မြန်မာနိုင်ငံကို စင်ကာပူနိုင်ငံမှလုပ်ငန်းပေါင်း ၂၈၀ ကျော် ရင်းနှီးမြှုပ်နှံမှု့ စတင်ခဲ့ - Property News in Myanmar from iMyanmarHouse.com
2878 Views

မြန်မာနိုင်ငံကို စင်ကာပူနိုင်ငံမှလုပ်ငန်းပေါင်း ၂၈၀ ကျော် ရင်းနှီးမြှုပ်နှံမှု့ စတင်ခဲ့

နှစ်ပေါင်း ၃၀ အတွင်း စင်ကာပူနိုင်ငံသည် မြန်မာနိုင်ငံ၌ စီးပွားရေးလုပ်ငန်းအများဆုံး လာရောက် ရင်းနှီးမြှုပ်နှံထားကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု့နှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန နှစ်ချုပ်စာရင်းတွင် ဖော်ပြထားချက်အရ သိခဲ့ရပါတယ်။

၁၉၈၈ မှ ၂၀၁၈ မေလအထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံသည့် လုပ်ငန်း ၁,၄၈၅ ခုအနက် စင်ကာပူ နိုင်ငံကလုပ်ငန်း ၂၈၂ ခုဖြင့် အများဆုံး လာရောက်လုပ်ကိုင်နေခဲ့ပါတယ်။တရုတ်နိုင်ငံသည် လုပ်ငန်း ၂၄၂ ခုဖြင့် ဒုတိယအများဆုံး၊ ထိုင်းနိုင်ငံက ၁၁၇ ခုဖြင့် တတိယအများဆုံး လုပ်ကိုင်နေခဲ့ပါတယ်။

စင်ကာပူနိုင်ငံမှ အဓိကရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းများသည် အိမ်ရာဆောက်လုပ်ရေး ကဏ္ဍ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ဆောင်မှု၊ကုန်ထုတ်လုပ်မှု လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ပြောပြချက်အရ သိခဲ့ရပါတယ်။‘‘ပြီးခဲ့တဲ့ ၂ နှစ်ကို ယှဉ်ရင် တယ်လီကွန်းနဲ့ စွမ်းအင်ကဏ္ဍမှာ နည်းနည်းတော့ လျော့လာတာပေါ့’’ ဟုလည်းပြောခဲ့ပါတယ်။

ထိုရင်းနှီးမြှုပ်နှံမှုပမာဏအားဖြင့် စင်ကာပူနိုင်ငံသည် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ ၃ ဒသမ ၈ ဘီလီယံဝင်ရောက်ခဲ့သော်လည်း ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ ၂ ဒသမ ၁ ဘီလီယံသာ ဝင်ရောက်ခဲ့ကြပါတယ်။

ယခုနှစ်မေလကုန်အထိ စင်ကာပူသည် မြန်မာနိုင်ငံတွင် စုစုပေါင်းကန်ဒေါ်လာ အများဆုံး ၁၉ ဘီလီယံ ဖိုး ရင်းနှီးမြှုပ်နှံထားပြီး နိုင်ငံရှိ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း၏ ၂၅ ရာ ခိုင်နှုန်းရှိခဲ့ပါတယ်။ပြီးခဲ့သည့် ၂၀၁၇ မေလတွင် ကန်ဒေါ်လာ ၁ ဒသမ ၆၉ ဘီလီယံရှိပြီး နိုင်ငံရင်းနှီးမြှုပ်နှံမှုအားလုံး၏ ၂၃ ရာခိုင်နှုန်းရှိခဲ့ပါတယ်။

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ အများဆုံးသည် တရုတ်နိုင်ငံဖြစ်ပြီး စုစုပေါင်းကန်ဒေါ်လာဘီလီယံ ၂၀ ကျော် ရှိပြီး နိုင်ငံရင်းနှီးမြှုပ်နှံမှု၏ ၂၆ ရာခိုင်နှုန်းရှိခဲ့ပါတယ်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service