ရန်ကုန်လေဆိပ်မှ ဗိုလ်တထောင်ဘုရားသို့ မိနစ် ၂၀ မျှဖြင့် ရောက်ရှိနိုင်မည့်မိုးပျံလမ်းစီမံကိန်း ယခုနှစ်ကုန်တွင်စတင်မည် - Property News in Myanmar from iMyanmarHouse.com
20011 Views

ရန်ကုန်လေဆိပ်မှ ဗိုလ်တထောင်ဘုရားသို့ မိနစ် ၂၀ မျှဖြင့် ရောက်ရှိနိုင်မည့်မိုးပျံလမ်းစီမံကိန်း ယခုနှစ်ကုန်တွင်စတင်မည်

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဗိုလ်တထောင်ဘုရားသို့ မိနစ်၂၀ ဖြင့်ရောက်ရှိ နိုင်မည့်မိုးပျံလမ်းစီမံကိန်းကို ယခုနှစ်ကုန်တွင် စတင်တည်ဆောက်မည်ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ မေ ၂၉ ရက်က သိရသည်။

"ဒီစီမံကိန်းကို အခုအပိုင်းနှစ်ပိုင်းခွဲပြီး တည်ဆောက်ဖို့ အဆိုပြုလွှာခေါ်ထားတယ်၊အပိုင်းတစ်အနေနဲ့ ရန်ကုန်လေဆိပ်ကနေ ဗိုလ်တထောင်ဘုရားလမ်းအထိ အရင်ဖောက် သွားမယ်"ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန အင်ဂျင်နီယာမှူးကြီး (အမြန်လမ်းတည်ဆောက် ရေး) ဦးကြည်ဇော်မြင့်က မြန်မာတိုင်းမ်နေ့စဉ် သို့ ပြောဆိုသည်။

မိုးပျံလမ်းကို ပုဇွန်တောင်မြို့နယ်မှစတင်၍ ဝေဇယန္တာလမ်းဘေးမှ ယင်းလမ်းနှင့်အပြိုင် တည်ဆောက်မည်ဖြစ်ပြီး ထိုမှတစ်ဆင့် မြောက် ဥက္ကလာပအဝိုင်း၊ ခရေပင်လမ်းခွဲအတိုင်း အမှတ်(၃) လမ်းဆုံသို့ ဖောက်လုပ်မည်ဖြစ်သည်။

"ဒီစီကိန်းနဲ့ပတ်သက်ပြီး လုပ်ဆောင်နေ တာ သုံးလကျော်လောက်ရှိပြီ။ မြေပုံထုတ်၊ ဒီဇိုင်းဆွဲ၊ မြေပြင်စမ်းတယ်။ ကားကျပ်တည်းမှာနဲ့ ကားဝင်ရောက်နိုင်မှု၊ ယာဉ်အစီးရေဘယ်လောက် အထိ ဖြစ်တယ်ဆိုတာ တွက်ချက်နေတာပေါ့။ တွက်ချက်ပြီးချိန်ကျရင် ဆောက်ရမယ့်အသေး စိတ်ဒီဇိုင်းတွေပေါ်လာပြီလေ။ ဒီဇိုင်းအတိုင်း ရင်းနှီးမြှုပ်နှံမယ့်သူတွေကို ကျွန်တော်တို့ပြန် ခေါ်မယ်။ ခေါ်တဲ့အချိန်ကျရင် လမ်းအသုံး ပြုခ ဘယ်နှနှစ်ခံစားခွင့် ဒီဇိုင်းတွေပေါ်လာမှ ရင်းနှီးမြှုပ်နှံတဲ့သူက ဒီဇိုင်းတွေပေါ်မူတည်ပြီး တွက်ရမှာ။ ဘယ်လောက်အထိ ရင်နှီးမြှုပ်နှံ မလဲဆိုတာပေါ်လာမှာ။ အဆင်းအတက်နေရာ တွေမှာ ဘေးပတ်ဝန်းကျင်ထိခိုက် မှုမရှိအောင် ဒီဇိုင်းတွေထုတ်ရတာ၊ ထိခိုက်မှုမရှိအောင်လုပ် နေရတော့ နောက်ထပ်သုံးလလုပ်မှ ဒီဇိုင်းက ထွက်မှာ"ဟု ၎င်းက ဆက်လက်ရှင်းပြသည်။

မိုးပျံလမ်းသည် ၂၀ ဒသမ ၅ ကီလိုမီတာ ရှည်ပြီး လေးလမ်းသွားအဖြစ် တည်ဆောက် မည်ဖြစ်၍ စီမံကိန်းနှင့်ပတ်သက်၍ ဘဏ္ဍာရေး အကြံပေးအဖြစ်ဆောင်ရွက်ရန် အပြည်ပြည် ဆိုင်ရာ ငွေကြေးကော်ပိုရေးရှင်း (IFC) နှင့် သဘောတူစာချုပ်ချုပ်ဆိုပြီးဖြစ်ကြောင်း၊ ၂၀၃၅ ခုနှစ်တွင် ရန်ကုန်မြို့၌နေထိုင်သည့် လူဦးရေ ၁၀ သန်းခန့်ရှိလာမည်ဟု ခန့်မှန်းထားသော ကြောင့် တိုးပွားလာသည့် လူဦးရေနှင့်လက်ရှိ လမ်းပမာဏမျှတစေရန် ရည်ရွယ်၍ တည် ဆောက်ရခြင်းဖြစ်သည်။

အဆိုပါစီမံကိန်းကို ယခုနှစ်ကုန်ပိုင်းတွင် တည်ဆောက်ရန်လျာထားပြီး တင်ဒါများကို စက်တင်ဘာလ၌ခေါ်ယူနိုင်ရန် ဆောင်ရွက် သွားမည်ဖြစ်သည်။ အဆိုပါမိုးပျံတံတားသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဗဟို ပြုဆောက်လုပ်သွားမည်ဖြစ်ပြီး မိမိသွားရောက် နိုင်မည့် လမ်းပိုင်းနေရာများကို အတက်အဆင်း ပြုနိုင်ရန်ဆောင်ရွက်သွားမည်ဖြစ်သည်။

Credit: The Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service