ရန်ကုန်တိုင်းအတွင်းက ဇရပ်ကွင်းနှင့် မလစ် စက်မှုစီမံကိန်းနှစ်ခု - Property News in Myanmar from iMyanmarHouse.com
5188 Views

ရန်ကုန်တိုင်းအတွင်းက ဇရပ်ကွင်းနှင့် မလစ် စက်မှုစီမံကိန်းနှစ်ခု

မေလဒုတိယပတ်တွင် ကျင်းပခဲ့သည့် ရန်ကုန်ရင်းနှီးမြှုပ်နှံမှုဖိုရမ် ၂ဝ၁၈ တွင် ရန်ကုန်တိုင်းအတွင်း ရင်းနှီးမြှုပ်နှံနိုင်မည့် အစိုးရစီမံကိန်းများနှင့် ပုဂ္ဂလိကစီမံကိန်းများကို သက်ဆိုင်ရာတို့က အသီးသီးချပြခဲ့ကြသည့်အနက် ပုဂ္ဂလိကစီမံကိန်းများအဖြစ် ဇရပ်ကွင်းစက်မှုဥယျာဉ်နှင့် မလစ်စက်မှုဥယျာဉ်စီမံကိန်းတို့ကို ခင်းကျင်းပြသခဲ့သည်။

စီမံကိန်းများနှင့်ပတ်သက်သော အကြောင်းအရာအချို့ကို Myanmar Investors Development Association (MIDA) ကလည်း ဖိုရမ်တွင် တင်ပြခဲ့သည်။

ဇရပ်ကွင်းစက်မှုဥယျာဉ်သည် ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအနီးရှိ မြေဧရိယာ ၆၆၅ ဧကကျော်ပေါ်တွင် တည်ဆောက်မည်ဖြစ်သည်ဟု ၄င်းတို့ဖိုရမ်တွင် ဝေငှသော လက်ကမ်းစာစောင်တွင် ဖော်ပြထားသည်။ ထိုနေရာတွင် အသေးစားစက်မှုဥယျာဉ် ဖော်ထုတ်ခြင်းနှင့် ငှားရမ်းခြင်းလုပ်ငန်း လုပ်ကိုင်ရန် နိုင်ငံသားရင်းနှီးမြှုပ်နှံမှုအဖြစ် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ပြီးခဲ့သောမတ်လတွင် ခွင့်ပြုခဲ့သည်ဟု ကော်မရှင်ကထုတ်ပြန်သော အချက်အလက်များတွင် ဖော်ပြထားသည်။

အဆိုပါစက်မှုဇုန် ရင်းနှီးမြှုပ်နှံမှုပမာဏသည် ကျပ်သန်း ၆၅,ဝ၅၂ ရှိသည်ဟု ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အချက်အလက်များတွင် ဖော်ပြထားပြီး တည်ဆောက်ရေးကာလ ငါးနှစ် ကြာမြင့်မည်ဖြစ်သည်။

ဇရပ်ကွင်းစက်မှုဇုန်အတွက် ကုမ္ပဏီဘက်မှ ခြံစည်းရိုးကာရံခြင်းတို့ကို စတင်လုပ်ဆောင်နေသည်ဟု ၄င်းတို့၏ လက်ကမ်းစာစောင်တွင် တွေ့ရသည်။

စီမံကိန်းအတွင်း စက်မှုမြေနေရာ၊ ထောက်ပံ့ပို့ဆောင်ရေး၊ စီးပွားရေး၊အုပ်ချုပ်ရေးနှင့် ဝန်ဆောင်မှု စသည်တို့အတွက် မြေနေရာများ ပိုင်းခြားထားသည်။ စက်မှုဇုန်တွင် အထည်ချုပ်လုပ်ငန်း၊ ပလတ်စတစ်၊ အလှကုန်၊ ဆောက်လုပ်ရေးသုံးပစ္စည်းထုတ်လုပ်ရေး၊ စက်ကရိယာနှင့် အပိုပစ္စည်းထုတ်လုပ်ရေး၊ စိုက်ပျိုးရေး အခြေပြုစက်မှုလုပ်ငန်းနှင့် စားသောက်ကုန်ထုတ်လုပ်မှုလုပ်ငန်းတို့ ပါဝင်သည်။

အခြားတစ်ဖက်တွင်မူ ''ဇရပ်ကွင်းဘက်က ပုဂ္ဂလိကကုမ္ပဏီတစ်ခုက လုပ်နေတာ။ မြေသိမ်းယာသိမ်းနဲ့ ဆက်စပ်တယ်။ လွှတ်တော်ကိုယ်စားလှယ်တွေပါတဲ့ လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းမှု၊ ပြန်လည်စိစစ်ရေး ကော်မတီစစ်ဆေးနေတဲ့အမှု၊ မြို့နယ်အဆင့်သဘောထားမှတ်ချက်မှာ မူလပိုင်ရှင်ပြန်ပေးဖို့ ဆုံးဖြတ်ထားတယ်။ သူတို့လုပ်ရင်လည်း ကန့်ကွက်မှာပဲ။ မူလပိုင်ရှင်တွေက ဆုံးဖြတ်ချက်ကို စောင့်နေတယ်။ အခုဖြစ်နေတာက အဲဒီက ရော်ဘာခြံကြီးမှာ အလုပ်သမားတွေ နေနေတယ်။ ကုမ္ပဏီကနေ ခြံစည်းရိုးလည်း သူတို့ဟာတွေကို ကာနေတယ်။ ရော်ဘာအလုပ်သမားတွေကို တရားမဝင် နှင်လွှတ်နေတယ်''ဟု လှည်းကူးမြို့နယ်မှ ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းတန်က မြန်မာတိုင်း(မ်)ကို ပြောသည်။

၎င်းအနေဖြင့် ကုမ္ပဏီအမည်ကို မမှတ်မိသဖြင့် အတည်ပြုပြောကြားခဲ့ခြင်းမရှိသော်လည်း ဇရပ်ကွင်းတွင် ဖြစ်ပွားနေသော မြေယာအမှုသည် ပုဂ္ဂလိကကုမ္ပဏီတစ်ခုတည်းနှင့် မူလမြေပိုင်ရှင်တို့အကြား ဖြစ်ပွားနေသည့် အမှုသာရှိကြောင်း ရှင်းပြသည်။

အထက်ပါ စက်မှုဥယျာဉ်စီမံကိန်းသည် ရန်ကုန်တိုင်းအစိုးရက စက်မှုဇုန်အသစ်များကို ဖော်ဆောင်ရန် စီစဉ်လျက်ရှိသည့် စီမံချက်နှင့်မဆိုင်ဘဲ အစိုးရ၏ လှည်းကူးမြို့နယ်တွင် စက်မှုဇုန်အသစ်ဖော်ထုတ်မည့် အစီအစဉ်မှာ လှည်းကူးမြို့အပြင် ကျွန်းကုန်းအရပ်အနီးတွင် ဖြစ်သည်။

ဇရပ်ကွင်း စက်မှုဇုန်နှင့်အတူ ဃြီဏ က ထုတ်ဖော်ပြောကြားခဲ့သော မလစ်စက်မှုဥယျာဉ်သည် ဒဂုံမြို့သစ်အရှေ့ပိုင်း၊ မလစ်ကျေးရွာအနီးရှိ မြေဧရိယာ ၄ဝဝ ဧကတွင် အကောင်အထည်ဖော်သည့် စီမံကိန်းဖြစ်ကြောင်း ၄င်းတို့၏ လက်ကမ်းစာစောင်တွင် တွေ့ရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ပုဂ္ဂလိက အသေးစားစက်မှုဥယျာဉ်ဖော်ထုတ်ခြင်းနှင့် ငှားရမ်းခြင်းလုပ်ကိုင်ရန် နိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအဖြစ် ၂ဝ၁၆ ခုနှစ် မတ်လကတည်းက ခွင့်ပြုပေးခဲ့သည်ဟု ကော်မရှင်၏ အချက်အလက်များတွင် ဖော်ပြထားသည်။

ကုမ္ပဏီက ဇုန်မြေနေရာများကို စီးပွားရေးဇုန်၊ အုပ်ချုပ်မှုဇုန်၊ ဝန်ဆောင်မှုဇုန်၊ စက်မှုလုပ်ငန်းဇုန်၊ ထောက်ပံ့ပို့ဆောင်ရေးဇုန် စသည်ဖြင့် ခွဲခြားသတ်မှတ်ကာ အသီးသီးဖော်ဆောင်မည်ဖြစ်သည်ဟု လက်ကမ်းစာစောင်တွင် ဖော်ပြ ထားသည်။

စက်မှုဇုန်အပိုင်းတွင် နည်းပညာအခြေပြုစက်မှုလုပ်ငန်း၊ ကုန်စည်ထုတ် လုပ်မှု၊ အဝတ်အထည်လုပ်ငန်း၊ ဓာတုဗေဒ အခြေပြုစက်မှုလုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်း၊ စိုက်ပျိုးရေးအခြေပြုစက်မှုလုပ်ငန်း၊ စက်ကိရိယာ စက်မှုလုပ်ငန်းတို့ ပါဝင်မည်ဖြစ်သည်ဟု ၄င်းတို့၏ရှင်းလင်းဖော်ပြချက်တွင် ဆိုထားသည်။

''ကုမ္ပဏီဘက်က လယ်သမားဆီက မြေဝယ်ပြီးလုပ်တာ၊ မြေအမှုတွေမရှိ ဘူး''ဟု ဒဂုံမြို့သစ်အရှေ့ပိုင်း၏ တိုင်းလွှတ်တော်အမတ် ဦးကျော်ကျော်မောင် က ပြောသည်။

သို့သော် ''လက်ရှိဖော်ဆောင်နေတဲ့အပိုင်းက သိပ်တော့ အားရစရာ မကောင်းဘူး။ ငါးနှစ်စီမံကိန်းဆိုပြီး လုပ်တာ။ ၂ဝ၂ဝ ဆိုရင် ငါးနှစ်ပြည့်တော့မယ်။ အခု ၂ဝ၁၈ ရှိနေပြီလေ။ ရာခိုင်နှုန်းအားဖြင့် ၂ဝ ရာခိုင်နှုန်းပတ်ဝန်းကျင် လောက်ပဲရှိသေးတယ်''ဟု သူကဆက်ပြောသည်။

''စီမံကိန်းက လျင်လျင်မြန်မြန်နဲ့ ဖြစ်လာရင်တော့ ကောင်းတာပေါ့။ အခုက နှေးကွေးနေတယ်။ ဒါကို အလျင်အမြန်ဖော်မှရမယ်''ဟု သူကမှတ်ချက်ပေးသည်။

ထို့ပြင် တိုင်းလွှတ်တော်တွင် အဆိုပါစီမံကိန်းနှင့်ပတ်သက်၍ ဖော်ပြပါစီမံကိန်းအတိုင်း ဆောင်ရွက်ခြင်းရှိမရှိ၊ ပြန်လည်စိစစ်ရန်ရှိမရှိတို့ကို မေးမြန်းမည်ဟု ၄င်းကဆက်ပြောသည်။

JSDkA ကမူ မလစ်စက်မှုဥယျာဉ်နှင့်ပတ်သက်၍ အခြေခံအဆောက်အအုံလုပ်ငန်းများ ဆောင်ရွက်နေပြီး အများပြည်သူနှင့် တွေ့ဆုံခြင်း၊ ပတ်ဝန်းကျင် သက်ရောက်မှုများအပေါ် ဆန်းစစ်ခြင်းတို့ကို ဆောင်ရွက်နေသည်ဟု လက်ကမ်းစာစောင်တွင် ဖော်ပြထားသည်။

ဇရပ်ကွင်းစက်မှုဥယျာဉ်နှင့် မလစ်စက်မှုဥယျာဉ်တို့ကို မြို့တော်သစ်ဖွံ့ဖြိုးတိုးတက်ရေးအများပိုင်ကုမ္ပဏီ (New City Development Public Company – NCDP) က တာဝန်ယူ အကောင်အထည်ဖော်မည်ဟု လက်ကမ်းစာစောင်တွင် ဖော်ပြထားသည်။

ထို့ကြောင့် စီမံကိန်းအကြောင်းများနှင့် ပတ်သက်၍ NCDP သို့ မြန်မာတိုင်း(မ်)က သီးခြား ဆက်သွယ်မေးမြန်းခဲ့သော်လည်း တာဝန်ရှိသူက ဖြေကြားရန် ငြင်းဆန်ခဲ့သည်။

NCDP သည် Thilawa SEZ Holdings Public Limited တွင် ပါဝင်သော မြန်မာ အများပိုင်ကုမ္ပဏီအစုအဖွဲ့ ကိုးခုအနက်မှ တစ်ခုဖြစ်သည်။ ထို့ပြင် ကုမ္ပဏီသည် ကျောက်ဖြူ အထူးစီးပွားရေးဇုန် ဖော်ဆောင်မည့် မြန်မာကျောက်ဖြူ အထူးစီးပွားရေးဇုန် ဟိုးလ်ဒင်းလီမိတက်တွင် ပါဝင်သော အများပိုင်ကုမ္ပဏီ ၁၇ ခုထဲတွင်လည်း ပါဝင်သည်။

BCDP ၏ဥက္ကဠသည် ဦးခင်မောင်အေးဖြစ်ပြီး ၄င်းသည် စီဘီဘဏ်၏ ဥက္ကဠ၊ MIDA ၏ဥက္ကဠ၊ ကောင်းမြန်မာအောင်ကုမ္ပဏီအုပ်စု၏ ဥက္ကဠအဖြစ် တာဝန်များယူထားသူဖြစ်သည်။

Credit: The Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service