ကယ်လီဖိုးနီးယားပြည်နယ်ရှိ တစ္ဆေမြို့တော်ဟု လူသိများကာ ဧကပေါင်း ၃၀၀ ခန့်ကျယ်ဝန်းသည့် ငွေတူးဖော်ရာ မိုင်းတွင်းဟောင်းကြီး အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
2745 Views

ကယ်လီဖိုးနီးယားပြည်နယ်ရှိ တစ္ဆေမြို့တော်ဟု လူသိများကာ ဧကပေါင်း ၃၀၀ ခန့်ကျယ်ဝန်းသည့် ငွေတူးဖော်ရာ မိုင်းတွင်းဟောင်းကြီး အရောင်းဈေးကွက်ဝင်လာ

အမေရိကန်ပြည်ထောင်စု၊ အနောက်ပိုင်းတောင်တန်းဒေသဖြစ်သော Sierra Nevada ဒေသ၏ တောင်ဘက်တွင် ပထမဆုံးတည်ထောင်ခဲ့သည့် မိုင်းတွင်းဟောင်းကြီးတစ်ခုဖြစ်သော Cerro Gordo အရောင်းဈေးကွက်ဝင်လာသည်။

ရှေးဟောင်းအသုံးအဆောင်များ၊ ဟောင်းနွမ်းအိုမင်းကာ ပြိုပျက်လုဆဲဆဲဖြစ်နေသော အဆောက်အအုံများစွာ တွေ့ရသည်။

အဆိုပါ မိုင်းတွင်းကြီးကို ၁၉၀၀ ပြည့်လွန်ကာလများကတည်းက စွန့်ပစ်ခဲ့ကြခြင်းဖြစ်ပြီး မိသားစုတစ်ခုတည်းမှ မျိုးရိုးစဉ်ဆက် ပိုင်ဆိုင်ခဲ့ကြသည်။

အဆိုပါ မိုင်းတွင်းမြို့တော်ကြီးကို ကန်ဒေါ်လာ ၉၂၅၀၀၀ ဖြင့် ရောင်းချရန် ဈေးခေါ်ထားသည်။

ပါဝင်သော အဆောက်အအုံများ၏ ကြမ်းခင်းဧရိယာမှာ စတုရန်းပေ ၂၄၀၀၀ ခန့်ရှိပြီး မြေအကျယ်အဝန်းမှာ ဧက ၃၀၀ ခန့် အထိရှိသည်။

လော့စ်အိန်ဂျလိမှ မိုင် ၂၅၀ ခန့် ဝေးကွာသော Lone Pine အရပ်တွင် တည်ရှိသည်။

Lone Pine သည် ကယ်လီဖိုးနီးယားပြည်နယ်၊ အင်ယိုခရိုင်တါင် တည်ရှိသည့် ဒေသတစ်ခု ဖြစ်၏။

ငွေသတ္တုတူးဖော်ရာ မိုင်းတွင်းဖြစ်ပြီး ၁၈၆၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

ယခုလက်ရှိ ပိုင်ရှင်များက မိုင်းတွင်းဝန်းကြီးကို စောင့်ရှောက်ထိန်းသိမ်းမည့်သူတစ်ဦး ငှားရမ်းထားကာ လာရောက်ကြည့်ရှု လည်ပတ်လိုသူများကိုလည်း လိုက်လံပြသပေးခြင်းများ ပြုလုပ်လျက်ရှိသည်။

အဆောက်အအုံအများစုကို ပြန်လည်ပြုပြင်မွမ်းမံထားပြီးဖြစ်ကာ လက်ရှိပိုင်ရှင် ညီအစ်ကို ၃ ဦးက စွန့်ပစ်မြို့ပျက်ကြီးကို တစ်စုံတစ်ဦးထံ လက်လွှဲရောင်းချရန် ဆုံးဖြတ်လိုက်ကြခြင်းလည်း ဖြစ်ကြောင်း အရောင်းဈေးကွက်တင်သည့် အိမ်ခြံမြေအကျိုးဆောင် ဂျိတ်ခ် ရက်စ်မူဆန်က ပြောကြားသည်။

ရောင်းချမည့် မိုင်းတွင်းဟောင်းမြို့တော်ကြီးအတွင်း အဆောက်အအုံ ၂၂ လုံး၊ လုပ်ငန်းလည်ပတ်သည့် နေအိမ်အဆောက်အအုံများ၊ ဟိုတယ်ဟောင်းတစ်လုံး၊ အရက်ဘားတို့လည်း ပါဝင်သည်။

ဝယ်ယူမည့်သူသည် မြေဧက ၃၀၀ ကို ဝယ်ယူခြင်း သက်သက်မျှ မဟုတ်ဘဲ အမေရိကန်၏ သမိုင်းတစ်စိတ်တစ်ဒေသကို ဝယ်ယူလိုက်ခြင်းလည်းဖြစ်ကြောင်း ရက်စ်မူဆန်က ဆိုသည်။

အဆောက်အအုံများနှင့် မိုင်းတွင်းများတည်ရှိရာ နေရာမှာ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၈၀၀၀ ခန့် မြင့်မားသောနေရာ ဖြစ်သည်။

ဆောင်းဥတုများတွင် ဆီးနှင်းများ အလွန်ကျဆင်းလေ့ရှိရာ မိုင်းတွင်းဟောင်းကြီးတည်ရှိရာသို့ သွားရောက်နိုင်ရန် four-wheel-drive မော်တော်ကားများ လိုအပ်မည် ဖြစ်သည်။

အမေရိကန်ပြည်တွင်းစစ်ကြီး ပြီးဆုံးချိန်၌ Cerro Gordo (ဝဖြိုးသော တောင်ကုန်းဟု အဓိပ္ပာယ်ရ) တွင် နေထိုင်သူ ၅၀၀၀ ဝန်းကျင်ရှိခဲ့သည်။

၂၀၀၆ ခုနှစ်အတွင်း လော့စ်အိန်ဂျလိတိုင်းမ်သတင်းစာကြီးတွင် ဖော်ပြခဲ့မှုတစ်ရပ်အရ Cerro Gordo တွင် ၃၇ မိုင်ခန့် ရှည်လျားသော ဥမင်များ၊ ဟိုတယ် ၅ လုံး၊ အလှပြင်ခန်း ၇ ခု၊ ပြည့်တန်ဆာအိမ် ၂ ခုနှင့် မြေကွက်နေရာ ၆၀၀ ခန့် ပါဝင်သော သင်္ချိုင်းတစ်ခု ပါဝင်သည်ဟု ဆိုသည်။

သတ္တုတွင်းလုပ်ငန်းရှင်တို့သည် တူးဖော်ရရှိသော ငွေများကို ရေနွေးငွေ့သင်္ဘောဖြင့် အိုဝင်ရေကန်ကြီးမှတဆင့် လော့စ်အိန်ဂျလိသို့ ပို့ဆောင်ကြသည်။

၁၈၈၀ ပြည့်လွန်ကာလများအတွင်း ငွေတူးဖော်ရရှိခြင်း မရှိတော့ချိန်တွင် မိုင်းတွင်းမြို့လေးကို စွန့်ပစ်ခဲ့ကြ၏။

ယနေ့ကာလတွင် အဆိုပါမိုင်းတွင်းမြို့တော်ဟောင်းသို့ ရောက်ပေါက်ခြေချသူဟူ၍ ကမ္ဘာလှည့်ခရီးသည်အချို့နှင့် ရံဖန်ရံခါတွေ့ရတတ်သည်ဆိုသော တစ္ဆေသူရဲများသာ ရှိလေသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ကယ်လီဖိုးနီးယားပြည်နယ်ရှိ တစ္ဆေမြို့တော်ဟု လူသိများကာ ဧကပေါင်း ၃၀၀ ခန့်ကျယ်ဝန်းသည့် ငွေတူးဖော်ရာ မိုင်းတွင်းဟောင်းကြီး အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
ကယ်လီဖိုးနီးယားပြည်နယ်ရှိ တစ္ဆေမြို့တော်ဟု လူသိများကာ ဧကပေါင်း ၃၀၀ ခန့်ကျယ်ဝန်းသည့် ငွေတူးဖော်ရာ မိုင်းတွင်းဟောင်းကြီး အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
ကယ်လီဖိုးနီးယားပြည်နယ်ရှိ တစ္ဆေမြို့တော်ဟု လူသိများကာ ဧကပေါင်း ၃၀၀ ခန့်ကျယ်ဝန်းသည့် ငွေတူးဖော်ရာ မိုင်းတွင်းဟောင်းကြီး အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
ကယ်လီဖိုးနီးယားပြည်နယ်ရှိ တစ္ဆေမြို့တော်ဟု လူသိများကာ ဧကပေါင်း ၃၀၀ ခန့်ကျယ်ဝန်းသည့် ငွေတူးဖော်ရာ မိုင်းတွင်းဟောင်းကြီး အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
ကယ်လီဖိုးနီးယားပြည်နယ်ရှိ တစ္ဆေမြို့တော်ဟု လူသိများကာ ဧကပေါင်း ၃၀၀ ခန့်ကျယ်ဝန်းသည့် ငွေတူးဖော်ရာ မိုင်းတွင်းဟောင်းကြီး အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ

မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service