လေးလမ်းသွားအမြန်လမ်း မိုးပျံတံတားစီမံကိန်း အမှန်တကယ်အကောင်အထည်ဖော်မည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
4907 Views

လေးလမ်းသွားအမြန်လမ်း မိုးပျံတံတားစီမံကိန်း အမှန်တကယ်အကောင်အထည်ဖော်မည်ဟုဆို

ရန်ကုန်မြို့တွင် တည်ဆောက်ရန် စီစဉ်နေသည့် မိုးပျံတံတားစီမံကိန်းကို အမှန်တ ကယ်ဆောင်ရွက်မည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ပြော သည်။‘‘ကျွန်တော်တို့လုပ်တာက လုပ်နိုင်ပါတယ်။ ပိုက်ဆံပါပဲ အဓိကက’’ဟု ၎င်းက ပြောသည်။

ဇွန်လ ၄ ရက် အမျိုးသား လွှတ်တော်အစည်းအဝေးအပြီး တွင် သတင်းမီဒီယာများနှင့် တွေ့ ဆုံရာ၌ မိုးပျံတံတားတည်ဆောက် ခြင်းသည် မဖြစ်နိုင်ကြောင်း ဝေဖန်မှုရှိနေသည့်အပေါ် ဝန်ကြီးက အထက်ပါအတိုင်း တုံ့ပြန်သည်။

ရန်ကုန်ဆိပ်ကမ်းမှ စတင် ကာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ မင်္ဂလာဒုံစက်မှုဇုန်နှင့် ရန်ကုန်-မန္တလေးအမြန်လမ်းအ ထိ မိုင် ၃၀ ခန့်ရှည်လျားမည့် လေးလမ်းသွား မိုးပျံတံတားကို ပုဂ္ဂလိ က၊ အစိုးရပူးပေါင်းဆောင်ရွက်မှု ဖြင့် အကောင်အထည်ဖော်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာနက စီစဉ်နေသည်။

ရန်ကုန်တောင်ပိုင်းနှင့် မြောက်ပိုင်း ချိတ်ဆက်မည့် မြန်မာ့ပထမဆုံး အဆင့်မြင့်မိုးပျံလေး လမ်းသွားအမြန်လမ်းစီမံကိန်းကို ၂၀၁၉ တွင် စတင်ရန် စီစဉ်ထားပြီး ယင်းစီမံကိန်းအတွက် ပုဂ္ဂလိကကဏ္ဍမှ ကန်ဒေါ်လာသန်း ၃၅၀ မှ သန်း ၄၀၀ အထိ အသုံးပြု မည်ဆိုသည်။

ယင်းမိုးပျံတံတားစီမံကိန်း ကို ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင် ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း (IFC)တို့၏ အကူအညီဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာနက တည်ဆောက်မည်ဖြစ်ပြီး အပြည် ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပို ရေးရှင်း(IFC)ကို ဇန်နဝါရီ ၁၁ ရက်တွင် ဦးဆောင်အကြံပေးအ ဖြစ် ခန့်အပ်ခဲ့သည်။

အဆိုပါစီမံကိန်းအတွက် အရည်အသွေးပြည့်ဝသော ပုဂ္ဂလိက ဆောက်လုပ်ရေးကုမ္ပဏီ တစ်ခုရွေးချယ်ရန် နိုင်ငံတကာအဆင့်မီ တင်ဒါခေါ်ယူမည်ဟု ကမ္ဘာ့ဘဏ်အုပ်စု အဖွဲ့အစည်းဖြစ် သည့် IFC က မျှော်လင့်ကြောင်း ထုတ်ပြန်ထားသည်။

‘‘ဒီတံတားကို လုပ်ဖို့အတွက် ကို ကုမ္ပဏီရှာနေတာ။ မကြာခင် တော့ စိတ်ဝင်စားတဲ့သူတွေလာပါလိမ့်မယ်။ ဘယ်ကုမ္ပဏီက လုပ်နိုင်မယ်ဆိုတာ အကဲခတ်ပြီးတော့ ရွေးချယ်သွားမယ်’’ဟု ဝန်ကြီးက ပြောသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့နှင့် ညှိနှိုင်း၍ ၄၇ ဒသမ ၅ ကီလိုမီတာရှည်လျား မည့် မိုးပျံလေးလမ်းသွားအမြန် လမ်းကို Public Private Par-tnership(PPP) အစီအစဉ်ဖြင့် ဖော်ဆောင်မည်ဖြစ်သည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွာ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွာ
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service