောင်း မိုဟာမက်အလီ၏ ၈၁ ဧက ကျယ်ဝန်းသော ယာတောအိမ်ကြီးကို ဇနီးဖြစ်သူက အရောင်းဈေးကွက် တင်ရာတွင် အလဲထိုးအနိုင်ပွဲ ၃၇ ပွဲကို ဂုဏ်ပြုသောအားဖြင့် ခေါ်ဈေးတွင် ၃၇ ဒေါ်လာ အစွန်းထွက်ထည့်သွင်း ဈေးခေါ် - Property News in Myanmar from iMyanmarHouse.com
ဟဲဗီးဝိတ် လက်ဝှေ့ချန်ပီယံဟောင်း မိုဟာမက်အလီ၏ ၈၁ ဧက ကျယ်ဝန်းသော ယာတောအိမ်ကြီးကို ဇနီးဖြစ်သူက အရောင်းဈေးကွက် တင်ရာတွင် အလဲထိုးအနိုင်ပွဲ ၃၇ ပွဲကို ဂုဏ်ပြုသောအားဖြင့် ခေါ်ဈေးတွင် ၃၇ ဒေါ်လာ အစွန်းထွက်ထည့်သွင်း ဈေးခေါ် - Property News in Myanmar from iMyanmarHouse.com
ဟဲဗီးဝိတ် လက်ဝှေ့ချန်ပီယံဟောင်း မိုဟာမက်အလီ၏ ၈၁ ဧက ကျယ်ဝန်းသော ယာတောအိမ်ကြီးကို ဇနီးဖြစ်သူက အရောင်းဈေးကွက် တင်ရာတွင် အလဲထိုးအနိုင်ပွဲ ၃၇ ပွဲကို ဂုဏ်ပြုသောအားဖြင့် ခေါ်ဈေးတွင် ၃၇ ဒေါ်လာ အစွန်းထွက်ထည့်သွင်း ဈေးခေါ် - Property News in Myanmar from iMyanmarHouse.com
ဟဲဗီးဝိတ် လက်ဝှေ့ချန်ပီယံဟောင်း မိုဟာမက်အလီ၏ ၈၁ ဧက ကျယ်ဝန်းသော ယာတောအိမ်ကြီးကို ဇနီးဖြစ်သူက အရောင်းဈေးကွက် တင်ရာတွင် အလဲထိုးအနိုင်ပွဲ ၃၇ ပွဲကို ဂုဏ်ပြုသောအားဖြင့် ခေါ်ဈေးတွင် ၃၇ ဒေါ်လာ အစွန်းထွက်ထည့်သွင်း ဈေးခေါ် - Property News in Myanmar from iMyanmarHouse.com
ဟဲဗီးဝိတ် လက်ဝှေ့ချန်ပီယံဟောင်း မိုဟာမက်အလီ၏ ၈၁ ဧက ကျယ်ဝန်းသော ယာတောအိမ်ကြီးကို ဇနီးဖြစ်သူက အရောင်းဈေးကွက် တင်ရာတွင် အလဲထိုးအနိုင်ပွဲ ၃၇ ပွဲကို ဂုဏ်ပြုသောအားဖြင့် ခေါ်ဈေးတွင် ၃၇ ဒေါ်လာ အစွန်းထွက်ထည့်သွင်း ဈေးခေါ် - Property News in Myanmar from iMyanmarHouse.com
ဟဲဗီးဝိတ် လက်ဝှေ့ချန်ပီယံဟောင်း မိုဟာမက်အလီ၏ ၈၁ ဧက ကျယ်ဝန်းသော ယာတောအိမ်ကြီးကို ဇနီးဖြစ်သူက အရောင်းဈေးကွက် တင်ရာတွင် အလဲထိုးအနိုင်ပွဲ ၃၇ ပွဲကို ဂုဏ်ပြုသောအားဖြင့် ခေါ်ဈေးတွင် ၃၇ ဒေါ်လာ အစွန်းထွက်ထည့်သွင်း ဈေးခေါ် - Property News in Myanmar from iMyanmarHouse.com
ဟဲဗီးဝိတ် လက်ဝှေ့ချန်ပီယံဟောင်း မိုဟာမက်အလီ၏ ၈၁ ဧက ကျယ်ဝန်းသော ယာတောအိမ်ကြီးကို ဇနီးဖြစ်သူက အရောင်းဈေးကွက် တင်ရာတွင် အလဲထိုးအနိုင်ပွဲ ၃၇ ပွဲကို ဂုဏ်ပြုသောအားဖြင့် ခေါ်ဈေးတွင် ၃၇ ဒေါ်လာ အစွန်းထွက်ထည့်သွင်း ဈေးခေါ် - Property News in Myanmar from iMyanmarHouse.com
ဟဲဗီးဝိတ် လက်ဝှေ့ချန်ပီယံဟောင်း မိုဟာမက်အလီ၏ ၈၁ ဧက ကျယ်ဝန်းသော ယာတောအိမ်ကြီးကို ဇနီးဖြစ်သူက အရောင်းဈေးကွက် တင်ရာတွင် အလဲထိုးအနိုင်ပွဲ ၃၇ ပွဲကို ဂုဏ်ပြုသောအားဖြင့် ခေါ်ဈေးတွင် ၃၇ ဒေါ်လာ အစွန်းထွက်ထည့်သွင်း ဈေးခေါ် - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်

အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်

ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service