မြောက်ကိုရီးယား နယ်စပ်ဒေသများတွင် တရုတ်နှင့် တောင်ကိုရီးယားတို့ အိမ်ခြံမြေဝယ်ယူမှုများ တဟုန်ထိုးမြင့်တက် - Property News in Myanmar from iMyanmarHouse.com
3503 Views

မြောက်ကိုရီးယား နယ်စပ်ဒေသများတွင် တရုတ်နှင့် တောင်ကိုရီးယားတို့ အိမ်ခြံမြေဝယ်ယူမှုများ တဟုန်ထိုးမြင့်တက်

မြောက်ကိုရီးယား နယ်စပ်ဒေသများတွင် တရုတ်နှင့် တောင်ကိုရီးယားတို့ အိမ်ခြံမြေဝယ်ယူမှုများ တဟုန်ထိုးမြင့်တက်လာလျက်ရှိနေသည်။

အထူးသဖြင့် အိမ်နီးချင်းဖြစ်သည့် တရုတ်အိမ်ခြံမြေရင်းနှီးမြှုပ်နှံသူများအတွက် စောစောအိပ်ယာထသည့်ငှက် အစာရသည် early birds that get the worm ဟူသည့် စကားပုံကို ကြုံကြိုက်နေရခြင်းလည်း ဖြစ်သည်။

ကမ္ဘာ့နိုင်ငံကြီးများနှင့် သမိုင်းတစ်လျှောက်တင်းမာခဲ့မှုများကို သံတမန်ရေးကြိုးပမ်းမှုများဖြင့် ပြန်လည်နွေးထွေးလာခဲ့ပြီးနောက်ပိုင်း မြောက်ကိုရီးယားနှင့် ထိစပ်လျက်ရှိသော တရုတ်နိုင်ငံမှ တန်ဒေါင်းမြို့တွင် အိမ်ခြံမြေဈေးနှုန်းများ တဟုန်ထိုးမြင့်တက်လာလျက်ရှိနေသည်။

တန်ဒေါင်း၏ အိမ်ခြံမြေဈေးနှုန်းများမှာ ၂ ရာခိုင်နှုန်းအထိ မြင့်တက်လာလျက်ရှိရာ တရုတ်ပြည်အတွင်း ထိပ်တန်း မြို့ကြီး ၇၀ နှင့် နှိုင်းယှဉ်လျှင် အကြီးမားဆုံးမြင့်တက်မှုဖြစ်ကြောင်း တရုတ်အမျိုးသားစာရင်းအင်းဗျူရိုက မေလ ၁၆ ရက်တွင် ထုတ်ပြန်ခဲ့သည့် အချက်အလက်များတွင် ဖော်ပြသည်။

ပြီးခဲ့သောလအတွင်း တန်ဒေါင်းတွင် ကြမ်းခင်းဧရိယာစုစုပေါင်း ၂၉၀၀၀၀ စတုရန်းမီတာ ရောင်းချခဲ့ရရာ ယခင်နှစ်နှင့် နှိုင်းယှဉ်လျှင် နှစ်ဆနီးပါးမြင့်တက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ယခုရက်သတ္တပတ်အတွင်း တန်ဒေါင်းရှိ အာဏာပိုင်တို့က အိမ်ခြံမြေအရောင်းအဝယ်ကဏ္ဍနှင့် စပ်လျဉ်း၍ စည်းမျဉ်းသစ်များ ထုတ်ပြန်ခဲ့သည်။

တန်ဒေါင်း အာဏာပိုင်တို့ သတင်းထုတ်ပြန်ခဲ့ပုံအား တရုတ်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုက ဖော်ပြခဲ့ပုံကို https://bit.ly/2s8ro3Z အင်တာနက်လင့်ခ်တွင် ကြည့်ရှုနိုင်ပါသည်။

အဆိုပါစည်းမျဉ်းအရ လက်ငင်းပေးချေရမည့်ငွေပမာဏမှာ ယခင်ကထက်မြင့်တက်သွားပြီး ဝယ်ယူပြီးနေအိမ်များကို ပြန်လည်ရောင်းချမှုအပေါ်တွင်လည်း ကန့်သတ်ချက်များ ချမှတ်လာခဲ့သည့်အပြင် အခြားအချက်အလက်များစွာလည်း တင်းကျပ်ထားသည်။

ယင်းသို့တင်းကျပ်ရခြင်း၏ အကြောင်းရင်းမှာ ဒေသတွင်း အိမ်ခြံမြေဈေးကွက် အေးနေစေရန် ဖြစ်သည်ဟု ဆိုသည်။

“အိမ်တွေဟာ နေဖို့ပါ။ အကျိုးအမြတ် မျှော်ကိုးတွက်ချက်နေဖို့မဟုတ်ပါဘူး” ဟု တန်ဒေါင်းမြို့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။

အဆိုပါစကားမှာ တရုတ်သမ္မတ ရှီကျင့်ဖျင် ပြောကြားခဲ့ဖူးသည့် စကားလည်း ဖြစ်သည်။

တောင်ကိုရီးယား ရင်းနှီးမြှုပ်နှံသူတို့သည်လည်း နယ်စပ်အနီးရှိ စစ်ကင်းမဲ့ဇုန်အနီးတွင် အိမ်ခြံမြေများ အလုံးအရင်း ဝယ်ယူလာကြလျက်ရှိနေသည်။

စစ်ကင်းမဲ့ဇုန်၏ တောင်ဘက်တွင် ကပ်လျက်တည်ရှိသော ပါဂျူးအမည်ရှိ မြို့ကလေးတွင် တစ်လတာအတွင်း အိမ်ခြံမြေအရောင်းအဝယ် ၄၆၀၀ ခန့် ဖြစ်ပေါ်ခဲ့ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင်လည်း ဖော်ပြထားသည်။

သို့ရာတွင် အမေရိကန်နှင့် တောင်ကိုရီးယားတို့ ပြုလုပ်ခဲ့သော ပူးတွဲစစ်ရေးလေ့ကျင့်မှုအပေါ် မကျေနပ်သောကြောင့် တောင်ကိုရီးယားနှင့် ထိပ်တန်းအဆင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားမှုတစ်ခုကို နောက်ဆုံးအချိန်ရောက်မှ မြောက်ကိုရီးယားဘက်မှ ယခုရက်သတ္တပတ်အတွင်း ဖျက်သိမ်းခဲ့သည်။

ယင်းဖြစ်ရပ်မှာ လာမည့်ဇွန်လ ၁၂ ရက်တွင် ကျင်းပရန် စီစဉ်ထားသော အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့၏ ထိပ်သီးဆွေးနွေးပွဲ ပျက်ပြားဖွယ်ရှိသည်ဟုပင် ခန့်မှန်းနေကြရာ ဝယ်လက်တို့ သတိထားရမည့်အချက်လည်း ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။ )
မြောက်ကိုရီးယား နယ်စပ်ဒေသများတွင် တရုတ်နှင့် တောင်ကိုရီးယားတို့ အိမ်ခြံမြေဝယ်ယူမှုများ တဟုန်ထိုးမြင့်တက် - Property News in Myanmar from iMyanmarHouse.com
မြောက်ကိုရီးယား နယ်စပ်ဒေသများတွင် တရုတ်နှင့် တောင်ကိုရီးယားတို့ အိမ်ခြံမြေဝယ်ယူမှုများ တဟုန်ထိုးမြင့်တက် - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Magical World
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service