ပြည်တွင်းရှိ နိုင်ငံခြားဘဏ်ခွဲများကို ကဏ္ဍတစ်ခုချင်းစီ လုပ်ပိုင်ခွင့် တိုးမြှင့်ခွင့်ပြုမည် - Property News in Myanmar from iMyanmarHouse.com
3580 Views

ပြည်တွင်းရှိ နိုင်ငံခြားဘဏ်ခွဲများကို ကဏ္ဍတစ်ခုချင်းစီ လုပ်ပိုင်ခွင့် တိုးမြှင့်ခွင့်ပြုမည်

ပြည်တွင်းရှိ ပြည်ပဘဏ်များ၏ လုပ်ပိုင်ခွင့်ကို နိုင်ငံအတွက် အကျိုးရှိမည့် ကဏ္ဍ တစ်ခုချင်းအလိုက် တိုးမြှင့်ခွင့် ပြုပေးမည်ဖြစ်ကြောင်း မြန်မာ နိုင်ငံတော်ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးစိုးသိန်းကပြောသည်။

‘‘ပြည်ပဘဏ်တွေကို တ အားကြီးဖွင့်ပေးလိုက်ရင် ပြည် တွင်းဘဏ်တွေရဲ့ဖွံ့ဖြိုးမှုကို ထိခိုက်လာမှာစိုးတဲ့အတွက် အတိုင်းအတာတစ်ခုနဲ့ဖွင့်ပေးတာဖြစ်ပါ တယ်။ သို့သော် သူ့ကို တစ်ချိန် လုံးပိတ်ထားလို့မရဘူး။ ဖွင့်ကို ဖွင့်ပေးရမှာဖြစ်ပါတယ်’’ ဟု ဦး စိုးသိန်းကဆိုသည်။

နေပြည်တော်တွင် မေလ ၂၉ ရက်ကပြုလုပ်သည့် အစိုးရ ၂ နှစ်ပြည့် သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများ၏ မေးမြန်းမှုကို အထက်ပါအတိုင်း ၎င်းက ဖြေကြားသည်။

‘‘နိုင်ငံခြားဘဏ်တွေကို ခွင့် ပြုထားတာဖွင့်ဆိုပြီးတော့အလ ကားထိုင်နေဖို့ခွင့်ပြုထားတာမ ဟုတ်ဘူး။ သူတို့ဖွင့်ပြီးတာနဲ့ပြည် သူတွေက ချေးငွေခံစားခွင့်တွေ၊ ငွေကြေးခံစားခွင့်တွေကို ရ အောင်၊အဲဒီခံစားမှုတွေက တိုင်းပြည်ရဲ့ စီးပွားရေးဖွံ့ဖြိုးမှုတွေကို အထောက်အကူပြုနိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်မျိုးနဲ့ဖွင့်ပေးတာ ဖြစ်တယ်’’ ဟု ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ကပြောသည်။

ယခုအခါ ပြည်ပဘဏ်များ ကို ဘဏ်ခွဲအဖြစ်သာ ခွင့်ပြုထား ပြီးလုပ်ငန်းဆောင်ရွက်မှုအဖြစ် ပို့ကုန်လုပ်ငန်းရှင်အတွက် ပို့ကုန် ချေးငွေဖြည့်ဆည်းမှု (Export Financing) နှင့်ပို့ကုန်လုပ်ငန်းနှင့် ဆက်စပ်သည့် ဘဏ်ဝန်ဆောင် မှုလုပ်ငန်းများနှင့်သက်ဆိုင်သည့် ၀န်ဆောင်မှု နှစ်မျိုးသာဗဟိုဘဏ် ကဆောင်ရွက်ခွင့်ပေးထားသည်။

‘‘တိုင်းပြည်ရဲ့ စီးပွားရေးမှာ လိုနေတဲ့ငွေကြေးတွေကို ပြည် တွင်းဘဏ်တွေက ဘယ်လောက် ဖြည့်ဆည်းနိုင်သလဲဆိုတဲ့ အပေါ် မှာမူတည်ပြီးတော့နိုင်ငံခြားဘဏ် တွေပါဝင်ဖြည့်ဆည်းနိုင်တဲ့ အ ခန်းကဏ္ဍတွေကို တဖြည်းဖြည်း ခွင့်ပြုသွားဖို့ဖြစ်ပါတယ်။ နောက် ပြီး နိုင်ငံတော်ကို အကျိုးရှိမယ်လို့ ယူဆတဲ့လုပ်ငန်းတွေဆိုရင် လုပ် ငန်းတစ်ခုစီ၊ တစ်ခုစီအလိုက် ကြည့်ပြီးခွင့်ပြုသွားမှာ ဖြစ်ပါ တယ်။ အဲဒီတော့နှစ်ပိုင်းရှိပါ တယ်။ တစ်ပိုင်းကမူအားဖြင့်ခွင့် ပေးလိုက်တာ။ အခု Export Financing ဖွင့်ပေးတယ်။ နောက် သုံးနှစ်နေရင် Import Financing၊ Trade Financing ဆိုပြီးတော့ခွင့် ပြုပေးတာမျိုးရှိနိုင်တယ်’’ ဟု ဦး စိုးသိန်းကပြောသည်။

ပြည်တွင်းလုပ်ငန်းရှင်များ အနေဖြင့် ပို့ကုန်၊သွင်းကုန်လုပ် ငန်းများဆောင်ရွက်ရာတွင် ငွေ အရင်းအနှီးနည်းသဖြင့် ပို့ကုန် ဈေးကွက်ရှာရာ၌ ထိထိ ရောက်ရောက်ရှာဖွေနိုင်မှု မရှိ သေးကြောင်း စီးပွားရေးလုပ်ငန်း ရှင်ဦးဇော်ဖေ၀င်းက သုံးသပ်ပြော ကြားသည်။

ပြည်တွင်း ပို့ကုန်လုပ်ငန်း ရှင်များအတွက် နိုင်ငံခြားဘဏ်ခွဲ များကို လက်လီဘဏ်လုပ်ငန်း ဖြစ်သော ၀န်ဆောင်မှုနှစ်ခုဆောင် ရွက်ရန်ခွင့်ပြုကြောင်း ဗဟိုဘဏ် က ၂၀၁၇ ဒီဇင်ဘာ၈ရက်စွဲဖြင့် ညွှန်ကြားချက်ထုတ်ပြန်ခဲ့သည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Magical World
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service