လုပ်ငန်း ၂၈၀ ကျော်ဖြင့် စင်ကာပူက မြန်မာတွင် အများဆုံး ရင်းနှီးမြှုပ်နှံထား - Property News in Myanmar from iMyanmarHouse.com
2895 Views

လုပ်ငန်း ၂၈၀ ကျော်ဖြင့် စင်ကာပူက မြန်မာတွင် အများဆုံး ရင်းနှီးမြှုပ်နှံထား

နှစ်ပေါင်း ၃၀ အတွင်း စင်ကာပူနိုင်ငံသည် မြန်မာနိုင်ငံ၌ စီးပွားရေးလုပ်ငန်းအများဆုံး လာရောက်ရင်းနှီးမြှုပ်နှံထားကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန နှစ်ချုပ်စာရင်းတွင် ဖော်ပြထားသည်။

၁၉၈၈ မှ ၂၀၁၈ မေလအထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံသည့် လုပ် ငန်း ၁,၄၈၅ ခုအနက် စင်ကာပူ နိုင်ငံက လုပ်ငန်း ၂၈၂ ခုဖြင့် အများဆုံး လာရောက် လုပ်ကိုင်နေ သည်။ တရုတ်နိုင်ငံသည် လုပ်ငန်း ၂၄၂ ခုဖြင့် ဒုတိယအများဆုံး၊ ထိုင်းနိုင်ငံက ၁၁၇ ခုဖြင့် တတိယအများဆုံး လုပ်ကိုင်နေသည်။

စင်ကာပူနိုင်ငံက အဓိက ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းများ သည် အိမ်ရာဆောက်လုပ်ရေး ကဏ္ဍ၊ ပို့ဆောင်ရေးနှင့် ဆက် သွယ်ရေးဝန်ဆောင်မှု၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းများတွင် ဖြစ် ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များ ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်က ပြောသည်။

‘‘ပြီးခဲ့တဲ့ ၂ နှစ်ကို ယှဉ်ရင် တယ်လီကွန်းနဲ့ စွမ်းအင်ကဏ္ဍမှာ နည်းနည်းတော့ လျော့လာတာ ပေါ့’’ဟု ဦးသန်းအောင်ကျော်က ပြောသည်။

ရင်းနှီးမြှုပ်နှံမှုပမာဏအား ဖြင့် စင်ကာပူနိုင်ငံသည် ၂၀၁၆- ၁၇ ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ ၃ ဒသမ ၈ ဘီလီယံဝင်ရောက် သော်လည်း ၂၀၁၇-၁၈ ဘဏ္ဍာ နှစ်တွင် ကန်ဒေါ်လာ ၂ ဒသမ ၁ ဘီလီယံသာ ဝင်ရောက်ခဲ့သည်။

ယခုနှစ်မေလကုန်အထိ စင် ကာပူသည် မြန်မာနိုင်ငံတွင် စုစု ပေါင်း ကန်ဒေါ်လာ ၁၉ ဘီလီယံ ဖိုး ရင်းနှီးမြှုပ်နှံထားပြီး နိုင်ငံရှိ ရင်းနှီးမြှုပ်နှံမှုစုစုပေါင်း၏ ၂၅ ရာ ခိုင်နှုန်းရှိသည်။ ပြီးခဲ့သည့် ၂၀၁၇ မေလတွင် ကန်ဒေါ်လာ ၁ ဒသမ ၆၉ ဘီလီယံရှိပြီး နိုင်ငံရင်းနှီးမြှုပ်နှံမှုအားလုံး၏ ၂၃ ရာခိုင်နှုန်းရှိခဲ့ သည်။

မြန်မာနိုင်ငံတွင် ရင်းနှီး မြှုပ်နှံမှုပမာဏ အများဆုံးသည် တရုတ်နိုင်ငံဖြစ်ပြီး စုစုပေါင်း ကန်ဒေါ်လာ ဘီလီယံ ၂၀ ကျော် ရှိပြီး နိုင်ငံရင်းနှီးမြှုပ်နှံမှု၏ ၂၆ ရာခိုင်နှုန်းရှိသည်။


Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service