ဂန္ထဝင် ပေါ့ပ်ဂီတဘုရင်မ မက်ဒေါနား နေထိုင်ခဲ့သော လော့စ်အိန်ဂျလိစံအိမ် ကန်ဒေါ်လာ ၃၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
3097 Views

ဂန္ထဝင် ပေါ့ပ်ဂီတဘုရင်မ မက်ဒေါနား နေထိုင်ခဲ့သော လော့စ်အိန်ဂျလိစံအိမ် ကန်ဒေါ်လာ ၃၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ

ဂန္ထဝင် ပေါ့ပ်ဂီတဘုရင်မ မက်ဒေါနားသည် အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်တွင် ပြင်သစ်ကျေးလက်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသော စံအိမ်ကြီးကို ပိုင်ဆိုင်ခဲ့ဖူးသည်။

ခြံအကျယ်အဝန်း ၁ ဒသမ ၁၇ ဧကကျယ်ဝန်းသည့် အဆိုပါစံအိမ်ကို မက်ဒေါနားက ၂၀၁၃ ခုနှစ်တွင် ရုပ်ရှင်မင်းသမီး ဆီလာ ဝါ့ဒ်ထံမှ ကန်ဒေါ်လာ ၁၉ ဒသမ ၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

မက်ဒေါနားက အဆိုပါစံအိမ်ကို ကန်ဒေါ်လာ ၂၈ သန်းဖြင့် အရောင်းဈေးကွက်တင်ခဲ့ကာ ၁၉ သန်းဖြင့် ရောင်းထုတ်ခဲ့ခြင်းဖြစ်ရာ ကန်ဒေါ်လာ ၅ သိန်းခန့် အရှုံးပေါ်ခဲ့သည်။

မက်ဒေါနားသည် သမိုင်းတစ်လျှောက် အရောင်းရဆုံးအမျိုးသမီးတေးသံရှင်အဖြစ် မှတ်တမ်းဝင်ထားသူ ဖြစ်သည်။

လက်ရှိပိုင်ရှင်များက နေအိမ်ကို ချဲ့ထွင် မွမ်းမံမှုများ ပြုလုပ်ခဲ့ရာ အိပ်ခန်း ၈ ခန်းနှင့် ရေချိုးခန်း ၁၄ ခန်းအထိ ပါဝင်လာသည်။

surround အသံစနစ်၊ နည်းပညာမြင့် ကျန်းမာရေးလေ့ကျင့်မှုစင်တာ၊ အရက်ဘား၊ မီးပန်းဆိုင်းကြီးများတပ်ဆင်ထားသော မီးဖိုဆောင်၊ သစ်မာသားကြမ်းခင်းများ၊ စကျင်ကျောက်ပြားခင်း ကောင်တာမျက်နှာပြင်များ ပါဝင်လာသည်။

The Agency အိမ်ခြံမြေကုမ္ပဏီတည်ထောင်သူ မော်ရီစီယို ယူမန်စကီးက အရောင်းဈေးကွက်တင်သွင်းပေးခဲ့ခြင်း ဖြစ်သည်။

“လှပသာယာတဲ့ ခြံဝန်းအတွင်းမှာ အပန်းဖြေစခန်းအသွင် ရေကူးကန်၊ တင်းနစ်ကွင်းတွေနဲ့အတူ ကမ္ဘာပေါ်မှာ အထင်ရှားခဲ့ဆုံး အဆိုတော်တစ်ဦးဟာ ကယ်လီဖိုးနီးယား လူနေမှုဟန်နဲ့ ဘယ်လိုနေထိုင်ခဲ့တယ်ဆိုတာ ပြန်ပြောင်းလွမ်းဆွတ်ခွင့်ရမှာ ဖြစ်ပါတယ်” ဟု မော်ရီစီယိုက ပြောကြားသည်။

ခြံဝန်းအတွင်း ဧည့်သည်များတည်းခိုရန် အိမ် ၂ လုံး ပါဝင်သေးပြီး လက်ရှိအားဖြင့် တစ်လုံးကို ဝန်ထမ်းများနေထိုင်ရန်အတွက် အသုံးပြုထားသည်။

နေအိမ်အတွင်း ထိုင်ခုံ ၁၅ လုံးဆန့် နေအိမ်တွင်းရုပ်ရှင်ရုံနှင့် မီးလင်းဖို ၇ ခုလည်း ပါဝင်သည်။

မက်ဒေါနားသည် ယခုနောက်ပိုင်းကာလများအတွင်း ပြည်ပတွင်သာ နေထိုင်မှု များပြားခဲ့သည်။

လွန်ခဲ့သော နှစ်များအတွင်း လန်ဒန်မှသည် လစ္စဘွန်းအထိ မိသားစုနှင့်အတူ နေရာများစွာတွင် ရွှေ့ပြောင်းနေထိုင်ခြင်းများ ပြုလုပ်ခဲ့၏။

လက်ရှိအားဖြင့် သူ၏ ၁၄ ချပ်မြောက် တေးအယ်လ်ဘမ်ထုတ်လုပ်ရန် စီစဉ်လျက်ရှိပြီး MGM ရုပ်ရှင်ကုမ္ပဏီမှ ထုတ်လုပ်မည့် “Taking Flight” အမည်ရှိ ဇာတ်ကားကိုလည်း ရိုက်ကူးလျက်ရှိသည်။

ယင်းဇာတ်ကားသည် ဘဲလေးကချေသည် မီချေလာ ဒီပရင့်စ်၏ ဘဝဇာတ်ကြောင်းကို အခြေခံထားသည့်နည်းတူ “The Impossible Lives of Greta Wells” ဟူသည့် ဝတ္ထုကိုလည်း မှီငြမ်းထားသည်ဟု ဆိုသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဂန္ထဝင် ပေါ့ပ်ဂီတဘုရင်မ မက်ဒေါနား နေထိုင်ခဲ့သော လော့စ်အိန်ဂျလိစံအိမ် ကန်ဒေါ်လာ ၃၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
ဂန္ထဝင် ပေါ့ပ်ဂီတဘုရင်မ မက်ဒေါနား နေထိုင်ခဲ့သော လော့စ်အိန်ဂျလိစံအိမ် ကန်ဒေါ်လာ ၃၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
ဂန္ထဝင် ပေါ့ပ်ဂီတဘုရင်မ မက်ဒေါနား နေထိုင်ခဲ့သော လော့စ်အိန်ဂျလိစံအိမ် ကန်ဒေါ်လာ ၃၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
ဂန္ထဝင် ပေါ့ပ်ဂီတဘုရင်မ မက်ဒေါနား နေထိုင်ခဲ့သော လော့စ်အိန်ဂျလိစံအိမ် ကန်ဒေါ်လာ ၃၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
ဂန္ထဝင် ပေါ့ပ်ဂီတဘုရင်မ မက်ဒေါနား နေထိုင်ခဲ့သော လော့စ်အိန်ဂျလိစံအိမ် ကန်ဒေါ်လာ ၃၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
ဂန္ထဝင် ပေါ့ပ်ဂီတဘုရင်မ မက်ဒေါနား နေထိုင်ခဲ့သော လော့စ်အိန်ဂျလိစံအိမ် ကန်ဒေါ်လာ ၃၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ

ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service