ရေကူးကန်ကြမ်းပြင်တွင် ကမ္ဘာကျော်ပန်းချီဆရာကြီး ပီကာဆို၏ လက်ရာပါဝင်သည့် စပိန်ပင်လယ်ကမ်းခြေနေအိမ်ကို လေလံတင်ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
3183 Views

ရေကူးကန်ကြမ်းပြင်တွင် ကမ္ဘာကျော်ပန်းချီဆရာကြီး ပီကာဆို၏ လက်ရာပါဝင်သည့် စပိန်ပင်လယ်ကမ်းခြေနေအိမ်ကို လေလံတင်ရောင်းချမည်

ရေကူးကန်ကြမ်းပြင်တွင် ကမ္ဘာကျော်ပန်းချီဆရာကြီး ပီကာဆို၏ လက်ရာပါဝင်သည့် နေအိမ်ကို လေလံတင်ရောင်းချရန် စီစဉ်လာသည်။

နေအိမ်တည်ရှိသည့်နေရာမှာ စပိန်နိုင်ငံတောင်ပိုင်း၊ ပင်လယ်ကမ်းခြေတွင် တည်ရှိပြီး ၁၉၆၁ ခုနှစ်အတွင်း ပီကာဆိုရေးဆွဲပေးခဲ့သည့် လက်ရာပါဝင်ကာ နောက်ဆုံးအရောင်းဈေးကွက်တင်ခဲ့သည့် ခေါ်ဈေးမှာ ယူရို ၁၅ သန်း (ကန်ဒေါ်လာ ၁၇ ဒသမ ၅၂ သန်း) ဖြစ်သည်။

ယခုလေလံတင်မည့် ကြမ်းခင်းဈေးကိုမူ မသိရချေ။

စပိန်နိုင်ငံတောင်ပိုင်း၊ မာလာဂါပြည်နယ်၊ မာဘယ်လာမြို့တွင် ပီကာဆိုက သူ၏မိတ်ဆွေ၊ အကပညာရှင်တစ်ဦးဖြစ်သူ အန်တိုနီယို အယ်လ် ဘိုင်လာရင် ရူအစ်ဇ် ဆိုလာအွက် နေအိမ်တစ်လုံး ဆောက်လုပ်ခဲ့ပြီး ရေကူးကန်ကြမ်းပြင်တွင် ပန်းချီရေးဆွဲကာ သူ၏လက်မှတ်ရေးထိုးပေးထားခဲ့သည်။

လာမည့် အင်္ဂါနေ့တွင် လေလံတင်ရောင်းချမည်ဖြစ်ကြောင်း အရောင်းအဝယ်ကိုင်တွယ်ထားသည့် Concierge Auctions က ထုတ်ပြန်ထားသည်။

ပီကာဆိုရေးဆွဲခဲ့သည့် ပန်းချီမှာ ပုံတူပန်းချီပုံကြမ်းတစ်ခုဖြစ်ပြီး သူ့မိတ်ဆွေ၏ ပုံတူဖြစ်နိုင်ကြောင်း ခန့်မှန်းကြသည်။

ပန်းချီကားပေါ်တွင် ပါရာ အန်တိုနီယိုဟု ပန်းချီကားအမည်ကို လက်ရေးသော့ဖြင့် ရေးကာ ၁၉၆၁ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်ဟု ရက်စွဲရေးထားထားသည်ကိုလည်း တွေ့ရသည်။

ပီကာဆို၏ minimalist လက်ရာမှာ နေအိမ်ကြီး၏ ခမ်းနားထည်ဝါသော ရီနေးဆင်း ရီဗိုက်ဗယ်လ် ဗိသုကာဟန်နှင့်မူ ဆန့်ကျင်နေသည်။

နေအိမ်ကို ၁၉၆၀ ပြည့်လွန်ကာလများတွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ပင်မနေအိမ်တွင် အိပ်ခန်း ၆ ခန်းပါဝင်ကာ ပေါ်လစ်တင်ထားသည့် ကျောက်တုံးကြမ်းခင်းများ၊ စကျင်ကျောက်မီးလင်းဖိုများနှင့် ညစာစားခန်းတစ်ခုအပါအဝင် ဂရိခေတ်ဟန် မွမ်းမံထားသည့်လက်ရာများ ပါဝင်သည်။

ဧည့်ဂေဟာအိမ် ၂ လုံး ပါဝင်ပြီး အိပ်ခန်း ၃ ခန်းပါသည်။

မြေထဲပင်လယ်နှင့် ထိစပ်လျက်ရှိပြီး စပိန်တောင်ပိုင်း ကမ်းရိုးတန်းဒေသတွင် နာမည်အကျော်ဆုံး အိမ်ခြံမြေဈေးကွက်ဒေသဖြစ်သည့် Costa del Sol အရပ်တွင် တည်ရှကြောင်း Concierge Auctions မှ ဥရောပဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ချာလီစမစ်က ပြောကြားသည်။

“လူကြိုက်များတဲ့ စပိန်တောင်ပိုင်းလို နေရာမျိုးမှာ ကမ်းခြေနေအိမ်ရဖို့က အတော်ရှားသွားပါပြီ” ဟု မစ္စတာစမစ်က ဆိုသည်။

Costa del Sol သည် လူနေပြီးနေအိမ်ဟောင်း ဈေးကွက်တစ်ခုဖြစ်ပြီး လွန်ခဲ့သော ၂၀၁၇ ခုနှစ်အတွင်း စပိန် အိမ်ခြံမြေဈေးနှုန်းများ မြင့်တက်လာရခြင်းမှာ Costa del Sol ၏ ခရီးသွားလုပ်ငန်းနှင့်လည်း ဆက်နွှယ်နေသည်။

“ဒီအိမ်ကို ဝယ်တဲ့ဝယ်လက်ဟာ ဒေသတွင်းမှာ ဂုဏ်ရှိန်အရှိဆုံးအိမ်တွေထဲက တစ်လုံးကို ဝယ်ယူတာဖြစ်ရုံမကပဲ ကမ္ဘာကျော်တစ်ဦးရဲ့ အနုပညာလက်ရာကို ဝယ်ယူလိုက်တာလည်း ဖြစ်ပါတယ်” ဟု မစ္စတာစမစ်က ဆက်လက်ပြောကြားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ရေကူးကန်ကြမ်းပြင်တွင် ကမ္ဘာကျော်ပန်းချီဆရာကြီး ပီကာဆို၏ လက်ရာပါဝင်သည့် စပိန်ပင်လယ်ကမ်းခြေနေအိမ်ကို လေလံတင်ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
ရေကူးကန်ကြမ်းပြင်တွင် ကမ္ဘာကျော်ပန်းချီဆရာကြီး ပီကာဆို၏ လက်ရာပါဝင်သည့် စပိန်ပင်လယ်ကမ်းခြေနေအိမ်ကို လေလံတင်ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
ရေကူးကန်ကြမ်းပြင်တွင် ကမ္ဘာကျော်ပန်းချီဆရာကြီး ပီကာဆို၏ လက်ရာပါဝင်သည့် စပိန်ပင်လယ်ကမ်းခြေနေအိမ်ကို လေလံတင်ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
ရေကူးကန်ကြမ်းပြင်တွင် ကမ္ဘာကျော်ပန်းချီဆရာကြီး ပီကာဆို၏ လက်ရာပါဝင်သည့် စပိန်ပင်လယ်ကမ်းခြေနေအိမ်ကို လေလံတင်ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
ရေကူးကန်ကြမ်းပြင်တွင် ကမ္ဘာကျော်ပန်းချီဆရာကြီး ပီကာဆို၏ လက်ရာပါဝင်သည့် စပိန်ပင်လယ်ကမ်းခြေနေအိမ်ကို လေလံတင်ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
ရေကူးကန်ကြမ်းပြင်တွင် ကမ္ဘာကျော်ပန်းချီဆရာကြီး ပီကာဆို၏ လက်ရာပါဝင်သည့် စပိန်ပင်လယ်ကမ်းခြေနေအိမ်ကို လေလံတင်ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
ရေကူးကန်ကြမ်းပြင်တွင် ကမ္ဘာကျော်ပန်းချီဆရာကြီး ပီကာဆို၏ လက်ရာပါဝင်သည့် စပိန်ပင်လယ်ကမ်းခြေနေအိမ်ကို လေလံတင်ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
ရေကူးကန်ကြမ်းပြင်တွင် ကမ္ဘာကျော်ပန်းချီဆရာကြီး ပီကာဆို၏ လက်ရာပါဝင်သည့် စပိန်ပင်လယ်ကမ်းခြေနေအိမ်ကို လေလံတင်ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင

ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..

မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး

သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

INNO CITY
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service