ရန်ကုန်မြို့သည် နောင်တစ်ချိန်တွင် အကောင်းဆုံး နိုင်ငံ ၁ဝ နိုင်ငံ ၏ မြို့ တစ်ခုအဖြစ် ပါဝင်နိုင်မည်ဟု မျှော်လင့်ထား - Property News in Myanmar from iMyanmarHouse.com
4613 Views

ရန်ကုန်မြို့သည် နောင်တစ်ချိန်တွင် အကောင်းဆုံး နိုင်ငံ ၁ဝ နိုင်ငံ ၏ မြို့ တစ်ခုအဖြစ် ပါဝင်နိုင်မည်ဟု မျှော်လင့်ထား

လက်ရှိ ရန်ကုန်မြို့ကြီးအား ပြိုင်ဆိုင်ရန် ရန်ကုန်မြို့သစ်တည်ဆောက်ခြင်းမဟုတ်ပဲ အများပြည်သူအတွက် တန်ဖိုးသင့်အိမ်ရာများဆောက်လုပ်ရန် အာရုံစိုက်သွားမည်ဟု NYDC ၏ CEO မှ ပြောကြားကြောင်းသိရသည်။

ရန်ကုန်မြို့သစ်ကိုတည်ဆောက်ရာတွင် ကွန်ဒိုမီနီယံများ၊ဟိုတယ်ကြီးများ၊ကုန်တိုက်ကြီးများ ပိုမိုဆောက်လုပ်ပြီး ရန်ကုန်မြို့ကြီးကို ပြိုင်ဆိုင်ရန် ရည်ရွယ်ခြင်းမဟုတ်ကြောင်းသိရသည်။

ထိုအဆောက်အအုံများသည် ရန်ကုန်မြို့တွင်းတွင် တင် လုံလုံလောက်လောက်ဆောက်လုပ်ထားရှိပြီး လိုအပ်တာထက် တောင်ပိုလျှံနေပြီဖြစ်၍ ထပ်မံ ဖြည့်စွက်ပေးရန် လတ်တလောတွင် အစီအစဉ်မရှိသေးကြောင်း သိရသည်။

ယခု အာရုံစိုက်ရမည်က ကိုယ်ပိုင်အိမ်မရှိဘဲ အများပြည်သူ များအတွက် ၎င်းတို့တတ်နိုင်မည့် တန်ဖိုးသင့် အိမ်ရာများဆောက်လုပ်ဖြည့်ဆည်းရေးရမည်ဖြစ်ပြီး ဝင်ငွေရရှိနိုင်မည့်အလုပ်အကိုင်အခွင့်အလမ်း
အသစ်များကို ဖန်တီးပေးမည်ဖြစ်သည်။

ရန်ကုန်မြို့သစ်အကောင်အထည်ပေါ်လာပြီး လိုအပ်ချက်များ များပြားလာသည်နှင့်အမျှ အဆင့်မြင့်ကုန်တိုက်ကြီးများ၊ကွန်ဒိုများ တဖြည်းဖြည်း ပေါ်ပေါက်လာမည်ဖြစ်ပြီး ရန်ကုန်မြို့သစ်၏အောင်မြင်မှုမှာစက်မှုကဏ္ဍ နှင့် ကုန်ထုတ်လုပ်မှု ကဏ္ဍများတွင် အများကြီးမူတည်နေပြီး အဆိုပါ ကဏ္ဍများ၏ အောင်မြင်မှုမှာလည်း စီးပွားရေးလုပ်ငန်းများ ရေရှည်တည်တံ့နိုင်မည့် မူဝါဒ များ ရှိရန်လိုအပ်မည်ဖြစ်သည်။

ကမ္ဘာပေါ်တွင်ရှိသော နိုင်ငံပေါင်း ၁၄ဝ ၏ မြို့ပြ လူနေမှုစနစ်မြင့်မားမှုကို တိုင်းတာစာရင်းပြုစုထားသော ကမ္ဘာပေါ်တွင် နေလို့အဆင်ပြေ အကောင်းမွန်ဆုံးနိုင်ငံ များဆိုသည့် အဆင့်သတ်မှတ်ချက်အားThe Economist Intelligence Unit အဖွဲ့မှ နှစ်စဉ်ထုတ်ပြန်သည်။

ထိုမြို့များအား တည်ငြိမ်မှု၊ကျန်းမာရေး၊ယဉ်ကျေးမှု နှင့် ပတ်ဝန်းကျင်အနေအထား၊ပညာရေး၊အခြေခံ အဆောက်အအုံ အစရှိသော အချက်ငါးချက်ပေါ်မူတည်ပြီး အမှတ်ပေး အဆင့်ခွဲခြားသတ်မှတ်ထားသည်။

ရန်ကုန်မြို့သည် နောင်တစ်ချိန်တွင် ထိုစာရင်း၏ အကောင်းဆုံး နိုင်ငံ ၁ဝ နိုင်ငံ တွင် ပါဝင်နိုင်မည်ဟု မျှော်လင့်ချက်ပင်ဖြစ်ကြောင်းသိရသည်။

လက်ရှိ ရန်ကုန်မြို့တွင် လူဦးရေ ခုနှစ်သန်းကျော် မှီတင်းနေထိုင်ကြပြီး ရန်ကုန်မြို့တော်၏ GDP မှာ တစ်နိုင်ငံလုံး GDP ၏၂၆ ရာခိုင်နှုန်းကို ကိုယ်စားပြုပြီး ငွေပမာဏ အား ဖြင့်ငွေကျပ် ၁၉ ဒသမ ၃ ထရီလျံ ထုတ်လုပ်ပေးနိုင်သဖြင့် စီးပွားရေး၏ အသက်သွေးကြောတစ်ခုအဖြစ် တည်ရှိနေသည်။

Credit :Daily Eleven

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Magical World
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service