အနာဂတ်အတွက် မြေယာဘဏ် လျာထားစီမံဖို့ အစိုးရကို တိုက်တွန်း - Property News in Myanmar from iMyanmarHouse.com
2998 Views

အနာဂတ်အတွက် မြေယာဘဏ် လျာထားစီမံဖို့ အစိုးရကို တိုက်တွန်း

မြန်မာနိုင်ငံမှာ သဘာဝ ဘေးအန္တရာယ် ကျရောက်တဲ့ အခါ လူတွေကို ရွှေ့ပြောင်း ပေးနိုင်မယ့် နေရာတွေကို အလျင်အမြန် သတ်မှတ်ဆောင်ရွက်ဖို့ အစိုးရကို တိုက်တွန်းတဲ့ အစီရင်ခံစာတ စောင်ကို စိမ်းလန်းအမိမြေ ဖွဲ့ဖြိုးတိုးတက်ရေး အသင်း က ထုတ်ပြန်လိုက်ပါတယ်။

ရာသီဥတု ဆိုးရွားမှု ၊ သဘာဝ ပတ်ဝန်းကျင် ထိခိုက် ပျက်စီး မှုတွေကြောင့် ဖြစ်ပေါ်လာမဲ့ အိုးအိမ် ၊ မြေယာမဲ့မှုတွေ အတွက် ပြန်လည် နေရာချထားရေး ဆိုင်ရာ နည်းလမ်းတွေကို စိမ်းလန်းအမိမြေ ဖွဲ့ဖြိုးတိုးတက်ရေး အသင်း (ရန်ကုန် အခြေစိုက် Ecodev အဖွဲ့ ) က အစိုးရကို တိုက်တွန်းထားပါတယ်။

ဆီအုန်းကုမ္ပဏီ သစ်ခုတ်ရောင်းနေ
ထန်းတောလိုက်ပုတ်ပြတ်ဝယ်ယူတာတွေကြောင့် ထန်းပင်တွေပြုန်းလာ
မြေလွတ် ၊ မြေရိုင်း နဲ့ အသုံးမပြုဘဲ ထားတဲ့ မြေယာတွေကို ရာသီဥတုကြောင့် အိုးအိမ်မြေယာမဲ့ သွားသူတွေ အတွက် Myanmar National Climate Land Bank လို့ခေါ်တဲ့ အမျိုးသား မြေယာဘဏ်တွေ လျာထား စီမံဖို့ အဆိုပြု ထားတာ ဖြစ်ပါတယ်။

လတ်တလော လေ့လာချက် အရ ဧရာဝတီတိုင်း ဘိုကလေးမြို့နယ် ကဒုံကနိက ရွာနှစ်ရွာနဲ့ မွန်ပြည်နယ် ပေါင်မြို့နယ်မှာ ရှိတဲ့ မုတ္တမကွေ့နားက ရွာတရွာမှာ တွေ့ရှိချက်တွေကို အခြေခံပြီး အခုလို တိုက်တွန်း ထားတာ ဖြစ်တယ်လို့ Ecodev အဖွဲ့ရဲ့ စီမံကိန်း အရာရှိ ကိုနေမင်းမောင် က ပြောပါတယ်။

ပေါင်မြို့နယ်မှာ ဆိုရင် နှစ်နှစ်ဆယ် အတွင်း မြေတစ်မိုင်လောက် ဆုံးရှုံးခဲ့ရပြီး အဲဒီလို ဖြစ်ပွားမှုတွေကလည်း မိုးတွင်းမှာ ပိုအဖြစ်များတယ်လို့ သူက ဆိုပါတယ်။

ပင်လယ်ထဲမှာ ရှိတဲ့ ရွာနှစ်ရွာ ဆိုရင် လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်နဲ့ ယှဉ်ရင် အတွင်းပိုင်း ရွေ့သွားလာတာကြောင့် အဲဒီ အရပ်က ဒေသခံတွေဟာ ရန်ကုန် နဲ့ ပေါင်မြို့ပေါ်တွေမှာ နေထိုင်ရေး စီစဉ်နေကြရတယ်လို့ သူက ပြောပါတယ်။

ကျောက်တော်မှာ မြစ်ကမ်းပါးပြို ရာသီဥတု ပြောင်းတဲ့ဒဏ် မြန်မာပြည်ထဲမှာလည်း ခံနေရအခုလို ကမ်းပြို ၊ ရေတိုက်စားမှုတွေကြောင့် အိုးအိမ်မြေယာ မဲ့သွားသူတွေ အတွက် ယာယီ ခိုလှုံရာ နေရာထိုင်ခင်း တွေလည်း မရှိ ဖြစ်နေတဲ့ အတွက် သစ်တောပြုန်းတီးပြီး ကွက်လပ် ဖြစ်နေတဲ့ နေရာမျိုးတွေမှာ သူတို့အတွက် စီစဉ်ပေးရင် အဆင်ပြေမယ်လို့ ထင်ကြောင်း ကိုနေမင်းမောင် က ပြောပါတယ်။

ဒီလို ကိစ္စမျိုးတွေ အတွက် အစိုးရက ရေရှည် စဉ်းစားထားတာလည်း မရှိ ၊ ရေတက်လာရင် တာဆောက်ဖို့သာ စီစဉ်ထားပြီး အရှည်သဖြင့် ဒီလိုမျိုး ရေတက်လာမှုတွေကြောင့် နောင် ၁၅ နှစ်မှာ ဘယ်လိုတွေ ဖြစ်လာနိုင်မလဲ တွက်ချက်ကာ မြေယာဘဏ် ဘယ်နှစ်ဧက ထားရှိရမယ် စသဖြင့် စီစဉ်ထားသင့်တယ်လို့ သူက အကြံပြုထားပါတယ်။

သူတို့ အနေနဲ့တော့ သက်ဆိုင်ရာ အစိုးရ ဌာနတွေနဲ့ တွေ့ဆုံပြီး ဒီလို မြေယာဘဏ် တည်ထောင်မယ့် အစီအစဉ်တွေ လုပ်မယ့် အပြင် ဒါနဲ့ ပတ်သက်လို့ ဥပဒေ ပြုရေးကိုလည်း မြေယာ ၊ သစ်တော စတဲ့ ဌာနတွေနဲ့ ပူးပေါင်း အကောင်အထည် ဖော်သွားမှာ ဖြစ်တယ်လို့ Ecodev အဖွဲ့ရဲ့ စီမံကိန်း အရာရှိက ပြောပါတယ်။

Credit: BBC

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service