ဇွန်လ ၂၀ ရက်တွင် ကျင်းပမည့် ကန်သာယာ ရုံးခန်းစင်တာ ဖွင့်လှစ်မည် ဖြစ်ကြောင်း - Property News in Myanmar from iMyanmarHouse.com
3174 Views

ဇွန်လ ၂၀ ရက်တွင် ကျင်းပမည့် ကန်သာယာ ရုံးခန်းစင်တာ ဖွင့်လှစ်မည် ဖြစ်ကြောင်း

စုစုပေါင်း ၁၉၆,၀၀၀ စတုရန်းပေ အကျယ်အ၀န်းနှင့် အဆင့် (၅) အေရှိ လုပ်ငန်း အဆောက်အအုံ ၀ါကို ဇွန်လ (၂၀)ရက်နေ့မှ စတင်ကာ ပြည်တွင်းနှင့်ပြည်ပ ကုမ္ပဏီများမှ ဧည့်သည်တော်များကို ဖွင့်လှစ်ပြသပြီဖြစ်ကြောင်း
Asia Myanmar Shining Star Investment Co., Ltd မှ ယနေ့ထုတ်ပြန်ကြေငြာလိုက်ပါသည်။

အဆင့်မြင့် ဈေးဝယ်စင်တာ၊ ၀န်ဆောင်မှုအပြည့်ပေးသော လူနေအိမ်ခန်း (service apartment) နှင့် ခမ်းနားသော Wyndham ကြယ်(၅)ပွင့် ဟိုတယ်တို့ ပါရှိသည့် ကန်သာယာအဆောက်အဦးကြီးကိုဆောက်လုပ်ရေးပညာရှင်များသည် အချောသတ် ဆောက်လုပ်ပြီးစီးတော့မည်ဖြစ်သည်။ ၄င်း အဆောက်အဦးသည် ရန်ကုန်မြို့လယ်ခေါင် မှ ၃.၅ ကီလိုမီတာ အကွာရှိ ရှုခင်းသာယာလှပသော ကန်တော်ကြီး အနီးတွင် တည်ရှိပါသည်။

လုပ်ငန်း အဆောက်အုံ၊ Wyndham ဟိုတယ်၊ ၀န်ဆောင်မှု အပြည့်ပေးသော လူနေအိမ်ခန်း (service apartment) နှင့် ဈေးဝယ်စင်တာတို့ တစ်နေရာတည်းတွင် တည်ရှိခြင်းဖြင့် အားသာချက်များအား ရရှိစေမည်ဟု မျှော်လင့်ပါသည်။

ကမ္ဘာ့ ထိပ်တန်း ကုမ္ပဏီပေါင်း (၅၀၀) အတွင်းအပါအ၀င်ဖြစ်သည့် Sinohydro နှင့် Well Transportation နှင့် အတူတကွ လုပ်ငန်းခေါင်းဆောင်များဖြစ်သော ICT Star နှင့် M9 Group တို့သည်လည်းကန်သာယာစင်တာတွင် ရုံးခန်းဖွင့်လှစ်လျက်ရှိသည်။ အဆောက်အအုံရှိ ရုံးခန်းများအား အောင်မြင်နေသော လုပ်ငန်းရှင်များဖြစ်သည့် CB Bank, KFC, JCGV နှင့် Alibaba တို့သည် ပထမဆုံး နေရာ ငှားယူမည်ဟု ယူဆရသည်။

အိမ်နီးချင်း နိုင်ငံများ ဖြစ်သည့် ဘန်ကောက်နှင့်စင်ကာပူတို့တွင် ရှိသော စီးပွားရေး အချက်အချာကျသည့် အဆောက်အဦးများ နှင့် ရင်ဘောင်တန်းနိုင်ရန် ကန်သာယာ စင်တာအား အထက်တန်းကျ ခမ်းနားအောင်ပြင်ဆင် ဆောက်လုပ်လျက်ရှိသည်။

ဖွင့်လှစ်ပွဲ အခမ်းအနားကို ဇွန်လ (၂၀) ရက်နေ့တွင် Slade Property Services ကုမ္ပဏီ နှင့်ပူးပေါင်း ကျင်းပမည် ဖြစ်ပြီး ပွဲတက်ရောက်သူများကို ကန်သာယာ စင်တာအဆောက်အဦးအတွင်း အထူးလှည့်လည်ပြသမည်ဖြစ်သည်။

ရန်ကုန်မြို့ ကန်တော်ကြီး၏ အလှအပ နှင့် ရွှေတိဂုံဘုရားရှုခင်း အပြင် တစ်ခြားသာယာသော ရန်ကုန်မြို့၏ အလှအပမြင်ကွင်းများကို ကန်သာယာ၏ ခံညားထည်ဝါသော အဆောက်အဦးမြင်ကွင်းမှ တစ်ဆင့် မြင်တွေ့နိုင်မည်ဖြစ်သည်။

“ဤ ခမ်းနားကြီးကျယ်သော အဆောက်အဦးသည် မြန်မာနိုင်ငံ၏ စီးပွားရေးအချက်အချာကျသော နေရာတွင်ရှိလင့်ကစား မြန်မာနှင့် နိုင်ငံတကာကုမ္ပဏီများအတွက် ၄င်းတို့၏ အခရာကျသော ပထမဆုံးဖြစ်သည့်
ရုံးခန်းများဖွင့်လှစ်ရန် အသင့်လျော်ဆုံးဖြစ်သည်။” ဟု Sales နှင့် Marketing ဒါရိုက်တာဖြစ်သော Mr. Yuan Cheng မှပြောကြားသည်။

“ဤခမ်းနားထည်ဝါသော အဆောက်အအုံအား လာမည့် ဗုဒ္ဓဟူးနေ့ ဇွန်လ(၂၀) နေ့ တွင် တစ်နေ့လုံး ဖွင့်လှစ်ပြသသွားမည်ဖြစ်သည်။ ဤနေ့တွင် ဖိတ်ကြားထားသော အထူးဧည့်သည်တော်များဖြစ်သည့်
နိုင်ငံတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်ကြီးများ တက်ရောက်ကြမည်ဖြစ်သည်။အခြားကုမ္ပဏီများ၊ လုပ်ငန်းရှင်များ၊ ခေါင်းဆောင်များလည်း ကျွန်တော်တို့ကို ဆက်သွယ်စာရင်းပေးသွင်းကာ လာရောက်လှည့်လည်ကြည့်ရှုရန် အတွက်လည်း ဖိတ်ခေါ်ချင်ပါတယ်။”

“ဖွင့်ပွဲ အခမ်းအနားနေ့တွင် အငှားစင်တာကြီးအောက်ထပ်၌ စားဖွယ်ရာများ သုံးဆောင်နိုင်ပြီး ခေတ်မီအဆောက်အဦး စင်တာကြီး အတွင်း လှည့်ပတ်ကြည့်ရှုနိုင်ပါသည်။
ကန်သာယာစင်တာသည် အချက်အချာကျသော နေရာတွင်တည်ရှိကာ လှပသာယာသော အဆောက်အအုံ ဖြစ်သည့်အတွက် နိုင်ငံတကာ ကုမ္ပဏီများ ၏ မျော်လင့်ချက်နှင့် ကိုက်ညီမှာ မလွဲဧကန်ပင် ဖြစ်သည်” ဆက်လက်ပြောကြားခဲ့သည်။

ယုံကြည်စိတ်ချရသော လုံခြုံရေးစနစ်၊ ခန်းလုံးပြည့် ကျောက်များဖြင့် မွမ်းမံထားသည့် အလှအပများ၊ အဆင့်မြင့်မားသော ၀န်ဆောင်မှုများ၊ China Unicom မှ မြင့်မားသော အင်တာနက်နှုန်း၊ဒီဂျစ်တယ် လက်ဗွေစနစ်၊ မျက်ကြည်လွှာ အသုံးပြု လုံခြုံရေးစနစ်၊ VAC ဆာဗာ Firewall ကာကွယ်ရေးများအား မြန်မာနိုင်ငံ အတွင်းတွင် ရရှိနိုင်မည်ဖြစ်သည့်အတွက်အိမ်နီးချင်းနိုင်ငံ ဈေးကွက်များဖြစ်သော ထိုင်းနိုင်ငံ နှင့် စင်ကာပူနိုင်ငံများတွင် လုပ်ငန်းလုပ်ဆောင်နေသည့် ကုမ္ပဏီများက ငှားရမ်းရန် ကြိုတင် စာရင်းပေးသွင်းထားပြီး ဖြစ်သည်။

“သင်သည် ကန်သာယာစင်တာတွင် အလုပ်လုပ်နေသော အမှုဆောင်အရာရှိ သို့မဟုတ် ရုံးဝန်ထမ်းဆိုလျှင် တစ်နေရာတည်း အလုပ်လည်းလုပ်နိုင်၊ ဈေးဝယ်လည်းထွက်နိုင် ကာ အေးအေးဆေးဆေး ပေါ့ပေါ့ပါးပါး နေထိုင်နိုင်မည်ဖြစ်သည်” ဟု
Slade Property Services ကုမ္ပဏီ၏ ဦးဆောင်မှု ကိုယ်စားလှယ် ဒါရိုက်တာ Fred Hassimမှ ပြောကြားခဲ့သည်။ “ယင်းနေရာသည် အချက်အချာကျသောနေရာတွင်တည်ရှိသည့်အတွက်လည်း ၀ယ်လိုအားမှာ မျှော်မှန်းထားသည်ထက်ပိုမိုများလျက်ရှိသည် ကိုတွေ့ရသည်။” ဟု ဆက်လက်ပြောကြားခဲ့သည်။“ကန်သာယာစင်တာသည် တစ်နေရာတည်းတွင် စီးပွားရေး လုပ်ငန်းလုပ်ရုံ သာမက အပန်းလည်းဖြေနိုင်သည်။ နေထိုင်ရန်လည်း သင့်လျော်သည်။ ဈေးဝယ်လည်းထွက် နိုင်သည်။

ဤ နေရာသည် ရန်ကုန်မြို့ရဲ့ အဓိကနေရာဖြစ်သည့်အပြင် ယာဉ်ကြောပိတ်ဆို့မှုလည်း နည်းပါးသည့် အားသာချက် ရှိသည်။ ယင်းကဲ့သို့ အားသာချက်များဖြင့် နိုင်ငံတကာရှိ ရင်းနှီးမြှပ်နှံသူများကိုမြန်မာနိုင်ငံအတွင်းလုပ်ငန်းလုပ်ကိုင်ရန် စွမ်းဆောင်နိုင်မည် ဖြစ်သည်။”ဟု Asia Myanmar Shining Star မှ အမှုဆောင်အရာရှိချုပ် Mr. Li Ji Feng မှပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ ပထမဆုံး 5A တန်းဝင် လုပ်ငန်းအဆောက်အအုံ ဖြစ်သောကန်သာယာစင်တာသည် ဆီဒိုးနားဟိုတယ်၊ ရန်ကုန်တွင် ဇွန်လ (၃၀)ရက်နေ့၊ ၂၀၁၇ တွင်ကျင်းပခဲ့သည့် Guru Asia Property Award ၌ အကောင်းဆုံး ရုံးခန်းအဆောက်အဦးဆု အား ရရှိခဲ့သည်။

*5A ရုံးခန်းစနစ်ဆိုသည်မှာ US အခြေစိုက် BOMA ( the Building Owners and Managers Association of Real-Estate Professionals) မှ အလိုအလျောက်စနစ်၊ ဘေးအန္တရာယ်ကင်း လုံခြုံမှုရှိမှု တို့ကို စံနှုန်းပြည့် မပြည့် တိုင်းတာထားခြင်း ဖြစ်သည်။

Credit: Myanmar Buildres Guide
ဇွန်လ ၂၀ ရက်တွင် ကျင်းပမည့် ကန်သာယာ ရုံးခန်းစင်တာ ဖွင့်လှစ်မည် ဖြစ်ကြောင်း - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service